* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, July 17, 2010

အပြင်းစား....အော်ချက်


"Thank You" ခင်ဗျားကမ္ဘာနဲ့ချီပြီး
သံယောင်မလိုက်နဲ့ အဲဒီစကားလုံးတွေ
ကျနော့်အတွက်အဓိပ္ပာယ်မဲ့သွားခဲ့တာကြာပြီ။
"အချစ်" ခင်ဗျားမျက်နှာဖုံးတွေတပ်လို့
စွတ်စွတ်မပြောနဲ့ အဲဒီစကားလုံးတွေ
ကျနော့်အတွက်လူရာမ၀င်ခဲ့တာကြာခဲ့ပြီ။
"သတိရခြင်းလား" ခင်ဗျားလျှာအရိုးမရှိတိုင်း
ခပ်ဖွဖွမပြောနဲ့ အဲဒီစကားလုံးတွေ
ကျနော်ထွေးထုတ်ခဲ့တာကြာခဲ့ပြီ။
"လွမ်းမိသတဲ့လား" ခင်ဗျားဟန်ဆောင်အပြုံးနဲ့
မကျီစယ်ချင်နဲ့ အဲဒီစကားလုံးတွေ
ကျနော်အန်ထုတ်ခဲ့တာကြာခဲ့ပြီ။
"မျှော်လင့်ခြင်း" ခင်ဗျားရင်ဘတ်ကို
နွားဖားကြိုးမထိုးချင်နဲ့ အဲဒီစကားလုံးတွေ
ကျနော့်အတွက်ရင်ဘတ်ပေါက်နဲ့မျိုချနေခဲ့ရတာကြာခဲ့ပြီ။
"သစ္စာတရား" ခင်ဗျားမွဲပြာပုဆိုးကို
အရောင်မတင်ချင်နဲ့ အဲဒီစကားလုံးတွေ
ကျနော့်အတွက်အရောင်မဲ့ခဲ့တာကြာခဲ့ပြီ။
"မေတ္တာတရား" ခင်ဗျားအပူရုပ်ကို
ဟန်မလုပ်နဲ့ အဲဒီစကားလုံးတွေ
ကျနော့်ရပ်ဝန်းထဲမိုးခေါင်သွားခဲ့တာကြာခဲ့ပြီ။
ခိုင်နုငယ် ၁၄.၇.၂၀၁၀

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP