* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, July 17, 2010

သိကြားမင်းကြီးလည်း မေ့

ကုသိုလ်ပြုရမှာ မေ့နေကြ

များသောအားဖြင့် လူတွေဟာ စားဝတ်နေရေး၊လူမှုရေးတွေကြောင့် ကုသိုလ်ပြုရမှာကို မေ့နေကြပါတယ်။ သားရေး၊ သမီးရေး၊ စီးပွားရေးတွေနဲ့ တစ်နေ့ တစ်နေ့ လုံးချာလိုက်ပြီး မေ့နေကြတယ်။

သံသရာရေး ကုသိုလ်ရေး...တွေကို မေ့နေကြတဲ့အကြောင်းလေး ဥပမာ ပုံဆောင်ကြည့်ရအောင်...Justify Full

တစ်နေ့နေလို့ တစ်ခါ ဘုရားရှိခိုးဖို့တောင် အနိုင်နိုင်၊ တစ်နေ့နေလို့ တစ်ခါ တရားမှတ်ဖို့တောင် အနိုင်နိုင်၊ ဘုရားမေ့၊ တရားမေ့ ဖြစ်နေကြပုံများ..။ လက်ရှိဘ၀အရေးကိုသာ တွေးနေကြတာမို့ သံသရာရေး ကုသိုလ်ရေးကို နောက်ထားပြီး မေ့ထားကြပါတယ်။

စီးပွားဥစ္စာ အဆင်ပြေတဲ့သူတွေကလည်း ချမ်းသာသောကြောင့်မေ့၊ အဆင်မပြေသူတွေကလည်း ရှာနေဖွေနေ ရုန်းနေကြရလို့မေ့...သတိ မရကြပါဘူး။သိကြားမင်းကြီးလည်း မေ့ခဲ့တယ်တဲ့...

သိကြားမင်းကြီးလည်း မေ့

တစ်ခါတုန်း ဗုဒ္ဓမြတ်စွာ သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့အချိန်...တာဝတိံသာက သိကြားမင်းကြီး ရေကြီးသုတ်ပျာနဲ့ ရောက်လာပြီး မြတ်စွာဘုရားကို မေးလျှောက်ပါတယ်။ ဆင်းရဲကင်းဝေး၊ ချမ်းသာရေး တရားတွေပေါ့။

မြတ်စွာဘုရားက အကျိုးအကြောင်းနဲ့ ကျကျနန ရှင်းပြ ဟောပြတာကို နာယူပြီး သဘောပေါက်ပါပြီ ဘုရား၊ ကောင်းလှပါတယ် ဆိုပြီး ပြန်သွားပါတယ်။ အရှင်မဟာမောဂ္ဂလာန်က သိကြားမင်းကြီးတော့ မမေ့မလျော့ တရားတွေ ကျင့်နေတော့မှာပဲလို့ စဉ်းစားပြီး အခြေအနေသိရအောင် တာဝတိံသာကိုလိုက်သွားတယ်။

သိကြားမင်းက ဟိုမှာ သူ့အလုပ်နဲ့သူ ရှုပ်နေပြီး အရှင်မောဂ္ဂလာန်က မြတ်စွာဘုရားထံက ဘယ်တရားတွေများ နာခဲ့ပါသလဲလို့မေးတော့ မဖြေနိုင်ပါဘူး။ အရှင်ဘုရား တပည့်တော် မေ့သွားပါပြီ ဘုရားတဲ့။ သိကြားမင်းလည်း တရားမေ့တယ်နော်။


မေ့လျော့နေက အပါယ်ကျ ဒုက္ခဆင်းရဲမည်။

မေ့မေ့လျော့လျော ပေါ့ပေါ့ဆဆနေသူတွေရဲ့ အမြဲတမ်းနေရမယ့် အိမ်ရာဟာ အပါယ်လေးဘုံပါ။ မေ့လျော့သူတွေရဲ့ အိမ်ဂေဟာသည် အပါယ်လေးဘုံပါပဲ။

ဗုဒ္ဓတရားတော်က ကိုယ့်အားကိုယ်ကိုး တရားဝါဒပါ၊ မြတ်စွာဘုရား ကိုယ်တော်တိုင်က ငါဘုရားက ဟောပြရုံတင် ဟောပြနိုင်တယ်။ လိုက်နာကျင့်ကြံဖို့က သင်တို့တာဝန် လို့ အတိအလင်းဟောထားပြီးသားပါ။ အပါယ်ဘေး ဒုက္ခတွေကိုလည်း မြတ်စွာဘုရားက လွတ်စေလို့ မပြဋ္ဌာန်းနိုင်သလို ကျစေ လို့လည်း အမိန့်မချနိုင်ပါဘူး။

ကိုယ့်တာဝန်ကိုယ်ယူရမှာမို့ အပါယ်ဘေးက လွတ်ရာလွတ်ကြောင်းနည်းလမ်းကောင်းတွေလည်း သိရှိပြီးဖြစ်ရာ မေ့လျော့ပေါ့ဆ မနေပဲ လိုက်နာကျင့်ကြံကြဖို့ နှိုးဆောင်တိုက်တွန်းလိုက်ရပါတယ်။


ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP