* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, July 17, 2010

သာသနာရောင်ခြည် (၁၁)ကြိမ်မြောက်အလှူတော်

-၁၃၇၂ ခုနှစ် ဝါဆိုလပြည့်ကျော် ၈ ရက် -တနင်္ဂနွေနေ့

-4 July 2010 Sunday
သာသနာ့ရောင်ခြည်(စင်္ကာပူ) ၏ ၁၁ ကြိမ်မြောက် အလှူတော်ကို စင်္ကာပူ နိုင်ငံ Clementi Temple (ဇယမင်္ဂလဗုဒ္ဓဝိဟာရ)ကျောင်းတော်တွင် အဖွဲ့ဝင်များ၊ ဓမ္မမိတ်ဆွေများဖြင့် ကျင်းပခဲ့ပါတယ်။ မြတ်စွာဘုရားအမှူးရှိသော သံဃာတော်များအား နေ့ဆွမ်း၊ အချိုပွဲများဖြင့် ကပ်လှူခဲ့ပါတယ်။ ကြွရောက်လာသော ဓမ္မမိတ်ဆွေများကိုလည်း သာသနာ့ရောင်ခြည် အဖွဲ့ဝင် ကိုမျိုးခိုင်+မခိုင်ဇင်သက် (သမီး) မခိုင်အိသွင် တို့မှ ကြက်သားဒံပေါက်ဖြင့် ကျွေးမွေးဧည့်ခံ ခဲ့ပါတယ်။ ထို့နောက် ဆရာတော် ဒေါက်တာ အရှင်ဝိစိတ္တ ထံမှ တရားတော်များနာကြားကာ ရေစက်ချ အမျှဝေခဲ့ကြပါတယ်။
"စိတ်ဆန်းကြယ်လို့ ၊ ကံဆန်းကြယ်တယ်၊
ကံဆန်းကြယ်လို့၊ အကျိုးပေး ဆန်းကြယ်တယ်"
ဆရာတော်မှ သနားသဖြင့်ချီးမြှင့်သော တရားဆောင်ပုဒ်ဖြစ်ပါတယ်။
သာသနာ့ရောင်ခြည်အဖွဲ့ဟာ ခုဆိုရင် တစ်နှစ်တင်းတင်း ပြည့်ကာနီးပါပြီ၊ လာမယ့် အကြိမ် ဟာဆိုရင် ၁၂ ကြိမ်မြောက် ဖြစ်ပါတယ်။ သာသနာတည်သရွေ့ သာသနာ့ရောင်ခြည်အဖွဲ့ တည်တံ့အောင် ကြိုးစားကြမယ် လို့ အဓိဌာန်ပြုရင်း ညီညီညာညာ ဆက်ချီကာ သာသနာ့ဝန်ကို ဆထက်ထမ်းပိုး ရွက်ဆောင်ကြပါစို့။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP