* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, July 17, 2010

မလေးရှားရောက် မြန်မာများပြဿနာ

မလေးရှားရောက် မြန်မာများ ကြုံတွေ့နေရသော ပြဿနာများ၌ သက်ဆိုင်ရာအေးဂျင့်များ၏
တာဝန်ယူဖြေရှင်းပေးနိုင်ခြင်းမရှိခြင်းမှာ အဓိကဖြစ်ကြောင်း မလေးရှား၌ နှစ်ရှည်ရောက်ရှိနေကြသော မြန်မာများနှင့် အေးဂျင့်အချို့က ပြောကြားခဲ့သည်။

မြန်မာနှင့် မလေးရှားဘက်မှ အေးဂျင့်များသည် မြန်မာအလုပ်သမားများဆီမှ ၀န်ဆောင်ခများယူကာ ခေါ်ယူပို့ဆောင်ပေးကြခြင်းဖြစ်ပြီး အဆင်မပြေမှုအများစုမှာ မလေးရှားရှိ အေးဂျင့်များ၏ လျစ်လျူရှုမှုများ၊ ပြဿနာတစ်စုံတစ်ခု ကြုံတွေ့ပါက အလုပ်သမားများအပေါ် တာဝန်ယူ ဖြေရှင်းပေးနိုင်မှု မရှိခြင်းတို့ကြောင့် မလေးရှားရောက် မြန်မာများမှာ အခက်အခဲများစွာ ရှိခဲ့ကြကြောင်း မလေးရှားရှိ စတီးစက်ရုံတွင် လေးနှစ် ကြာ လုပ်ကိုင်နေသော မြန်မာအ လုပ်သမားတစ်ဦးက ပြောပြခဲ့ပါသည်။

မြန်မာနိုင်ငံဘက်မှ အေးဂျင့်များသည် မလေးရှားရှိအေးဂျင့်နှင့် ချိတ်ဆက်ကာ အလုပ်သမားပို့ဆောင်ကြရာတွင် အချို့မှာ ရရှိသောအလုပ်နှင့် လစာကိုက်ညီမှု ရှိသော်လည်း အချို့ မှာ အေးဂျင့်ပြောသောလစာနှင့် လုပ်ကိုင်ကြရသော အလုပ်အကိုင်မတူညီခြင်းများ ကြုံတွေ့ကြရသည်။

မြန်မာအလုပ်သမားတစ်ဦးက ' ကျွန်မမောင်လေးတုန်းက သူလုပ်ရမယ်ဆိုတဲ့အလုပ်က ၀ရိန်၊ သူလုပ်ရတာ မြက်ရိတ်ရတယ်။ မလုပ်နိုင်လို့ စက်ရုံတာဝန်ရှိသူကို ပြောတော့ မရဘူးလုပ်ရမယ်ဆိုပြီး အတင်းအကြပ် ပြန်ပြောတယ်။ ဒါနဲ့ပဲ မလေးရှားက ကိုယ့်မြန်မာအေးဂျင့်ကို အကူအညီတောင်းတော့ သူနဲ့မဆိုင်ဘူးဆိုပြီး တာဝန်မယူနိုင်ဘူး ပြောတယ်။ ဒါမှ မလုပ်ချင်ရင် အလုပ်ထပ်ပြောင်းလို့ရတယ်။ ထပ်ပြောင်းမယ်ဆိုရင် ၀န်ဆောင်ခတော့ ထပ်ပေးရမယ်။ ကိုယ့် ပတ်စ်ပို့ကတော့ အရင်အလုပ်ရှင်က သိမ်းထားတော့ အလုပ်ပြောင်းတာနဲ့ Overstay ဖြစ်ပြီ။ ဒီလိုဖြစ်သွားရတဲ့ အလုပ်သမားတွေလည်း အများကြီး ပဲ' ဟု ပြောပြခဲ့သည်။

ယခုအခါ မလေးရှားသို့ မြန်မာနိုင်ငံမှ ဒေသခံစီးပွားရေး အသင့်အတင့်ရှိသည့်နယ်မြို့များမှ အများဆုံး သွားရောက်နေကြသည်ဟု သိရသည်။

"နယ်ဘက်က ဆိုတော့လည်း သူတို့မှာ ဒေသခံစီးပွားရေး အဆင်မပြေတော့ သွားချင်တာတစ်ခုတည်း ပဲသိပြီး Information အပြည့် ဘယ်တော့မှမရဘူး။ ပြီးတော့ စာချုပ်စာတမ်းနဲ့ လုပ်ကြတာမဟုတ်ဘဲ ယုံကြည်မှုတွေနဲ့ သွားတဲ့အခါ ဟိုဘက် က အေးဂျင့်က ကမောက်ကမ လုပ်ရင် ဒီဘက်ကအလုပ်သမားတွေလည်း အဆင်မပြေ၊ အေးဂျင့်လည်း မျက်နှာပျက်ရတယ်။ ကျွန်တော်တို့ အဓိက ကြုံနေရတဲ့ ပြဿနာကတော့ မလေးရှားဘက်မှာ နှစ်ရှည်နေထိုင်နေကြတဲ့ မြန်မာအေးဂျင့်တွေက ပြဿနာတစ်ခုခုဖြစ်ရင် ကိုယ့်မြန်မာအချင်းချင်းဘက်က တာဝန်ယူဖြေရှင်းပေးတာမျိုး မရှိကြတာပါပဲ" ဟု အေးဂျင့်လုပ်သက် ဆယ်နှစ်ကျော်ကြာ လုပ်ကိုင်ခဲ့သူတစ်ဦးက ပြောပြခဲ့သည်။

မလေးရှားသို့ ရန်ကုန်ထက် နယ်ဘက်မှ အများဆုံးသွားကြပြီး ၀န်ဆောင်ခအနေဖြင့် ကျပ် ၁၀သိန်းနှင့် ၁၁ သိန်းကြား ကောက်ခံကြကာ ပြန်လည်ရရှိကြသော လုပ်ခလစာမှာ တစ်လလျှင်နှစ်သိန်းနှင့် သုံးသိန်းကြား ရရှိကြပြီး အကြွေးဖြင့် သွားရောက်လိုကြသူများကိုလည်း အေးဂျင့်များမှ ပို့ဆောင်ပေးကြရာ တစ်လလျှင် ကျပ်တစ်သိန်းနှင့် ညီမျှသည့်ငွေအား ရရှိသည့် လုပ်ခလစာထဲမှ ပြန်လည် ဖြတ်တောက်ခြင်းများ ရှိကြောင်း သိရသည်။
@Eleven Media Group

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP