* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, July 17, 2010

“သတ်ပုံကျမ်းပြုအကျော် ဒို့မထေရ်မော်”

တစ်ခါက တောကျောင်းတစ်ကျောင်းတွင် ဦးဇင်းကြီးတစ်ပါးရှိလေသည်။ ထိုဦးဇင်းကြီးသည် သတ်ပုံကျမ်းကို ပြုစု နေလေ၏။ သူ၏ သတ်ပုံကျမ်း မှန်မမှန်ကို ဥပဇ္ဈာယ်ဆရာတော်ကို စစ်ဆေးခိုင်းရန် အကြံဖြစ်လေ၏။ ပထမနေ့ ဦးဇင်းကြီးသည် ဆရာတော်ထံသို့ သွားရောက်ကာ
“ဆရာတော်ဘုရား တပည့်တော်ရဲ့ သတ်ပုံကျမ်းလေးကို မှန်မမှန်စစ်ဆေးပေးပါအုံးဘုရား”ဟု စစ်ဆေးခိုင်း လေ၏။ ဦးဇင်းကြီး၏ သတ်ပုံကျမ်း လင်္ကာသံပေါက်သည်ကား
“ငါမွေးသည့်မျောက် ငါ့ကိုချောက်၊
ပယ်ဖျောက်ကိုလည်း ပင့်ရမည်၊
ဇမ္ဗုသပြေ အသီးကြွေ၊
မိုးမြေကိုလည်း ရစ်ရမည်။ ဖြစ်လေသည်။ ဆရာတော်ကြီးသည် ထိုသတ်ပုံလင်္ကာပေါက်ကို ဖတ်ပြီးသောအခါ
“ကောင်းတယ် ဦးဇင်းကြီးရေ၊ ဆက်ပြီးပြုစုပါ”ဟု တိုက်တွန်းလိုက်လေသည်။ ဦးဇင်းကြီးသည်လည်း သူ၏ သတ်ပုံကျမ်းကို ဆရာတော်က ကောင်းကြောင်းထောက်ခံလိုက်သောအခါ သတ်ပုံကျမ်းလေးကို ကိုင်ကာ ပီတိ စိတ်ဖြင့် သူ၏ ကျောင်းဆီသို့ ကြွသွားလေ၏။ပထမနေ့တွင်ကား ဦးဇင်းကြီးသည် အောင်မြင်မှုဖြင့် အဆုံးသတ်ခဲ့ လေပြီ။ သုံးလေးရက်ကြာပြီးနောက် ဒုတိယမြောက် သတ်ပုံလင်္ကာသံပေါက်ကို ဆရာတော်အား စစ်ဆေးခိုင်းပြန်လေ၏။ သတ်ပုံလင်္ကာပေါက်သည်ကား
“စုန်လှေဆန်လှေ၊ ခက်သည့်လှေ၊ လှော်လှေကိုလည်း သဝေထိုး”ဟူ၍ပင်ဖြစ်သည်။ ထိုသတ်ပုံလင်္ကာပေါက်ကို ဖတ်ပြီးသောအခါ ဆရာတော်သည်
“လှော်လှေမှ သဝေမထိုးရင် နင်ကြီးတော်ကြီး သွားထိုးရမှာလားဟ”ဟု မိန့်တော်မူကာ စိတ်ပေါက်ပေါက်နှင့် ထွေးခံဖြင့် ပစ်ပေါက်လိုက်ရာ ဦးဇင်းကြီးသည် ဖနောင့်နှင့် တင်းပါးတစ်သားတည်းကျအောင် ထွက်ပြေးခဲ့ရလေ တော့သတည်း။
0 comments

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP