* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, July 17, 2010

မျက်မမြင် ဘုန်းကြီးကျောင်းသားကလေးအတွက် မေတ္တာကုသိုလ် ပြုလိုရင်



စစ်ကိုင်းတောင်ရိုး အောင်မြေဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းက ဆယ်ကျော်သက် မျက်မမြင် ကျောင်းသားကလေး မောင်အောင်ဌေးဦးအတွက် သူ တီးခတ်ဖို့ ဂစ်တာတစ်လက် လှူဒါန်းစေလိုကြောင်း ကျောင်းထိုင်ဆရာတော်က ပန်ကြားလာပါတယ်။ ဆွမ်းလောင်းပတ်တွေမှာ လာလောင်းလှူ ကုသိုလ်ယူနေကျ ကိုဂစ်တာကပဲ ဂစ်တာတစ်လက် တာဝန်ယူ လုပ်ပေးပါတယ်။ ကြည့်မြင်တိုင် မျက်မမြင်ကျောင်းက မျက်မမြင်ပုဂ္ဂိုလ်များအတွက် လှူဒါန်းတဲ့ ဂစ်တာတွေကိုလဲ ကိုဂစ်တာပဲ လုပ်ပေးခဲ့တာပါ။

အဝေးရောက် အလှူရှင်တစ်ဦးကောင်းမှု ဖြစ်ပါတယ်။

မောင်အောင်ဌေးဦးက ငါးနှစ်ခြောက်နှစ်သား အရွယ်မှာ ကျောက်ရောဂါကြောင့် မျက်စိအမြင် ဆုံးရှုံးခဲ့ရတယ်။ မျက်စိကွယ်ပြီးတဲ့နောက် မျက်မမြင်စာ Braille နဲ့ ကျောင်းဆက်တက်ခဲ့သေးပေမယ့် နှစ်တန်းထက် ပိုမတက်ခဲ့ရဘူး။ အသက်က ၁၈ နှစ်၊ ၁၉ နှစ်လောက် ရှိပြီလို့ ဆရာတော်က မိန့်ပါတယ်။

အခု ဆရာတော့်ကျောင်းမှာ ခိုလှုံနေထိုင်ရင်း အနှိပ်ပညာ သင်ယူနေပါတယ်။ မောင်အောင်ဌေးဦး ဘဝကို ဆက်လက်ရုန်းကန်နိုင်ဖို့ရာ မုန့်ဖိုးနဲ့ လူမှုရေး ထောက်ပံ့ကူညီလိုရင်

မောင်အောင်ဌေးဦင်္း
အောင်မြေဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ လပြည့်ဝန်းလမ်း၊ စစ်ကိုင်းမြို့နယ်
ဖုန်း - ၀၀၉၅-၉၂၁၁၀၂၈၃ (တစ်ဆင့်-အောင်မြေဦးဆရာတော်)
ကနေ လူငယ်ကလေးကို တိုက်ရိုက် အားပေးဆက်သွယ် လှူဒါန်းနိုင်ပါတယ်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP