* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, June 28, 2010

ပရိမၼအေတြး

တလောက"ပရိမ္မ"အရပ်သို့ရောက်ခဲ့သည်။ ကျန်စစ်မင်းကြီး၏ ဇာတိမြေပင်။ ရှေးလက်၇ာအဆောက် အဦးများနှင့်အတူ သမိုင်းဝင် ပုံရိပ်များကိုတွေ့ရသည်။ အဆောက်အဦးတို့တွင် ခောတ်ဟန်နှင့် ရှေးသွင်တို့ရောနှော နေသကဲ့သို့ သမိုင်းတွင်လည်း ဒဏ္ဍာရီိတို့ ရောဝင်နေသည်ကို ကြားရသည်။

သို့သော် သမိုင်းပညာရှင်များကမူ ခောတ်လက်ရာများနှုင့် ဒဏ္ဍာရီများသည် တန်ဘိုးနဲအကာများအဖြစ် သတ်မှတ်ကြပြီး၊ ရှေးလက်၇ာနှင့် သမိုင်းမှန်များအား တန်ဖိုးမဖြတ်နိုင်သော အနှစ်များအဖြစ် ကမ္မည်းတင်ခဲ့ကြမြဲဖြစ်သည်။U Zargara-R-2

ကမ္မည်းတင်ခဲ့ကြသော ကျန်စစ်မင်းကြီး၏ စကားတစ်ချို့ဆိုလျှင် ယခုထက်တိုင် ပဲ့ထပ်တင်ကာ သမိုင်းနံရံ၌ ရိုက်ခတ်ဆဲဖြစ်သည်။ ထိုပရိမ္မအရပ်၌လည်း ကမ္မည်းပွားတင်ထားသည်ကို ကြည်နူးဘွယ် ဖတ်မှတ်ခဲ့ရသည်မှာ - ငါ၏ လင်္ကျာလက်ဖြင့် ထမင်းမုန့်ကျွေးအံ့၊ လက်ဝဲလက်ဖြင့် အ၀တ်ပုဆိုးပေးအံ့၊ မေတ္တာတည်းဟူသော လက်ဖြင့်ပိုက်ထွေးကာ သနားခြင်းလက်ဖြင့် ပြည်သူတို့၏ မျက်ရည် နှပ်ချွေးတို့ကို သုပ်ပေးအံ့….စသည်ပင်။

မင်းကောင်း မင်းမြတ်တစ်ပါး၏ နှလုံးသည်းပွတ်ကို ထင်ဟပ်စေသော စကားများပါပေ။

မွေးညှင်းရွှင်မျှ ကြည်နူးရစေသော သမိုင်းဝင်ခွန်းသံတည့်။

မည်သို့ဆိုစေ ထိုစကားတို့ကို နှောင်းလူများအထင်ကြီးစေရန် သမိုင်းဝင်စေရန် ကျန်စစ်မင်းကြီး ဆိုခဲ့သည်ကာ လုံးဝ မဟုတ်ချေ။ ပကတိရင်၌ရှိသော တရားမင်းတစ်ပါး၏ နှလုံးသွင်းသဘောထား ထုတ်ပြန်ချက်မျှသာ ဖြစ်သည်။

ထိုံ့ကြောင့်လည်း သူ့သမိုင်းနှင့် သူ့ဂုဏ်ကျေးဇူးးတို့သည် မမှိန်မပျက် သမိုင်းတန်ဘိုး တက်နေခြင်းဖြစ်သည်။

ထိုသို့မဟုတ်ဘဲ လူအားလုံးတို့ အထင်ကြီးစေလိုမှု၊ သမိုင်းတွင်လိုမှု၊ သမိုင်းဝင်လိုမှု သက်သက်မျှ့ဖြင့် သန်ရာကို ပြုနေကြလျှင် "သမိုင်းနေရာဦးမှု"မျှသာ ဖြစ်၍ မည်သည့်ပညာရှင် ကမျှအသိအမှတ်ပြုကြလိမ့်မည်မဟုတ်ကြောင်းကိုသတိချပ်သင့်ကြပေသည်။ ။

ဓမ္မရိပ် အယ်ဒီတာအာဘော် 2010 မေလ၊

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP