* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, June 28, 2010

၇။ နာရဒဇာတ်

0005052Kph0.jpg

လွန်လေပြီးသောအခါ ဝိဒေဟရာဇ်ာတိုင်း၊ မိထိလာပြည်၌ အင်္ဂတိမင်းကြီး မင်းပြုသည်။ ထိုမင်း၌ သားတော်၊ သမီးတော်ဟူ၍ အများအပြားမရှိ။ သမီးတော်တစ်ပါးသာ ရှိသည်။ ရုစာဟု အမည်တွင်သည်။

ရုစာမင်းသမီးသည် လွန်စွာ လှပတင့်တယ်သည်။ အကျင့်သီလနှင့်လည်း ပြည့်စုံသည်။ ရှေးဘဝနှင့် နောက်ဘဝကို သိမြင်နိုင်စွမ်းသော ဉာဏ်ထူးလည်း ရရှိထားသူ ဖြစ်သည်။ မင်းကြီးသည် တစ်ဦးတည်းသော သမီးတော်ကလေး ရုစာဒေဝီကို လွန်စွာချစ်မြတ်နိုးသည်။ သမီးတော်ကလေး အတွက် အဝတ်အဆင်း၊ အစားအစာနှင့် ပန်းမျိုးစုံကို နေ့စဉ် ပေးပို့သည်။ ထို့ပြင် ၁၅-ရက် တစ်ကြိမ် သမီးတော်အလိုရှိသလို လှူဒါန်းနိုင်ရန်လည်း အသပြာတစ်ထောင် တစ်ထောင် ပေးတော်မူသည်။

တစ်ခုသော တန်ဆောင်မုန်းလပြည့်နေ့တွင် မင်းနေပြည်တစ်ခုလုံး နက္ခတ်ပွဲသဘင် ဆင်ယင် ကျင်းပကြသည်။ မင်းကြီးသည် နန်းရင်ပြင်ဝယ် အမတ်အပေါင်း ခြံရံ၍ စံပယ်နေစဉ် ကြည်လင်သော လပြည့်ဝန်းကြီးကို မြင်သဖြင့် “ယခု ညအချိန်သည် အလွန်သာယာလှပသည်။ ဤအချိန်မျိုး၌ မည်သို့သော မွေ့လျော်မှုမျိုးကို ပြုရပါအံ့နည်း” ဟူ၍ အမတ်တို့ကို မေးသည်။

ထိုအခါ အလာတ အမတ်ကြီးက “မိမိလက်အောက်ခံ မဟုတ်သေးသော နိုင်ငံများကို စစ်အင်္ဂါ ၄-ပါး ခင်းကျင်း၍ တိုက်ခိုက် သိမ်းသွင်းသင့်သည်” ဟူ၍ လျှောက်ထား၏။ သုနာမ အမတ်ကြီးက “အစားအစာ၊ အဖျော်ယမကာတို့ကို သောက်စားလျက် အက၊ အဆို၊ အတီးတို့ကို နားဆင်ကာ ကာမဂုဏ် ခံစားသင့်သည်” ဟူ၍ဆို၏။ ဝိဇယ အမတ်ကြီးက “အကြားအမြင် ဗဟုသုတနှင့် ပြည့်စုံသော ရသေ့ရဟန်းတို့ထံ ဆည်းကပ်၍ တရားဆွေးနွေး မေးမြန်းသင့်သည်” ဟူ၍ ဆို၏။

မင်းကြီးသည် ဝိဇယအမတ်ကြီး၏ လျှောက်ထားချက်ကို နှစ်သက်သွားသည်။ “ဝိဇယ အမတ်ကြီး၏ လျှောက်ထားချက်သည် သင့်သည်။ မည်သည့် ရသေ့ရဟန်းထံ ဆည်းကပ်သင့်ပါသနည်း” ဟူ၍ မေး၏။

ထိုအခါ အလာတအမတ်ကြီးက “အာဇီဝကတက္ကတွန်း ရှိပါသည်။ ထိုပုဂ္ဂိုလ်သည် အကြားအမြင် ဗဟုသုတနှင့်လည်း ပြည့်စုံပါသည်။ ဆန်းကြယ်သော စကားကိုလည်း ပြောဟော တတ်ပါသည်။ ဆည်းကပ်တော်မူသင့်ပါသည်” ဟူ၍ လျှောက်၏။

အာဇီဝက တက္ကတွန်းကား အဝတ်မဝတ်။ ကိုယ်လုံးတီးဖြင့်နေ၏။ အယူမှားသူ ဖြစ်၏။ သို့ရာတွင် ဂိုဏ်းဆရာ တစ်ယောက် ဖြစ်သည်။ ပညာဉာဏ်နည်းပါးသူတို့က ဆည်းကပ်ကိုးကွယ် ကြ၏။

မင်းကြီးသည် အလာတအမတ်၏ လျှောက်ထားချက်ကို နာယူကာ တက္ကတွန်းဆရာကြီးထံ သွားသည်။ မိမိသိလိုသည့် အချက်များကို မေးမြန်းသည်။ တက္ကတွန်းဆရာကြီးက “တမလွန်လောက ဟူ၍ မရှိ။ ကောင်းမှု၊ မကောင်းမှု ဆိုသည်လည်း မရှိ။ အလှူပေးခြင်းသည် အကျိုးမရှိ သတ္တဝါ ဟူသမျှ ရှစ်ဆယ့်လေးကမ္ဘာပတ်လုံး သံသရာ၌ ကျင်လည်ကြရသည်။ ရှစ်ဆယ့်လေးကမ္ဘာ ပြည့်သောအခါ အလိုလို စင်ကြယ်ကြကုန်သည်။ ကောင်းမှုကို ပြုသော်လည်း အကျိုးမခံစားရ။ မကောင်းမှုကို ပြုသော်လည်း အပြစ်မခံရ”

(နာရဒဇာတ် နိဂုံးအား ဆက်တင်ပါမည်)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP