လူသားအကျိုးပြုပရဟိတလုပ်ငန်းများတွင် သုံးစွဲလှူဒါန်းရန် ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်နှစ်ဦးတိုက်တွန်းလိုက်ပြီ

ကမ္ဘာ့ဘီလျံနာများသည် ၎င်းတို့၏ ကြွယ်ဝမှု အနည်းဆုံး ၅၀ ရာခိုင်နှုန်းစီကို ပရဟိတလုပ်ငန်းများတွင် သုံးစွဲသွားရန် မိုက်ခရိုဆော့ဖ်ကုမ္ပဏီ ပူးတွဲတည်ထောင်သူ ဘီလ်ဂိတ်နှင့် အမေရိကန်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင် ၀ါးရင်းဘတ်ဖက်က လှုံ့ဆော်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ ဘီလျံနာများသည် ၎င်းတို့အသက်ရှင်နေစဉ်နှင့် သေတမ်းစာများတွင် ပရဟိတလုပ်ငန်းများအတွက် ရည်ရွယ်လှူဒါန်းသွားရန် ဘီလ်ဂိတ်နှင့်ဘတ်ဖက်က တိုက်တွန်းခဲ့ခြင်းဖြစ်ပြီး အော်ပရာဝင်းဖရေး၊ တက်ဒ်တာနာနှင့် ဂျော့ဆော့ရို့စ်တို့ကို ကမ်းလှမ်းခဲ့ပြီး ဖြစ်သည်။
တစ်ဦးချင်း ချမ်းသာကြွယ်ဝမှုအရှိဆုံး ပုဂ္ဂိုလ်များနှင့်အမေရိကန်ရှိ ချမ်းသာကြွယ်ဝသော မိသားစုများသည် ၎င်းတို့၏ ချမ်းသာကြွယ်ဝမှုအများစုကို ပရဟိတလုပ်ငန်းများထံ လှူဒါန်းကူညီရန် GivingPledge ၀က်ဘ်ဆိုက်မှတစ်ဆင့် တိုက်တွန်းခဲ့ပြီး ပရဟိတလုပ်ငန်းလုပ်ကိုင်သူ Eli နှင့် Edythe ဘုတ်အဖွဲ့မှာ ယင်းတိုက်တွန်းချက်ကို ပထမဆုံး အကောင်အထည်ဖော်နိုင်ခြင်း ရှိမရှိ စောင့်ကြည့်ရမည်ဟု သိရသည်။
ဝါးရင်းဘတ်ဖတ်သည် ၎င်း၏ ပိုင်ဆိုင်မှုမှ ၉၉ ရာခိုင်နှုန်းကို လှူဒါန်းသွားရန် ယခင်ကတည်းက ကတိပြုခဲ့ပြီးဖြစ်သည်။ ယခု သီတင်းပတ်အစောပိုင်းတွင်လည်း ဘီလ်ဂိတ်နှင့် မက္ကဆီကို မီဒီယာလုပ်ငန်းရှင် ကားလို့စ်ဆလင်းမ် သည် စပိန်နိုင်ငံနှင့်ပူးပေါင်း၍ လက်တင်အမေရိကတိုက်တွင် အာဟာရချို့တဲ့မှု၊ ငှက်ဖျား၊ သွေးလွန်တုပ်ကွေးနှင့် အခြားကျန်းမာရေးပြဿနာများကို ဖြေရှင်းနိုင်ရေးအတွက် အမေရိကန် ဒေါ်လာသန်း ၁၅၀ လှူဒါန်းသွားမည်ဟု ကြေညာခဲ့သည်။
Forbes မဂ္ဂဇင်းတွင် ဖော်ပြခံရသော ဘီလျံနာအားလုံး၏ လှူဒါန်းမှုအားလုံးကို ပေါင်းလိုက်ပါက အမေရိကန် ဒေါ်လာဘီလျံ ၆၀၀ အထိရှိသွားနိုင်သည်ဟု သိရသည်။
Eleven Media Group မှ

0 comments:
Post a Comment