* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, June 26, 2010

၆။ စန္ဒကုမာရဇာတ် နိဂုံး

0005052Kph0.jpg

ထိုစဉ် စန္ဒကုမာရ၏ မိဖုရား စန္ဒာဒေဝီသည် “ငါ့တွင် သစ္စာဆိုခြင်းမှ တစ်ပါး အခြား ကိုးကွယ်ရာ မရှိတော့ပြီ” ဟု လက်အုပ်ချီကာ ပရိသတ် အကြားတွင် သွားလာလှည့်ပတ်လျက် ဤသို့ သစ္စာဆိုလေသည်။

“ပညာမဲ့သော ခဏ္ဍဟာလပုဏ္ဏားယုတ်သည် မကောင်းမှုကို ပြုနေပါသည်။ ဤ ခဏ္ဍဟာလပုဏ္ဏား မကောင်းမှုကို ပြုလုပ်နေသည်ဆိုသော စကားသည် အမှန်ဖြစ်ပါသည်။ ဤမှန်သော သစ္စာစကားကြောင့် အကျွန်ုပ်သည် မောင်တော်ဘုရားနှင့် အတူတကွ ပေါင်းရပါစေသတည်း။

“ဤအရပ်၌ ရှိကြသော နတ်ဒေဝါ အပေါင်းတို့သည် အကျွန်ုပ်ကို ကူညီဝိုင်း၍ မှိုင်းမတော်မူကြပါကုန်။ အကျွန်ုပ်သည် မောင်တော်ဘုရားနှင့် အတူတကွ ပေါင်းရပါစေသတည်း။ အကျွန်ုပ်ကို ချစ်လင်နှင့် ကင်းအောင် မည်သူမျှ မပြုလုပ်နိုင်ပါစေသတည်း”

ထိုအခါ သိကြားမင်းသည် မနေသာတော့။ အလျှံပြောင်ပြောင် တောက်လောင်သော သံလှံတံကို ဝှေ့ယမ်းလျက် ရောက်လာသည်။ ဧကရာဇ်မင်းအား “ဟယ်- မင်းဆိုးမင်းညစ်၊ သင့်ဦးခေါင်းကို ငါမဖြတ်ရခင် သင့်အပြစ်ကို သင်သိလော့။ စန္ဒကုမာရမင်းသားကို မသတ်နှင့်။ အဘယ်သူသည် နတ်ပြည်ကို ရောက်လိုသဖြင့် မသတ်ထိုက်သော သားမယား၊ သူဌေးသူကြွယ်တို့ကို သတ်သည်ကို သင်မြင်ဖူးပါသလော” ဟု ခြိမ်းခြောက် ပြောဆို၏။

ဤတွင် ဧကရာဇ်နှင့် ခဏ္ဍဟာလပုဏ္ဏားတို့သည် ထိတ်လန့် ကြောက်ရွံ့ကာ စန္ဒကုမာရ မင်းသားနှင့်တကွ ဖမ်းထားသူအားလုံးကို လွှတ်လေ၏။ ထိုအခါ လူထုပရိသတ်ကြီးသည် ခဲတစ်လုံးစီ ကောက်လျက် ခဏ္ဍဟာလကို ပစ်ပေါက်ကြလေသည်။ ခဏ္ဍဟာလ သူယုတ်သည် ထိုနေရာမှာပင် အသက်ပျောက်လေသည်။

လူထုပရိတ်သတ်သည် ခဏ္ဍဟာလကို သတ်ပြီးနောက် မင်းကြီးကို သတ်ရန် ဝိုင်းလာကြပြန်သည်။ စန္ဒကုမာရ မင်းသားသည် မင်းကြီးကို ဖက်ထားသည်။ လူထုကြီးအား ခမည်းတော်၏ အသက်ကို ချမ်းသာပေးရန် တောင်းပန်သည်။ လူထုကြီးက “အိမ်ရှေ့မင်းကို ထောက်ထားသဖြင့် ဤ မင်းဆိုးမင်းညစ်ကို အသက်ချမ်းသာပေးမည်။ သို့ရာတွင် မင်းအဖြစ်ကိုကား မပေးနိုင်။ မြို့ထဲ၌လည်း နေခွင့်မပေးနိုင်။ ဒွန်းစဏ္ဍားလုပ်၍ မြို့ပြင်တွင် နေပါစေ” ဟု ဆို၍ မင်းကြီးအား စဏ္ဍာလတို့ နေရာသို့ ပို့လိုက်လေသည်။

0005052Kph0.jpg

တိုင်းသူပြည်သားတို့သည် ထိုအရပ်၌ပင် စန္ဒကုမာရမင်းသားအား ရာဇဘိသိက်သွန်း၍ မင်းမြှောက်ကြလေသည်။

စန္ဒကုမာရမင်းသည် ခမည်းတော်အား အစာရိက္ခာများကို အမြဲမပြတ် ပေးကမ်းပြုစုသည်။ မြို့တွင်းသို့ကား ဝင်ခွင့်မပြု။ ဥယျာဉ်တော်သို့ မိမိထွက်သောအခါ ခမည်းတော်ထံ ဝင်၍ သတင်းမေးသည်။ ရှိခိုးတော်မမူ။ လက်အုပ်ချီရုံသာ ချီ၍ “အရှင် အသက်ရှည်စေသတည်း” ဟု ဆိုတော်မူသည်။

စန္ဒကုမာရမင်းသည် တရားနှင့်အညီ မင်းပြုသည်။ စုတေသောအခါ နတ်ပြည်သို့ လားလေသတည်း။

(ဇာတ်ပေါင်းသော် စန္ဒကုမာရမင်းသားသည် ဂေါတမဘုရားရှင်။ မယ်တော်ဂေါတမီသည် မဟာမာယာ၊ စန္ဒာဒေဝီသည် ယသော်ဓရာ၊ စန္ဒကုမာရ၏ ညီတော်များသည် အရှင် သာရိပုတ္တရာ၊ အရှင် မဟာမောဂ္ဂလာန်၊ အရှင်မဟာကဿပ၊ ခဏ္ဍဟာလပုဏ္ဏားသည် ဒေဝဒတ် အသီးသီး ဖြစ်လာကြသည်)

***ဤစန္ဒကုမာရဇာတ်တော်တွင် ဂေါတမဘုရားရှင် ခန္တီပါရမီ ဖြည့်ဆည်းခဲ့ပုံကို သိမြင်နိုင်ပါသည်***

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP