* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, June 26, 2010

လက္က်န္ဆႏၵ

နေညိုလို့
ပြန်ရမယ်ဆိုရင်တောင်မှ
မရောက်နိုင်သေးတဲ့
အနာဂါတ်နဲ့ပဲ
ပစ္စုပ္ပန်ကို ငါ..နှုတ်ဆက်တယ်။

ကိုယ်ပိုင် မြေယာမရှိလည်း ကိစ္စမရှိ
နောက်ဆုံး…
ခြောက်ပေကျင်းတော့ ငါမျော်လင့်ခွင့် ရှိတယ်
အမိမြေရေ ငါ့ကိုအိပ်စက်ခွင့်ပြုပါနော်...။

လိုင်းကားတိုးစီးနေရလို့လည်း ကိစ္စမရှိ
နောက်ဆုံး…
သူလိုကိုယ်လို ချောင်ချောင်ချိချိ အိပ်စက်စီးသွားခွင့် ရအုံးမယ်
ကံကြမ္မာရေ ငါကို မလုပ်ကြံပါနဲ့နော်...။

ကြင်နာမယ့်လူ တယောက်မရှိလည်း ကိစ္စမရှိ
နောက်ဆုံး…
ငါ့ကို သိုင်းသိုင်းဝိုင်းဝိုင်း လိုက်ပို့နိုင်ပါသေးတယ်
သံဝေဂရေ သူတို့ကို နဲနဲ ညှာပါနော်...။


ဆူညံညံ သွေးပျက်
ရုန်းရင်းဆန်ခတ်နဲ့ ခြေဦးတည့်ရာလှည့်ထွက်
လုစုကွဲသွားလဲ ကိစ္စမရှိ
နောက်ဆုံး…
အားလုံးနဲ့အတူ တိတ်ဆိတ်သံစဉ်တွေ နားဆင်ကြရအုံးမယ်
ဖိနပ်လေးရေ စောင့်နေခဲ့
နင့်ဖူးစာ ငါရှာလာခဲ့မယ်နော်...။ ။

ကိုပိန်
(၂၄.၀၆.၂၀၁၀)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP