အင်တာနက်လည်း ပူနေတယ်
ရေဆိုတာက အအေးဓာတ်
မီးဆိုတာက အပူဓာတ်
ဒီလိုပဲ မှတ်ဖူးတယ် ။
ခုတော့-
ဒို့ပြည်သူတွေအတွက်
ရေဆိုတာကလည်း အပူဓာတ်
မီးဆိုတာကလည်းအပူဓာတ်
နာဂစ်ကလည်းအပူဓာတ်
ရေငတ်တာလည်းအပူဓာတ်
ရေကြောင့်ပူနေကြရတဲ့အထဲ
မီးက၀င်ပြီးစွဲပြန်ပြီ
ဆိုင်ပိုင်ရှင်တွေလည်းပူ
အလုပ်သမားတွေလည်းပူ
သုံးစွဲနေသူတွေလည်းပူ
ကြားရမြင်ရသူတွေလည်းပူ
စာတွေလည်းပူ
ကဗျာတွေလည်းပူ
အပူတွေကူးစက်
အင်တာနက်လည်း ပူနေတယ်။
( အပူသောက အမြန်ဆုံး ကင်းဝေးနိုင်ကြပါစေ )
မီးဆိုတာက အပူဓာတ်
ဒီလိုပဲ မှတ်ဖူးတယ် ။
ခုတော့-
ဒို့ပြည်သူတွေအတွက်
ရေဆိုတာကလည်း အပူဓာတ်
မီးဆိုတာကလည်းအပူဓာတ်
နာဂစ်ကလည်းအပူဓာတ်
ရေငတ်တာလည်းအပူဓာတ်
ရေကြောင့်ပူနေကြရတဲ့အထဲ
မီးက၀င်ပြီးစွဲပြန်ပြီ
ဆိုင်ပိုင်ရှင်တွေလည်းပူ
အလုပ်သမားတွေလည်းပူ
သုံးစွဲနေသူတွေလည်းပူ
ကြားရမြင်ရသူတွေလည်းပူ
စာတွေလည်းပူ
ကဗျာတွေလည်းပူ
အပူတွေကူးစက်
အင်တာနက်လည်း ပူနေတယ်။
( အပူသောက အမြန်ဆုံး ကင်းဝေးနိုင်ကြပါစေ )


0 comments:
Post a Comment