* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, May 28, 2010

လူစုလူဝေးလိုက်ဖြစ်သောစိတ်ရောဂါကို စပ်စုခြင်း-၎






တာရန်တစ်ဇမ်(Tarantism)

ဆယ့်ခြောက်ရာစုနှင့် ဆယ်ခုနစ်ရာစုတွင် အီတလီတောင်ပိုင်းတွင် အလားတူ စိတ်ကြွအကရောဂါများ ဖြစ်ပွားသည်။ နစ်ကိုလတ်စ် ပါရော့တီ (Nicholas Perotti) က ဤစိတ်ကြွရောဂါသည် တာရန်တူလာ ဟုခေါ်သော ပင့်ကူအကိုက်ခံရ၍ ဖြစ်သည်ဟု အစောဆုံးအဆိုပြုသူဖြစ်သည်။ သို့ရာတွင် သူ၏အဆိုကို သက်သေပြဖို့ လျစ်လျူရှုခဲ့သည်ဟု ဒေါက်တာဟဲ့ခ်ကာက သုံးသပ်သည်။ မည်သို့ဆိုစေ ထိုခေတ်အခါကာလကမူ တာရန်တူလာ ပင့်ကူကိုက်ခြင်းကြောင့် ဖြစ်သည်ဟူသော အဆိုက အလွန်ခေတ်စားခဲ့ပြီး စိတ်ကြွအကရောဂါကို တာရန်တစ်ဇမ်ဟု ခေါ်ကြသည်။ ၁၉၉၇ ခုနှစ်တွင် ဒေါ်နယ်ဆန် (Donaldson), ကဗန်နာခ်ျ (Cavanagh) ရန်ကင်(Rankin)တို့က ကောက်ချက်ချသည်မှာမူ တာရန်တစ်ဇမ်ကို ဖြစ်စေသည့် အကြောင်းကို အတိအကျ မပြောနိုင်ဟူ၍ ဖြစ်လေသည်။

အလယ်ခေတ်၏ စိတ်ကြွအကရောဂါအပါအ၀င် အခြားသော လူစုလူဝေးစိတ်ရောဂါများ

(ဤခေါင်းစဉ်သည် ဘာသိုလိုမြူး၏ စာတမ်းကို အခြေခံပြီး ရေးသည်ဖြစ်ပြီး ကျမ်းကိုးများမှာလည်း သူ၏စာတမ်းတွင် ပြထားသည့်အတိုင်းသာ ဖြစ်သည်။)

နှစ်ဆယ်ရာစု မတိုင်မီအတွင်းက လူစုလူဝေးလိုက်ဖြစ်သော စိတ်ရောဂါများသည် ကာလကြာမြင့်စွာ ထိတွေ့ဆက်ဆံနေရသော ဘာသာရေးစည်းမျဉ်း စည်းကမ်းများ၊ ပညာရေးနှင့် ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်သည်ဟု ဘာသိုလိုမြူးက (Bartholomew) ဆိုသည်။ ၁၅ နှင့် ၁၉ ရာစုအတွင်းတွင် ဥရောပရှိ အချို့ ကွန်ဗင့်ကျောင်းများတွင် အလွန်တင်းကျပ်သော ခရစ်ယာန်ဘာသာရေး စည်းမျဉ်းစည်းကမ်းများ ရှိနေခဲ့သည်။ ယင်းနှင့်အတူ စုန်းနှင့် မကောင်းဆိုးဝါးများအပေါ် ယုံကြည်မှုကလည်း ခေတ်စားနေသည်။ ထိုအခြေအနေအတွင်း ခရစ်ယာန် သီလရှင်အများအပြားသည် လူစုလူဝေးအလိုက် ဟစ်တီးရီးယား (mass hysteria) ဖြစ်ကြသည်ကို လေ့လာတွေ့ရှိရသည်။ ထိုခေတ်အခါကမူ ဟစ်တီးရီးယားဖြစ်သော သီလရှင်များကို မကောင်းဆိုးဝါး ဖမ်းစားသည်ဟု ယုံကြည်ခဲ့ကြသည်။ (mass psychogenic illness အား mass hysteria ဟူ၍လည်း ခေါ်ဝေါ်သုံးစွဲခဲ့သည်ကို အပိုင်း ၃ တွင် ဖော်ပြခဲ့သည်။)

ထိုသို့ဖြစ်ရပ်များမှာ တစ်ခါဖြစ်လျှင် လပေါင်းများစွာ ကြာမြင့်တတ်ပြီး နှစ်ပေါင်းများစွာ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသည်။ ဟစ်တီးရီးယားကြောင့် ဖြစ်သော အတက်ရောဂါများမှာ စည်းကမ်းအတင်းကျပ်ဆုံး အုပ်ချုပ်သူလက်ထက်တွင် ဖြစ်ပေါ်လေ့ရှိသည်။ ထိုသို့ဖြစ်လျှင် ဘုန်းတော်ကြီးများက မကောင်းဆိုးဝါးများ ပူးကပ်ခြင်းမှ အစွဲချွတ်လေ့ရှိပြီး သူတို့ မနှစ်သက်သော လူများကို ရှုံ့ချပြစ်တင်ခြင်းပြုပြီး လူအုပ်အတွင်းမှ ဆွဲထုတ်ကာ ထောင်သွင်းအကျဉ်းချထားခြင်း၊ လက်ဝါးကပ်တိုင်တွင် ချိတ်၍ မီးရှို့သတ်ဖြတ်ခြင်းများ ပြုလုပ်ကြသည်။ စုန်းအဖြစ် စွပ်စွဲရခြင်းမှာလည်း ဘာသာတရားတည်ငြိမ်မှုနှင့် တရားဥပဒေများ စိုးမိုးစေဖို့ အဓိက ကျသည်။

ပုန်ကန်ထကြွသော သီလရှင်များမှာ ဖရုဿဝါစာ စကားများနှင့် မရိုမသေ ပြောဆိုကြလျက် ညစ်ညမ်းသောအပြုအမူများကို ပြုလုပ်ကြသည်။ (Calmeil,1845; Garnier,1895;Loredan,1912). ပရိသတ်အများအပြားသည် ထိုအစွဲချွတ်ပွဲများသို့ မကြာခဏသွားရောက်ကြည့်ရှုကြသည်။

ထိုကဲ့သို့ လူစုလူဝေး စိတ်ရောဂါများကို အမေရိကန်ပြည်ထောင်စု အိုဟိုင်းယိုး ကွန်ဗင့်ကျောင်းတစ်ကျောင်းတွင် ၁၈၈၀ ၌ ဖြစ်ပွားခဲ့သော မှတ်တမ်းရှိသည်။

မကောင်းဆိုးဝါးပူးကပ်သည်ဟု ယူဆကာ မှတ်တမ်းတင်ထားသော အရေအတွက်နှင့် ရှင်းလင်းထားသော စာအုပ်စာတမ်းများကား အထူးများပြားလှသည်။ ပြင်သစ်နိုင်ငံ လူဒွန် (Loudun) မြို့တွင် ၁၆၃၂ နှင့် ၁၆၃၄တွင် ဖာသာအာဘီယန်ဂရန်ဘီယာ (Urbian Grandier) သည် ကွန်ဗင့်ကျောင်းတစ်ကျောင်းလုံးကို ဟစ်တီးရီးယားအတက်ရောဂါ (hysterical fits) ဖြစ်အောင် ပြုစားခဲ့ပါဟု ယုံကြည်စွပ်စွဲခြင်းခံရသဖြင့် မီးရှို့သတ်ဖြတ်ခြင်း ခံရသည်။ (Huxley, 1952; de Certeau, 1970)ရှားရှားပါးပါးအနေနှင့် သီလရှင်များကို စုန်းအတတ်နှင့် ပြုစားသည်ဟု ယုံကြည်ကြသဖြင့် သတ်ဖြတ်ခဲ့သည်များ ရှိသည်။

လူစုလူဝေး စိတ်ရောဂါဖြစ်ပွားခဲ့သည့် မှတ်တမ်းများနှင့် ပတ်သက်၍ စပ်စုမိသမျှကို ဘာသိုလိုမြူး၏ စာတမ်းကို အခြေခံ၍ ဖော်ပြပါမည်။ ၁၇၉၄ ခုနှစ်တွင် ဂျာမနီနိုင်ငံ ၀ုဇ်ဘာ့ဂ် (Würzburg)ရှိ အန်တာဇဲလ် ကွန်ဗင့် (Unterzell convent)ကျောင်းတွင် ဖြစ်ပွားခဲ့သည်။ ကွန်ဗင့်ကျောင်းများတွင် ဖြစ်ပွားသော ဖြစ်ရပ်များကို မှတ်တမ်းတင်ထားသည်မှာ ၁၅၂၆ တွင် လိုင်ယွန်စ် (Lyons) ၌၊ ၁၅၅၀ တွင် ၀ါတက် (Wertet) ၌၊ ၁၅၅၂ တွင် ကင်တော့ပ် ( Kintorp)၁၅၆၀တွင် ကိုလော့ဂ်နီ (Cologne) နှင့် ဖလန်ဒါစ် (Flanders) ၌၊ ၁၅၇၇ တွင် အော်ဒါဟိမ်း (Oderheim) ၌၊ ၁၅၈၅ တွင် မွန်းစ်၌ (Mons၊ ၁၅၉၀ တွင် မီလန်၌ (Milan)၊ ၁၆၀၉ တွင် အိပ်စ် (Aix) ၌၊ ၁၆၁၃ တွင် လစ်လီ၌ (Lille)၊ ၁၆၈၂ တွင် မက်ဒရစ် (Madrid)၌၊ ၁၆၄၀ တွင် ချီနွန် (Chinon) ၌၊ ၁၆၄၂ တွင် လဗ်ဘီယာ (Louviers) ၌၊ ၁၆၆၂ တွင် အောက်ဆွန်နီ (Auxonne) ၌၊ ၁၆၈၁ တွင် တူလောက်စ် (Toulouse)၌ ဖြစ်ပွားခဲ့သည်ဟူသော မှတ်တမ်းများ ရှိသည်။ (http://bjp.rcpsych.org/cgi/content/full/180/4/300)

၁၄၉၁ တွင် ပြင်သစ်နိုင်ငံ ကမ်ဘရိုင် (Cambrai) တွင် သီလရှင်အုပ်စုတစ်စုသည် ၀က်ရူးပြန်တက်ချက်ခြင်းများဖြစ်ပြီး ခွေးဟောင်သလို အသံများပြုခြင်း၊ ရှေ့ဖြစ်များကို ဟောရွတ်ခြင်းများ ဖြစ်ခဲ့သည်။ စပိန်နိုင်ငံ ဇန်တီ (Xante) တွင် ၁၅၆၀ တွင် သီလရှင်များသည် သိုးအော်သံများပြုကြ၊ ၀တ်ရုံများကို ဆွဲဖြဲကြ၊ ၀က်ရူးပြန်တက်ချက်ခြင်းများ ဖြစ်ကြသည်။ ((Robbins, 1966: p. 393)

ဤတွင် အလယ်ခေတ်နှင့် သက်ဆိုင်ရာ အပိုင်းများကို စပ်စုခြင်းအား အဆုံးသတ်၍ ကျန်ရှိနေသေးသော ဖြစ်ရပ်များကို ၁၈ရာစုမှ ၂၀ ရာစုထိတစ်ပိုင်း၊ ၂၁ ရာစုမှ နှောင်းပိုင်းခေတ်အထိ တစ်ပိုင်း နှစ်ပိုင်းခွဲ၍ တင်ပြသွားမည် ဖြစ်သည်။ လူစုလူဝေး စိတ်ရောဂါနှင့် ပတ်သက်သော ဖြစ်ရပ်များကို စိတ်ပညာနှင့် စိတ်ကျန်းမာရေး ရှုထောင့်မှ စပ်စုခြင်းကိုလည်း အကျဉ်းချုပ်၍ ဖော်ပြတတ်သ၍ ဖော်ပြမည် ဖြစ်ပါသည်။


ဆက်ပါဦးမည်..

စာညွှန်း


1.Wikipedia

2.Epidemics of the middle Ages By I.F.C. Hecker,M.D

3.REVIEW ARTICLE

Protean nature of mass sociogenic illness

From possessed nuns to chemical and biological terrorism fears

ROBERT E. BARTHOLOMEW, PhD

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP