* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, May 28, 2010

ကြွေလွင့်နေသော ရော်ရွက်ဝါ (သစ္စာရောင်ခြည်၏လက်ရာ-၂)



ဇာတိချက်ကြွေမြွေရပ်မြေမှာ နေစဉ်ကာလ နွေဦးအစတန်ခူးလရာသီမှာ ခရီးတစ်ခုမှ ကွင်းပြင်တစ်ခုဖြတ်သန်း၍ပြန်လာခိုက် မောပန်းနွမ်းလျှနေသော စိတ်အစဉ်ကို သန့်ရှင်းလတ်
ဆတ်သော လေပြေလေနုတို့နှင့်အတူအဖော်ပြုဖို့ အပန်းပြေအနားယူရန် အရိပ်အာဝါသကောင်းတဲ့ သစ်တစ်ပင်အောက်မှာ ခေတ္တမျှရပ်နားခဲ့ပါတယ်။ အေးမြတဲ့သစ်ပင်ကြီးအောက်တွင် လေပြေလေညှင်းတွေ
ကို အသက်ဝဝရှုရိုက်ရင်း ကြွေလွင့်နေသော ရော်ရွက်ဝါလေးတွေကိုကြည့်ပြီး အတွေးစိတ်ကလေးတွေက
အလုအယက် ဦးနှောက်ထဲသို့ထိုးဖောက်ဝင်ရာက်လာကြတယ်။
ဘေးပတ်ဝင်းကျင်ကိုကြည့်လိုက်တဲ့အခါ သစ်ပင်ကြီးရဲ့အနီးတွင် ရေခန်းလုနီးပါး ရေအိုင်လေးတစ်အိုင်
ကိုတွေ့ရပါတယ်။ အဲဒီရေအိုင်လေးဟာ အပူဒဏ်နွေဒဏ်သင့်နေပြီး ပူပြင်းလှတဲ့ ဂီမန္တနွေဥတုရာသီးရဲ့ စက်ဝိုင်းရဲ့ဒဏ်ကို ဖြတ်သန်းနေရတာကြောင့် ရေမှုန်ရေပေါက်တွေဟာတွဲကပ်မှီခိုစရာမရှိ တစ်နေ့ထက်တစ်
နေ့နဲသထက်နဲလာပြီး ရေအိုင်လေးထဲမှာရှိနေကြတဲ့ ငါးကလေးတွေဟာလည်းလူးလိမ့်မတတ် ခံစားနေရ
တာကိုတွေ့ရတယ်။ အဲဒီငါးလေးတွေကိုမြင်ရတဲ့အခါ စိတ်ထဲမှာမချမ်းသာခဲ့ပါဘူး။ သုံးလေးရက်လောက်
ကြာရင် ရေအိုင်လေးထဲက ရေကြည်ရေပေါက်တွေဟာ အပြီးပိုင်ထွက်ခွါသွားတော့မယ့်အခြေအနေ၊ ရေအ
နည်းငယ်ထဲမှာ ငါးကလေးတွေဟာ လူးလိမ့်မတတ်ခံစားနေရပြီး သေဘေးမှမလွတ်နိုင်တော့တဲ့အဖြစ်ကိုရင်
ဆိုင်တွေ့ကြုံခံစားနေရပါတယ်။ လူသားတစ်ယောက် ဤကဲ့သို့းဒဏ်ကိုပြင်းထန်းစွာခံစာနေရတယ်ဆိုရင်
“ကယ်ပါ၊ ကူညီပါ”စသဖြင့်ပြောဆိုပြီး အကူအညီတောင်းခံမှာသေချာပါတယ်။ ဒါပေမဲ့ သူတို့လေးတွေက
တော့ စကားမတတ်တဲ့အဟိတ်တိရစ္ဆာန်ဘဝ ကံတရားရဲ့ဖီးစီးမှုဒဏ်အောက်မှာ ဆိုးရွားသောရာသီသဘာဝ
ဘေးကို ခံစားနေရပါလားလို့တွေးမိရင်း သူတို့လေးတွေအပေါ်မှာ သနားကြင်နာတဲ့ကရုဏာစိတ်တွေဟာ တိုင်ပင်ထားခြင်းမရှိပါဘဲ စာရေးသူရဲ့နှလုံးအိမ်မှ တဖွားဖွားဖြစ်ပေါ်လာခဲ့ပါတယ်။
ငါးလေးတွေကို လက်နဲ့အသာလေးဆယ်ယူပြီး ကျွတ်ကျွတ်အိပ်နှင့်ထည့်ကာ မနီးမဝေးမှာရှိတဲ့ ရေလောင်တမံဆီသို့ပြောင်းရွေ့ပေးခဲ့ပါတယ်။သူတို့လေးတွေဟာ ကြည်နူးဝမ်းသာစွာပဲထွက်ခွါလို့သွားကြ
လေရဲ့။ “အသက်တစ်ချောင်းမသေကောင်း၊ အကောင်းပြုပေးရာ”ဆိုတဲ့ရှေးလူကြီးများပြောတဲ့စကားကိုအ
မှတ်ရစေခဲ့ပါတယ်။ ဒီလို အသက်ပေါင်းများစွာကိုသေဘေးမှ ကယ်တင်လိုက်ရတဲ့အတွက် နှလုံးအိမ်မှာပီတိ
တွေဝေဖြာခဲ့ရပါတယ်။ ခရီးတစ်ခုသွားနေခိုက် ကုသိုလ်တစ်ခုရယူလိုက်မိတဲ့အတွက် စာရေးသူဘဝမှာ မေ့မရနိုင်တဲ့ ကုသိုလ်တစ်ခုဖြစ်သွားခဲ့ရပါတယ်။ “ကျန်းမာ ချမ်းသာကြပါစေငါးကလေးတို့ရယ်”လို့မေတ္တာပို့
သခဲ့ပါသေးတယ်။
သစ်ပင်ကြီးအောက်ပြန်ရောက်လာတဲ့အခါ ရော်ရွက်ဝါလေးတွေကလည်း အနီအနားမှာ တဖြုတ်ဖြုတ်နဲ့
သူ့ထက်ငါယင် ကြွေကျနေကြပြီး အပင်ရဲ့တဝိုက်မှာပြန့်ကြဲလို့နေကြပါတယ်။ ဥသြငှက်လေးတွေကလည်း
လွမ်းတေးသီဆိုနေကြတဲ့အချိန်။ ရွက်ဟောင်းကြွေလို့ ရွက်သစ်ဝေစရာသီကာလပဲပေါ့။ ကြွေကျမြေခနေကြ
တဲ့ ရော်ရွက်ဝါလေးတွေဟာလည်း လေပင့်ရာသို့လိုက်ပြီး ဦးတည်ရာမဲ့လွင့်ပါနေကြပါတယ်။ သူတို့လေးတွေဟာ အရပ်လေးမျက်နှာမှ တိုးဝှေ့တိုက်ခတ်ဖြတ်သန်းလာတဲ့ နွေရာသီလေရှုးလေပြင်းဒဏ်
တွေကြောင့် သဘာဝသခါင်္ရတရားကိုအံမတုနိုင်ဘဲ ကြွေလွင့်လို့နေကြလေရဲ့။ ဘယ်အရာမဆို သဘာဝသခါင်္ရတရားအောက်မှာ တဖြေးဖြေးနဲ့ ပျောက်ကွယ်ပျက်စီးလို့သွားကြရမှာပါလား။ဖြစ်ပျက်ဆိုတဲ့ တရားသဘောကို အတော်အတန်နားလည်ထားကြတဲ့ သူတွေအဖို့ကတော့ အရာရာကိုတရားနဲ့ဖြေသိမ့် နိုင်
ပါလိမ့်မယ်။ ရလာတဲ့ဘဝထဲမှာ အကျင့်စာရိတ္တကောင်းတွေမွေးမြူလို့ ကောင်းကောင်းနေတတ် ထိုင်တတ်ပြီးကုသိုလ်တရားတွေနဲ့မွေ့လျှော်နေတတ်ဖို့ပါပဲ။ ကြွေလွင့်နေကြတဲ့ ရော်ရွက်ဝါလေးတွေကတော့
စာရေးသူကို ကောင်းဆိုးနှစ်တန်အတွက် တရားပြနေကြပါတယ်။ဥပမာ မိမိရှေ့နားမှာ သစ်ရွက်လေးတစ်
ရွက်ကြွေကြသွားခဲ့တယ်ဆိုပါစို့ အဲဒီသစ်ရွက်ကိုကြည့်ပြီး သင်္ခါရသဘောတရားကိုနှလုံးသွင်းတတ်မယ်ဆို
ရင် ထိုသစ်ရွက်လေးဟာမိမိအတွက် ဆရာပါပဲ။ ဒါ့ကြောင့် ဘယ်အရာကိုမဆို ရှုတတ်ရင်ဘာဝနာဖြစ်ပြီးမရှု
တတ်ရင်တဏှာဖြစ်သွားတတ်ပါတယ်။
တစ်ခါတစ်ရံမှာ ရည်မှန်းချက်မှေးမှိန်နေသူများအဖို့ဘဝဟာ လေပင့်ရာသို့လိုက်ပါသွားတတ်တဲ့ ကြွေလွင့်
နေတဲ့ရော်ရွက်ရွာလေးတွေလို ခိုကိုးရာမဲ့ ဦးတည်ရာမဲ့ဖြစ်နေတတ်ပါတယ်။ “လမ်းလျှောက်ရင်း လမ်းပျောက်”ဆိုသလို ရည်မှန်းချက်ကင်းပျောက်နေတတ်ပါတယ်။ ဘဝတစ်ခုကိုတည်ဆောက်တဲ့အခါ ကိုယ်လျှောက်လှမ်းရမည့်ဘဝပန်းတိုင်ကို ဦးတည်ချက်ရှိရှိ ခံယူချက်ပြင်းပြင်း ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေနဲ့
လျှေက်လှမ်းပါမှ ဆုံးခန်းတိုင်အောင် ရောက်ရှိပါမယ်။ မိမိတို့မျှော်လင့်ထားတဲ့ ရည်မှန်းချက်ပန်းတိုင်ကို လျှောက်လှမ်းတဲ့အခါ
၁။ဘဝအတွက်လုပ်ငန်းတစ်ခုကို စတင်တော့မယ်ဆိုရင် ထိုလုပ်ငန်းသည် မိမိအတွက် ကောင်းတယ်၊မကောင်း၊ အကျိုးရှိတယ်၊မရှိ စသဖြင့် ဉာဏ်နှင့်ကြိုတင်စဉ်းစားရမယ်။
၂။မိမိကိုယ်ကို ယုံကြညည်မှုရှိပြီး ကိုယ်လျှောက်လှမ်းနေတဲ့လမ်းကြောင်း၊လုပ်ငန်းကိုလည်း ယုံကြည်မှုရှိရမယ်။
၃။အားမရှော့တဲ့စိတ်ဓာတ်တွေနဲ့ မပျင်းမရိ ကြိုးကြိုးစားစား လုံးလစိုက်၍ လျှောက်လှမ်းရမယ်။
၎။အသိလေးနဲ့ထိန်း၍ အရာရာကိုသတိရှိရှိ အမှားမရှိအောင်လျှောက်လှမ်းရမယ်။
၅။ကိုယ်လျှောက်လှမ်းနေတဲ့ လမ်းကြောင်းပေါ်မှာ စိတ်ပျက်မှုမရှိ၊ စိတ်ဓတ်တွေမယိမ်းယိုင်စေဘဲ တည်တည်ကြည်ကြည်နှင့်လျှောက်လှမ်းရမယ်။
အဲဒီလို ဟန်ချက်ညီညီ ဘဝပန်းတိုင်ကို ကြိုးစားလျှောက်လှမ်းကြမယ်ဆိုရင် အောင်မြင်မှုကိုမုချ ရရှိခံစားကြရမှာပါ။ “လူတစ်ယောက်ရဲ့ ဘုန်းတန်းခိုးဟာ အလုပ်လုပ်ခြင်းဘဲ” ဟုပညာရှိများမိန့်ဆိုထားသလို
တစ်စုံတစ်ယောက်ရဲ့ ဘုန်းကံကြီးခြင်း၊ စီးပွါးလာဘ်လာဘတိုးတက်အောင်မြင်ခြင်း၊ ပညာရေးတော်ခြင်းစသည်တို့ဟာ ထိုသူရဲ့ကြိုးစားလုပ်ကိုင်ခြင်းကြောင့်ဖြစ်ပါတယ်။ အလုပ်မလုပ်လျင် ဘုန်းမရှိသလို ကံလည်းကောင်းလာမယ်မဟုတ်ပေ။ ကံ ဟူသောစကားလုံးသည်ပင် အလုပ် ဖြစ်ပါတယ်။ အလုပ်ကောင်းကိုလုပ်ကြမယ်ဆိုပါလျင် ကံ ကောင်းမှာသေချာပါတယ်။ ဒါ့ကြောင့် ဘဝတစ်ခုကိုရလာတဲ့အ
ခါ ဦးတည်ချက်ပျောက်နေတဲ့ ကြွေလွင့်နေတဲ့ ရော်ရွက်ဝါလေးတွေလို မဖြစ်စေဘဲ ဘဝကို ဦးတည်ချက်ရှိ
ရှိ တန်ဖိုးရှိစွာ အကောင်းဆုံးဖြစ်အောင်ကြိုးစားလျှောက်လှမ်းကြရမှာပါ။
စာရေးသူ- သစ္စာရောင်ခြည်-အရှင်နန္ဒသာရ


Posted by အရှင်နန္ဒသာရ(သစ္စာရောင်ခြည်) on အင်္ဂါနေ့၊ မေလ ၂၅၊ ၂၀၁၀

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP