စကားဝါပွင့်စ ကဆုန်လ (မကြာမီ ကျရောက်လာတော့မယ့် မဟာညောင်ရေသွန်းပွဲတော်ကြီးကိုကြိုဆိုသော အားဖြင့်)



ကဆုန်လသည် မြန်မာ့တစ်ဆယ့်နှစ်လတွင် ဒုတိယမြောက်လဖြစ်၍နွေဥတု၌ပါဝင်သော လတစ်လဖြစ်
သည်။ ထိုကြောင့် ကဆုန်လသည် အပူဓာတ်လွန်ကဲသောလတစ်လဖြစ်သဖြင့် မြစ်ချောင်း၊ အင်းအိုင်များ၌
ရေခန်းခြောက်တတ်ကြသည်။ ထို့ကြောင့် ရှေးမြန်မာကြီးက “တန်ခူးရေကုန်၊ ကဆုန်ရေခန်း”ဟု ဆိုရိုးပြုခဲ့
ကြဟန်တူပေသည်။ သို့သော် တစ်ခါတစ်ရံတွင် မုတ်သုန်လေပြင်းတိုက်ခတ်၍ မုတ်သုန်မိုး တစ်ပြိုက်နှစ်
ပြိုက်မျှ ရွာသွန်းတတ်သည်လည်း ရှိပါ၏။
ကဆုန်လ၏ ရာသီပန်းမှာ စကားဝါပန်းခေါ်စံကားပန်းဖြစ်၍ ရာသီပွဲတော်မှာညောင်ရေသွန်းပွဲတော်အ
ဖြစ်ထင်ရှားသည်။ ဗုဒ္ဓဘာသာနွယ်ဝင် ရှေးမြန်မာကြီးတို့သည် ပူပြင်းခြောက်သွေ့သော ရေပြတ်သော
ကဆုန်လတွင် မိမိတို့ဗုဒ္ဓဘာသာအရ အမြတ်တနိုး တန်ဖိုးထားသော မဟာဗောဓီပင်များကို မညှိုးမနွမ်းလန်းဆန်းရှင်သန်ကြီးထွားစေရန် ဟူသော ဆန္ဒမွန်ဖြင့် ရေသွန်းလောင်းပူဇော်ကြရာမှ ညေငာင်ရေသွန်းလောင်းသော ရိုးရာဓလေ့ပေါ်ပေါက်လာရည်ဟု အဆိုရှိပါသည်။
ကဆုန်လကို ပုဂံခေတ်ကျောက်စာတို့တွင် “ကုဆုန်၊ ကူဆုန်၊ ကဆုန်၊ ခူဆုန်၊ ခုဆုန်” စသည်ဖြင့်မူကွဲအမျိုးမျိုးရေးသားခေါ်ဝေါ်ခဲ့သည်ကိုတွေ့ရကြောင်း သမိုင်းသုတေသီတို့၏ အဆိုအရသိရပေ
သည်။အချို့ကမှု“ကဆုန်”မှာမူလဝေါဟာရဖြစ်၍ ကျန်ဝေါဟာရများမှာ တစ်ဆင့်တစ်ဆင့်ရွေ့လျားပြောင်းလဲ
သော ဝေါဟာရများသာဖြစ်သည် ဟုဆိုကြပြန်သည်။ ဤတွင် ကဆုန်ကို “ရေသွန်းလောင်းသောလ၊ ရေလောင်းသောလ၊ ရေဖျန်းသောလ” စသည်ဖြင့် အဓိပ္ပါယ်ဖွင့်ဆိုခဲ့ကြကြောင့် သိမှတ်ရပါသည်။
မည်သို့ပင်ဆိုပါစေ ကဆုန်လသည် ဗုဒ္ဓဘာသာနွယ်ဝင်မြန်မာလူများအတွက် အလေးအမြတ်ထားအပ်
သော လထူးလမြတ်တစ်လဖြစ်နေသည်ဟု ဆိုချင်ပါသည်။ အကြောင်းမှာ- “ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင်နန်းနိဗ္ဗာန်” ဟူသောစကားအရ ကဆုန်လပြည့်နေ့သည် မြတ်စွာဘုရားရှင်၏ ဗုဒ္ဓဝံသ (ဗုဒ္ဓဝင်) ဖြစ်တော်စဉ်များနှင့် တိုက်ရိုက်ဆက်နွယ်နေသောကြောင့်ပင်ဖြစ်ပေသည်။ ဗုဒ္ဓဘာသာနွယ်ဝင် သူတော်စင်အပေါင်းတို့၏ ကိုးကွယ်ဆည်းကပ်အားထားရာဖြစ်သော ဂေါတမနွယ်ဖွားမြတ်ဗုဒ္ဓသည် သုမေဓာရှင်ရသေ့ဖြစ်စဉ်အခါက ဒီပင်္ကရာ ဘုရားရှင်၏အထံတော်မှ “နောင်အခါတွင် ဘုရားစင်စစ်ဧကန်
ဖြစ်လိမ့်မည်” ဟုနိယတဗျာဒိတ်တော်ကိုစတင်ခံယူရရှိတော်မူသည့်အချိန် သည် စကားဝါပန်းရနံ့သင်းသော
ကဆုန်လလပြည့်နေ့ပင်ဖြစ်သည်။
ထို့ပြင် မဟာသက္ကရာဇ် ၆၈ ခုနှစ်၊ (၆၂၃-ဘီစီ) ကဆုန်လပြည့် သောကြာနေ့တွင် နီပေါနိုင်ငံ နယ်စပ်ရှိ
ကပိလဝတ်(ကပိလဝတ္ထု)ပြည် လုမ္ဗိနီ ဥယျာဉ်တော်၌ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားးကို မဟာ
မာယာဒေဝီ မိဖုရားကြီးမှ မီးရှုသန့်စင်ဖွားမြင်တော်မှုခဲ့သည်။ ဘုရားအလောင်းတော်ကို ဖွားမြင်တော်မှု
ဤတွင် မဟာဗောဓိပင်ဆိုသည်မှာ မဇ္ဈိမဒေသ ဥရုဝေလတောအနီး ဘုရားရှင်တို့ ပွင့်ထွန်းပေါ်ပေါက်
တော်မူရာ ဗဟိုအချက်အချာ အောင်မြေအရပ်၌သာ ဖြစ်ထွန်းပေါ်ပေါက်ရမြဲပင်ဖြစ်ပေသည်။ ဘုရားအလောင်းတော်သည် မဟာဗောဓိပင်ကို အမှီပြုကာ မဟာသက္ကရာဇ် ၁၀၃ ခုနစ်၊ (၅၈၉-ဘီစီ) ကဆုန်လပြည့်နေ့တွင် သစ္စာလေးပါးမြတ်တရားကို ထိုးထွင်းသိမြင်ကာ အလုံးစုံကိုအကုန်သိမြင်တော်သော
သဗ္ဗညုတညဏ်တော်ရှင် ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့သည်။
ဖော်ပြပါကဲ့သို့ပင် ကဆုန်လသည် ဘုရားရှင် ဗုဒ္ဓဝင်ဖြစ်တော်စဉ်နှင့် ဆက်နွယ်မှုရှိသောကြောင့် ကဆုန်လကို ဗုဒ္ဓဘာသာဝင်သူတော်စင်တို့က လထူးလမြတ်တစ်လအဖြစ် မှတ်ယူထိုက်ကြောင်းဆိုခဲ့ရခြင်း
ဖြစ်ပေသည်။ မဟာဗောဓိပင်သည် ဘုရားရှင်၏ ဖွားဖက်တော် ခုနစ်ဦးစာရင်း၌ ပါဝင်နေခြင်း၊ ထိုဗောဓိပင်ကို အမှီသဟဲပြု၍ ဘုရားအလောင်းတော်သည် ဘုရားအဖြစ်သို့ရောက်ရှိတော်မူခြင်းတို့ကြောင့်
ဝင်တို့က အလေးအမြတ်ထားကာ မူလဗောဓိပင်မှ ပင်ပွားများရယူလျက် မိမိတို့နိုင်ငံ၊ မြို့ရွာဒေသအလိုက်
ဒဏ်ကြာင့် သေကျေပျက်စီးမှုမရှိစေရန် ဟူသောရည်ရွယ်ချက်ဖြင့် မဟာဗောဓိပင်အား ညောင်ရေသွန်း
တစ်ခုပင်ဖြစ်သည်။ စာရေးသူ- သစ္စာရောင်ခြည်နှင့် မောင်သဏ်းလှိုင်တို့ရေးဖွဲ့သည်။

0 comments:
Post a Comment