* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, May 23, 2010

ဓာတ္မီးအထိုး မခံတဲ့ အမေတ

မန်မာပြည်တွင် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်းက ဂျိုးအမတေ ခိုအမတေ စသည်ဖြင့် အမတေတွေ တော်တော်ခေတ်စားလိုက်သေးသည်။
အမတေဟူသည် ဂျိုးဥလျှင် ထိုဥတွေထဲတွင် အစွမ်းထက်သော ဂျိုးအမတေဥတစ်လုံးပါသည်။ ခိုကဥလျှင်လည်း ထိုဥတွေထဲတွင် အစွမ်းထက်သော
ခိုအမတေဥတစ်လုံးပါသည်ဟုဆိုကြသည်။ ထိုအမတေများ၏ အစွမ်းသည်ကား ဓာတ်နှင့်မီးထိုးလျှင် ဓာတ်မီးမလင်း၊ သေနတ်နှင့်ပစ်လျှင် ကျည်မထွက်ဟု
ပြောဆိုကြသည်။ သို့ဖြစ်သဖြင့် လိုချင်သူများ အတော်များသလို ရှာဖွေသူတွေလည်း အတော်များလှပေသည်။ ရောင်းရလျှင်ကား သိန်းနှစ်ဆယ် သုံးဆယ်
အသာလေးပင်ရနိုင်လေသည်။ အထက်ပါအကြောင်းအရာနှင့် ပတ်သက်သဖြင့် တကယ်ဖြစ်ရပ်မှန်လေးတစ်ခုကို တင်ပြလိုပါသည်။
တစ်ခါက လှတောနယ်မှ ဒါယကာကြီးတစ်ဦးသည် ဂျိုးအမတေတစ်လုံးကို ရရှိထားလေသည်။ သူသည် ထိုအမတေကို ရောင်းရန် အမရပူရမြို့သို့တက်သွား
လေသည်။ သူသည် အမရပူရမြို့တွင် သူ၏ တူတော်မောင်ဦးဇင်းရှိသော ကျောင်းတစ်ကျောင်းကို တည်းကာ ဂျိုးအမတေ၀ယ်မည့်သူကို စောင့်မျှော်နေလေသည်။
ဒါယကာကြီးသည် ထိုကျောင်းမှာ တည်းနေစဉ် ထီးချိုင့်မြို့နယ်အတွင်း ရွာတစ်ရွာမှ ထိုဒါယကာကြီး၏ တူတော်မောင်သည်လည်း အလုပ်ကိစ္စ
တစ်ခုဖြင့် ထိုကျောင်းသို့ ရောက်လာလေသည်။ သို့ဖြစ်သဖြင့် တူအရီးတွေ ကျောင်းတွင်ဆုံးကြကာ အလ္လာပသလ္လာပ စကားကို အားရပါးရပြောကြရင်း ထိုဒါယကာ
ကြီး၏ ဂျိုးအမတေတော့ပစ်ဆီသို့ ရောက်သွားလေသည်။ ဒါယကာကြီးက
“တူတော်မောင်ရေ ငါ့ဂျိုးအမတေသာ ရောင်းထွက်လို့ကတော့ အနည်းဆုံးသိန်းနှစ်ဆယ်ရမှာ၊ ရလာရင်တော့ ဆယ်သိန်းကို ဘဏ်မှာအပ်ထားမယ်၊ ကျန်ဆယ်သိန်းက
တော့ စီးပွားရေလုပ်ရမှာပေါ့ကွာ၊”ဂျိုးအမတေအကြောင်း အာဘောင်အာရင်း သန်သန်နှင့် ပြောနေလေသည်။ တူတော်မောင်ကိုလည်း နေ့စဉ် လဘက်ရည်ဆိုင်ခေါ်သွား
ကား လဘက်ရည်ချို ပဲပလာတာတို့ဖြင့် နေ့တိုင်းဧည့်ခံလေသည်။ တူမောင်သည်ကား လဘက်ရည် ပဲပလာတာတို့၏ မျက်နှာကြောင့် ထိုဂျိုးအမတေအကြောင်းကို
မနည်းသည်းခံကာ နားထောင်းနေရလေသည်။ သို့သော် နားကား အတော်ညည်းလှပေပြီ။ ခေတ်ပညာတတ် မြန်မာစာဘွဲ့ရ ကျောင်းသားတစ်ယောက်ဖြစ်သည်
အားလျှော်စွာ သူ၏ ဦးလေး၏ လုပ်ငန်းကိုလည်း စိတ်မ၀င်းစား၊ မယုံကြည်ပေ။ သူ၏ ဦးလေးသည် ယူဆောင်လာသော ဂျိုးအမတေအစွမ်းထက်ရန်အလို့ငှာ
နံနက်ခင်းတိုင်း အစောထကာ
“ဥုံ ဣတိပိ သော ဘဂ၀ါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ”စသည်ဖြင့် ဥုံခံကာ ရွတ်နေသည်မှာ မိုးတွင်းအခါတွင် တဥုံဥုံအော်နေသော ဖား ဖားဂပြုတ်တို့ကပင်
အရှုံးပေးရမည်ထင်၏။ဘေးမှ မြင်နေရသော တူတော်မောင်မှာ ဦးလေးဖြစ်သူ၏ အဖြစ်ကို ကြည့်ကာ သဘောကျနေမိသည်။ တစ်နေ့ ထိုကျောင်းသို့ ဂျိုးအမတေကို
ဝယ်ရန်အလို့ငှာဧည့်သည်တစ်သိုက် ရောက်လာလေသည်။ ထိုအခါ ဒါယကာကြီးသည် တော်တော်ပျော်သွားသည်။ သူသည်
“ကျွန်တော်ရဲ့ ဂျိုးမတေက အလွန်အစွမ်းထက်တယ်၊ ဓာတ်မီးနဲ့ ထိုးလျှင် ဓာတ်မီးမလင်းဘူး၊ သေနတ်နဲ့ ပစ်လျှင်လည်း ကျည်မထွက်ဘူး၊”စသည်ဖြင့်
ထိုဂျိုးအမတေ၏ အစွမ်းကိုပြောပြသောအခါ ဧည့်သည်များသည် ကြိုက်သွားကာ
“ဒါဆို ကျွန်တော်တို့ ဓာတ်မီးနဲ့ အရင်ထိုးကြည့်မယ်၊ ပြီးမှ သေနတ်နဲ့ ပစ်ကြည့်မယ်ဗျာ၊ ခင်ဗျားပြောတဲ့အတိုင်း စွမ်းရင်သိန်းနှစ်ဆယ်ပေးမယ်။”ဟု ဆိုကာ
ဂျိုးအမတေကို စားပွဲပေါ်တင်ကာ ဓာတ်မီးဖြင့် ထိုးကာ စမ်းလိုက်လေသည်။ ဓာတ်မီးလင်း မလင်းတော့မသိ။ ထိုဂျိုးအမတေဥတွင်သာမက
တစ်ကျောင်းလုံးလိုပင် လင်းထိန်းသွားလေသည်။ ထိုအခါ ဧည့်သည်များက
ဓာတ်မီးနဲ့ ထိုးရင် မီးမလင်းဘူးလဲပြောတယ်၊ ခုဟာက ပိုတောင်လင်းနေသေးတယ်၊ ခင်ဗျားအမတေက ဓာတ်မီးထိုးမခံတဲ့ အမတေကြီးပါဗျာ။”ဟု ဆိုကာ
ဧည့်သည်တစ်သိုက် ပြန်ထွက်သွားလေသည်။ ထိုအဖြစ်ကို ဘေးမှ ကြည့်နေသော ထီးချိုင့်သား ကဗျာ လင်္ကာ ဒွေးချိုး လေးချိုး အစပ်တော်သော တူတော်မောင်က
“ဘုံဘ၀မှာဖြင့် ဥုံဖွသံ ညံမစဲသော်လည်း
ကြုံရကံတကယ်နည်းတာကြောင့်
လွဲလေတဲ့ အမတေ
ရောင်းရလို့ပြေရင် ဘဏ်ကိုလွှဲ
ဓာတ်မီးထိုးမခံတာကြောင့်
လပ်ကီးညှိုးပြန်ရသူ ဒို့အဖိုး
အမယ်မင်း သောက်ကြိုးကိုနည်း။”ဟု စပ်ဆိုလိုက်သောအခါ ဂျိုးမတေရောင်းမရသဖြင့် စိတ်ပျက်နေသော ဦးလေးဖြစ်သူသည် တူတော်မောင်၏ ပြောင်မြောက်သော စာချိုးကို ကြိုက်သဖြင့်
ဝမ်းမြောက်ဝမ်းသာဖြစ်ကာ
“အေး တူတော်မောင်ရေ မင်းစာချိုး တကယ်ကောင်းတယ်၊ ငါ့အမတေရောင်းမရသော်လဲ မင်းကို ချီးမြှောက်တဲ့အနေနဲ့ လဘက်ရည်တိုက်မယ်ကွာ။”ဟု
လက်ဆွဲခေါ်ကာ တူအရီးနှစ်ယောက်တို့သည် လက်ဘက်ရည်ဆိုင်သို့ ချီတက်သွားလေတော့သတည်း။
0 comments

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP