လျှောက်ခဲ့တဲ့လမ်း
နွေကောင်းကင်မှာ
ပိုးဆိုးပက်စက်ပူလည်း
အောက်ကျို့ခံပြီးမတောင်းဆိုနဲ့
နွေအိပ်မက်မှာ နွေလိုပူတာ မဆန်းဘူး
ဆောင်းနဲ့မိုး အားမကိုးနဲ့
ကြံ့ကြံ့ခံနိုင်ဖို့ ကြိုးစားထား။
ပြိုင်တူမက်ခွင့်မရတဲ့ အိပ်မက်တွေ
ပြိုင်တူမက်ကြလော့
ရိုးအခြင်းကို သမိုင်းမတင်ထားဘူး
အငှါးကျောင်းပေးရမယ့် နွားတွေမှ မဟုတ်တာ
ကိုယ်တိုင်ရေးထားတဲ့စာမျက်နှာ
ဘယ်သူဖတ်ဖတ် လှနေဖို့ပဲ အရေးကြီးတယ်
ရာသီစောင့်နေဖို့လည်းမလိုဘူး
လျှောက်ရမယ့်လမ်းကတော့
နောက်ပြန်မြှား ပြကိုမပြထားဘူး
အမှန်တရားဟာ မြှားဦးပဲ။

0 comments:
Post a Comment