* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, April 16, 2010

ကြာပင်အောက်က ဖား

ဇောင်းတောကန်ရွာကနေ မြို့ တက်ဈေးဝယ်လာတဲ့ သူငယ်ချင်း နိုင်လင်းနဲ့ လဘက်ရည်ဆိုင်မှာတွေ့တော့ စကားတွေ ရေပက် မ၀င်အောင် ပြောဖြစ်ကြပါတယ်။
နိုင်လင်းက ဇောင်းတာကန်ရွာ တွဲဘက်ကျောင်းဆရာ လူပျိုကြီးပါ။
မိန်းမ မယူဘဲ မိခင်အိုကြီးကို လုပ်ကျွေးပြုစုနတဲ့ သားလိမ္မာ တစ်ဦးဆိုရင် မမှားဘူး။
သူနဲ့က တစ်လမှာ တစ်ကြိမ်လောက်တော့ မြို့တက်ဈေးဝယ်လာခိုက်
တွေ့ဆုံရတာမို့ စကားတွေက ပြောလို့ မ၀ကြဘူး။
ဒီတခေါက်မှာတော့ နိုင်လင်းက အကူအညီတစ်ခုတောင်းပါတယ်။
ဟေ့ကောင်၊ မင်းအားရင် ငါနဲ့ စာအုပ်ဆိုင်လိုက်ခဲ့ပါကွာ။
`“ ဘာလဲ၊ ကျောင်းစာအုပ်တွေ ၀ယ်မလို့လား”
`“မဟုတ်ပါဘူးကွာ၊ အမေမှာလိုက်တဲ့ စာအုပ်တွေ ရှာချင်လို့ပါ။”
`ပြောပြောဆိုဆိုပဲ သူ့ အင်းချီအိတ်ကပ်ထဲက စာရွက်ကလေး တစ်ရွက်ထုတ်ပြလို့ ဖတ်ကြည့်လိုက်တော့ ---
---
`“ ငါ့ကိုမချစ်ပါနဲ့”
`“အချစ်ကံခေပေမယ့် ၊အနှစ်ကျန်စေရမယ်”
`“လမ်းခွဲတာ ၀မ်းနည်းစရာလား”
`“မချစ်တတ်၊ မမုန်းတတ်တဲ့လူ့  ”
`“ ဆေးပေါင်းခတဲ့ မျက်ရည်”
`“အနေဝေးပေမယ့် အဝေးနေ မဟုတ်ပါ”
`“အကောင်းကံချစ်မှ အချစ်ကံကောင်းမယ်”
“ဟေ့ကောင် နိုင်လင်း၊ မင်းအမေ ဒီအရွယ်အထိ အချစ်ဝတ္တုတွေ ဖတ်နေတုန်းပဲလား”
“အင်း၊ မင်းတော့ ကြာပင်အောက်က ဖားနဲ့ တူနေပြီနော်၊
အဲဒါ တရားစာအုပ်မှ တရားစာအုပ် နာမည်တွေကွ။”
`“ဟေ”
မောင်ခင်မှိုင်း။ချောက်
မဟေသီ၂၇၁။ ဇွန် ၂၀၀၇

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP