လူမှုရေး
သူပြုံးပြလျှက်
အပြုံးခက်
အမုန်းဘက်က နေတာကိုး ။
သူတဲ့ပြလျှက်
အတဲ့ခက်
အရွဲ့ဘက်က နေတာကိုး ။
သူပြုပြင်လျှက်
အပြင်ခက်
ဟင့်အင်ဘက်က နေတာကိုး ။
သူလက်ကမ်းလျှက်
အလှမ်းခက်
အခြမ်းဘက်က နေတာကိုး ။
သူဖေးမလျှက်
အထခက်
အထိုင်ဘက်က နေတာကိုး ။
ပြန်ပြုံးရတာ ရှက်စရာလား ?
ပြန်တဲ့ရတာ ရှက်စရာလား ?
ပြန်ပြင်ရတာ ရှက်စရာလား ?
လက်လှမ်းရတာ ရှက်စရာလား ?
ပြန်ထရတာ ရှက်စရာလား ?
ကောက်ချက်ကများများ
မေးခွန်းကများများ
သူများကိုရမ်းထားတာတော့မဟုတ်
ကိုယ့်စိတ်သရုပ်ကိုယ်ပြန်ခွဲ
အရဲစွန့်ပြီး ချဲထားတာ ။
ဒီမှာ-
မုန်းပြီးရင် ပြန်ပြုံးနိုင်ဖို့လိုတယ် ။
ရွဲ့မိရင် ပြန်ပြီးတဲ့နိုင်ဖို့လိုတယ် ။
မှားခဲ့ရင် ပြန်ပြင်နိုင်ဖို့လိုတယ် ။
ကမ်းလက်ကို လှမ်းဆက်နိုင်သင့်တယ် ။
ဖေးမရင် ပြေးထနိုင်သင့်တယ် ။
အင်း- ထင်နေတုန်းပဲ ရှိပါသေးတယ် ။
အပြုံးခက်
အမုန်းဘက်က နေတာကိုး ။
သူတဲ့ပြလျှက်
အတဲ့ခက်
အရွဲ့ဘက်က နေတာကိုး ။
သူပြုပြင်လျှက်
အပြင်ခက်
ဟင့်အင်ဘက်က နေတာကိုး ။
သူလက်ကမ်းလျှက်
အလှမ်းခက်
အခြမ်းဘက်က နေတာကိုး ။
သူဖေးမလျှက်
အထခက်
အထိုင်ဘက်က နေတာကိုး ။
ပြန်ပြုံးရတာ ရှက်စရာလား ?
ပြန်တဲ့ရတာ ရှက်စရာလား ?
ပြန်ပြင်ရတာ ရှက်စရာလား ?
လက်လှမ်းရတာ ရှက်စရာလား ?
ပြန်ထရတာ ရှက်စရာလား ?
ကောက်ချက်ကများများ
မေးခွန်းကများများ
သူများကိုရမ်းထားတာတော့မဟုတ်
ကိုယ့်စိတ်သရုပ်ကိုယ်ပြန်ခွဲ
အရဲစွန့်ပြီး ချဲထားတာ ။
ဒီမှာ-
မုန်းပြီးရင် ပြန်ပြုံးနိုင်ဖို့လိုတယ် ။
ရွဲ့မိရင် ပြန်ပြီးတဲ့နိုင်ဖို့လိုတယ် ။
မှားခဲ့ရင် ပြန်ပြင်နိုင်ဖို့လိုတယ် ။
ကမ်းလက်ကို လှမ်းဆက်နိုင်သင့်တယ် ။
ဖေးမရင် ပြေးထနိုင်သင့်တယ် ။
အင်း- ထင်နေတုန်းပဲ ရှိပါသေးတယ် ။
"အတ္တာနံ ကိရ ဒုဒ္ဒမော" ( မိမိကိုယ်ကို ဆုံးမရခြင်းသည် ခက်၏ )
"အတ္တာနံ ဒမယန္တိ ပဏ္ဍိတာ" ( ပညာရှိတို့သည် မိမိကိုယ်ကို ဆုံးမနိုင်ကုန်၏ )


0 comments:
Post a Comment