* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, April 16, 2010

သာဝထ္ထိသို့ ခရီးဆက်( မြန်မာသင်္ကြန်ပွဲကို လွမ်း)


15-4-2010 သင်္ကသ နဂိုရ်မှ သာဝထ္ထိသို့

နံနက်(၆)နာရီတွင် နယူးဒေလီမြို့ က သင်္ကသကိုရောက်ပါတယ်။ နံနက်စာစား၍ အနားယူကြ တယ်။ရေချိုးပြီး အင်တာနက်ဖွင့်တယ်။ ဘလော့တင်၊ တောင်ကြီးသို့ မေးလ်ပို့တယ်။ နေ့လည်စာ စားပြီး နားကြတယ်။ နေ့လည်(၂း၃၀)နာရီမှာ သင်္ကသ မြန်မာကျောင်းမှ ဆရာတော်ဘုရားအား ပူဇော်ကန်တော့ကြပါတယ်။

ညနေ(၄း၃၀)နာရီမှာ သင်္ကသ နယ်မြေက မြတ်စွာဘုရားရှင်တော် တာဝတ္တိန်သာနတ်ပြည်သို့ လူဘ၀မှမိခင်မယ်တော် နတ်သားအားတရားဟော၍ ပြန်လည်ကြွမြန်းလာသော ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်း ကုန်းမြင့်နေရာဖြစ်ပါတယ်။

ယခုနေရာကတော့ ရှင်သာရိပုတ္တရာ ရဟန်းတာကိုယ်တော်မြတ်က လှည်းသားငါးရာတို့အား တရားဟောတော်မူသော နေရာဖြစ်ပါတယ်။ ကျွန်တော်တို့ ဘုရားဖူးသော နေရာဌါန နှစ်ခုလုံး ကို ဟိန္ဒူဘာသာဝင်များက သူတို့၏ ဘုရားကျောင်းနေရာများ ပူးတွဲသတ်မှတ်ထားကြပါတယ်။ ယင်းနေရာ(၂)နေရာတွင် စေတီဘုရားတည်ထားကိုးကွယ်ခွင့်မရကြောင်း သိရှိခဲ့ရပါတယ်။

ည(၈)နာရီမှာ သင်္ကသ နဂိုရ်မြန်မာကျောင်းမှ ညစာထမင်းစားပြီး သာဝထ္ထိပြည် သို့ထွက်ခဲ့ကြ ပါတယ်။ တစ်ညလုံးကားစီးကြရပါတယ်။ သာဝထ္ထိသို့ ၁၅-၄-၂၀၁၀ နေ့ နံနက်(၅)နာရီခန့် တွင် ရောက်မည် သိရပါတယ်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP