* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, April 16, 2010

ဒယ်ဂူးသင်္ကြန်ပွဲ ဖိတ်ကြားခြင်း...

ဒယ်ဂူးမြို့ရှိ ရွှေမြန်မာများ စုပေါင်း၍သင်္ကြန်ပွဲတော် ကျင်းပမည်ဖြစ်ပါသည်။ ရပ်နီးရပ်ဝေးမှ ပါဝင်ဆင်နွဲလိုသော မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်းများကို လိုက်လှဲနွေးထွေးစွာ ဖိတ်ခေါ်အပ်ပါသည်။ ပထမဦးစွာ ဒယ်ဂူးမြို့ စိတ္တသုခမြန်မာဘုန်းတော်ကြီးကျောင်း ပဓာနနာယကဆရာတော် ဘဒ္ဒန္တဝိစိတ္တ မှ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈယ်ပြီး ပရိသတ်များကို တရားရေအေး တိုက်ကျွေးဟောကြားတော်မူပါမည်။

ထို့နောက်အစားအသောက်နှင့် ကံစမ်းမဲအစီအစဉ်များ၊ ရေပက်ကစားခြင်းများကို ပျော်ရွှင်စွာ ကျင်းပမည်ဖြစ်ပြီး ညနေ(၄)နာရီတွင် အစီအစဉ်အားလုံးကို ရပ်ဆိုင်းပါမည်။

ကျင်းပမည့်ရက် ။ ။ ၁၈.၄.၂၀၁၀ (တနင်္ဂနွေနေ့)
ပွဲစတင်မည့်အချိန် ။ ။ မနက် ၁၁ နာရီ
ပွဲကျင်းပမည့်နေရာ ။ ။ San 45 Galsan-dong, Dalseo-gu, Daegu South Korea (갈산공원)
စားသောက်ဖွယ်ရာ ။ ။ ကြာဇံချက်၊ မုန့်လုံးရေပေါ်နှင့် အခြား မြန်မာ စားသောက်ဖွယ်ရာများ

မှတ်ချက်။ ။ မိမိအစီအစဉ်ဖြင့် လာရောက်ဒါနပြုလိုသူများ 010 5658 2250 ကို သောကြာနေ့နောက်ဆုံးထား၍ ဆက်သွယ်ပါရန်။
မြေပုံ


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP