* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, March 1, 2010

Happy Holi Hey!

“ဝုန်း”

“ဟေး”

“ဒိုင်း”

“ဟေး”

“ရူး........”

“ဟေး”

မနေ့ညက ကြားခဲ့ရတဲ့ အသံဗလံတွေပါ။ အိန္ဒိယ “Holi” ပွဲတော်ရဲ့ ဗြောက်အိုးဖေါက်တဲ့အသံတွေက နားကွဲမတတ် ဝန်းကျင်တစ်ခုလုံး ဆူညံနေတယ်။ ကလေးလူကြီး အားလုံးပျော်နေလိုက်ကြတယ်။ စိတ်ကို ထွက်ပေါက်ပေးလိုက်ကြတာလားမသိဘူး။ ဗြောက်အိုးတစ်ခုကို မီးရှို့လိုက် ပေါက်ကွဲသွားရင် “ဟေး” လို့အော်လိုက်ကြနဲ့ ကျနော့်စိတ်က ဟိုး....အဝေးကြီးကို ပြန်ရောက်သွားပြီး အတွေးထဲမှာ ပြန်ငယ်သွားသလိုပဲ။ စိတ်က ဘယ်ကို သတိရနေမှန်းမသိဘူး။

ငယ်ငယ်ကတော့ ဒီလို အသံတွေ ကြားဖူးနေတယ်။ ကြားမှာပေါ့။ ကိုယ်တိုင်ဆော့မြူး ပျော်ခဲ့ဖူးတာကိုး။ သီတင်းကျွတ်ဆို သီတင်းကျွတ်မို့၊ တံခူးသင်္ကြန်ဆို သင်္ကြန်မို့ ကလေးဘဝက ပျော်ခဲ့တာတွေ ငယ်သူချင်းတွေ ပြန်တွေ့လို့ ပြန်ပြောရင်း ပြန်ပျော်ရတာ အမော။

ရာသီတွေ အလီလီပြောင်းခဲ့။
နာရီတွေ မရေတွက်နိုင်အောင် လည်ပတ်ခဲ့။
သူငယ်ချင်းတွေလည်း ဟိုရောက် ဒီရောက်။
နေရာအသစ်ရှာကြတာတဲ့။ ရေကြည်ရာ မြက်နုရာပြောင်းဆိုသလိုပေါ့။ စာစောင်တစ်ခုမှာ သပိတ်အိုင်ဆရာတော် သီတဂူဆရာတော်သြဝါဒကို ဖတ်လိုက်မိတယ်။ ရေကြည်ရာ မြက်နုရာတွေ လိုက်လိုက်မပြောင်းကြဖို့၊ လက်ရှိနေတဲ့ နေရာမှာ ရေမကြည်ရင် ရေကြည်အောင်လုပ်ဖို့၊ မြက်မနုသေးရင်လည်း မြက်နုအောင် ကြိုးစားကြဖို့ သြဝါဒပေးတာ လိုက်နာစရာအတော်ကောင်းတယ်။ ဆရာတော်ကိုယ်တော်တိုင်လည်း နမူနာယူထိုက်အောင် လုပ်ပြထားတာ မနောမနဲလေ။

နေရာတစ်ခုပြောင်းတိုင်းအထူးအဆန်းတစ်ခုမကတွေ့ရစမြဲပဲမဟုတ်လား။

ဟိုး............အဝေးက ပျော်မြူး အော်သံတွေ ကြားလိုက်ရတယ်။
“Happy Holi” တဲ့။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP