* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, March 1, 2010

သောမာထေရီ

0005052Kph0.jpg

ရာဇဂြိုဟ်ပြည် ဗိမ္ဗိသာရမင်းကြီး၏ ပုရောဟိတ် ပုဏ္ဏား သမီးဖြစ်သော ‘သောမာထေရီ’ သည် သတ္တုပ္ပလ မာတိကာ အမည်ရှိသော အဘယာထေရီနှင့် အတူတူပင် သုံးဆယ့် တစ်ကမ္ဘာထက်၌ ပွင့်တော်မူသော သိခီမြတ်စွာဘုရား၏ ခမည်းတော် ‘အရုဏ မင်းကြီး’ ၏ မိဖုရားငယ်ဖြစ်၏။

ထိုမိဖုရားငယ်သည် သိခီမြတ်စွာဘုရားအား ဥပ္ပလကြာပန်း ခုနှစ်ပွင့်ဖြင့် ပူဇော်သောကြောင့် အဘယာထေရီ ကဲ့သို့ပင်လျှင် သုံးဆယ့်တစ်ကမ္ဘာလုံးလုံး အပါယ် မလားမူ၍ ဤ ဘဒ္ဒကမ္ဘာဝယ် ငါတို့မြတ်စွာဘုရား ပွင့်တော်မူသောအါ ဗိမ္ဗိသာရ မင်းကြီး၏ ပုရောဟိတ် သမီး ဖြစ်ကာ မြတ်စွာဘုရားသည် ရဟန္တာ တစ်ထောင်နှင့် ရာဇဂြိုဟ်ပြည်သို့ ရှေးဦးစွာ ကြွလာတော်မူသည်တွင် တရားတော်ကို နာရ၍ ဥပါသိကာ ဖြစ်၏ ထို့နောက် ရဟန်းမိန်းမ ပြုလုပ်ရာ မကြာမြင့်မီ ရဟန္တာ အဖြစ်သို့ ရောက်တော်မူ၏။

ထို သောမာထေရီ အရှင်မသည် ရဟန္တာဖြစ်ပြီးနောက် သာဝတ္ထိပြည်သို့ သွားကာ ကဿပမြတ်စွာဘုရား လက်ထက်က အန္ဓဝနတော ခေါ်ခဲ့သော သူကန်းတောသို့ နေ့သန့်ခြင်းငှာ ဝင်၍ သစ်တစ်ပင်ရင်း၌ နေတော်မူ၏။ ထိုစဉ်တွင် မာရ်နတ်သည် အရှင်မအား သမာဓိ ရွေ့လျောစေခြင်းငှာ ချဉ်းကပ်လာပေ၏။

“သောမာဘိက္ခုနီ၊ ဘုရား အစရှိသော ယောင်္ကျား မြတ်တို့သာ ရောက်နိုင်သော နိဗ္ဗာန်ကို သင်တို့ မိန်းမများသည် ခုနှစ်နှစ်၊ ရှစ်နှစ်အရွယ်မှ အစပြု၍ အခါခပ်သိမ်း ထမင်းချက်၍ နေရသော်လည်း ကျိုက်ကျိုက်ဆူသော ရေ၌ ဆန်ကို ထည့်၍ ပွတ်သောအခါ ထမင်းကျက်သည် မကျက်သည်ကို မျက်စိဖြင့် ကြည့်၍ မသိနိုင်ကြကုန်။ ပွက်ပွက်ဆူသော ဆန်ကို ယောက်မဖြင့် ကော်ယူ၍ လက်နှစ်ချောင်းတို့ဖြင့် ညှပ်၍ ဖျစ်၍ ခြေ၍ စမ်းသပ်မှုဖြင့် ထမင်းကျက်မှန်းကို သိကြကုန်၏”

ထိုအခါ သောမာဘိက္ခုနီ အရှင်မသည် ဤသို့ ဆိုလာသော သူကား လူဟုတ်သလော၊ လူမဟုတ်သလော ဆင်ခြင်သော် မာရ်နတ် ဖြစ်ကြောင်းကိုသိ၏။ ထို့ကြောင့် ထို မာရ်နတ်ကို မောင်းမဲ ချေဆိုခြင်းငှာ ဤသို့ မိန့်တော်မူ၏။

“အချင်းမာရ်နတ်၊ မိန်းမအဖြစ်သည် ငါတို့အား အဘယ်ပြုရမည်နည်း။ စိတ်သည် ကောင်းစွာ တည်ကြည်သည်ရှိသော် အရဟတ္တမဂ်ဉာဏ်သည်ဖြစ်၍ ကောင်းစွာဖြစ်ပျက်တရားကို အထူးရှုသော သူအား မိန်းမအဖြစ်သည် အဘယ်သို့ ပြုရမည်နည်း”

“အချင်းမာရ်နတ်…..
“ဤကိုယ်သည် မိန်းမတည်း ဟူ၍လည်းကောင်း၊ ယောင်္ကျားတည်း ဟူ၍လည်းကောင်း တစ်စုံတစ်ခုသော ရုပ်နာမ်၌ စွဲလမ်းခြင်း ဖြစ်ရာ၏။ အကြင် စွဲလမ်းခြင်း ဖြစ်သောသူအား သင်မာရ်နတ်သည် လက်နှစ်ချောင်းဖြင့် ဗိုင်းငင့်ရုံမျှ သိသောသူ ဟူ၍ ဆိုထိုက်၏”

“လက်နှစ်သစ်လောက်မျှ ဉာဏ်အမြော်အမြင်ရှိသော မိန်းမသည် ဘုရား စသော ယောင်္ကျားမြတ်တို့သာ ရောက်ထိုက်သော အကြင် အရဟတ္တဖိုလ် တည်းဟူသော အရာသို့ ရောက်ခြင်းငှာ မတတ်နိုင်ရာ။
“မွှားမွှားသေးသေး လက်နှစ်သစ်လောက် ဉာဏ်ကလေးဖြင့် သင်တို့မိန်းမသည် အလွန်ခဲယဉ်းသော အရဟတ္တဖိုလ် နိဗ္ဗာန်သို့ မရောက်နိုင်ရာ ဟူ၍ သင်မာရ်နတ် ဆိုသော်လည်း ဖြစ်ပျက်တရားကို ကောင်းစွာထင်ထင် မြင်အောင် ရှုဆင်ခြင်သည်ရှိသော် လက်နှစ်ချောင်းဖြင့် ဗိုင်းငင့်နေသော မိန်းမသည် လည်းကောင်း၊ လက်နှစ်ချောင်းဖြင့် ညှပ်၍ ထမင်းနပ်သည်ကို သိသော မိန်းမသည် လည်းကောင်း၊ ဗိုင်းငင့်ရင်း၊ ထမင်းချက်ရင်း ဖြစ်ပျက်ကို ရှုခြင်းဖြင့် နိဗ္ဗာန်ကို ရနိုင်၏”

သောမာရဟန္တာ အရှင်မ၏ ချေပ ခြိမ်းခြောက်သံကို ကြားရလျှင် မာရ်နတ်သည် နှလုံးမသာစွာဖြင့် ထွက်ခွာသွားလေတော့သည်။

☺ပြီးပါပြီရှင်...။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP