* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, March 1, 2010

ကုလားသင်္ကြန်။

ယနေ့(ကုလားအလို)တပေါင်းလပြည့်နေ့ဖြစ်သည်။ကုလားလပြည့်သည်မြန်မာလပြည့်ထက်တစ်ရက်နောက်
ကျသည်။တပေါင်းလပြည့်နေ့သည်ဟိန္ဒူများ၏ထင်ရှားသောဟိုးလီ(HOLIသင်္ကြန်)ပွဲတော်နေ့ဖြစ်သည်။ဟိုးလီ ပွဲတော်တွင်နေ့ဘက်၌လတ်ဆတ်လန်းဆန်းသောဆေးများဖြင့်တစ်ယောက်နှင့်တစ်ယောက်အပြန်အလှန်လိမ်းသုတ်ကြပြီး, ညဘက်၌ထင်းများစုဆောင်းပြီး မီးရှို့ကြသည်။

(၁) ဆေးဖြင့်လိမ်းသုတ်ခြင်း
ဆောင်းအကုန်,နွေအ၀င်ရာသီပြောင်းချိန်တွင်လူသားများသည်ပျင်းရိပျင်းတွဲဖြစ်နေတတ်သည်။သီချင်းတောင် ကျယ်ကျယ်မဆိုချင်ကြ။ထိုပျင်းရိမှုများ,ပပျောက်သွားပြီးအင်အားသစ်များရရှိလာအောင်စင်ကြယ်လန်းဆန်း
သောဆေးများဖြင့် လိမ်းသုတ်ကြသည်။(ပြောတာ...ပဲ)

(၂) ညဘက်မီးရှို့ခြင်း
ဆောင်းအကုန်,နွေအ၀င်ရာသီပြောင်းချိန်တွင်ပတ်ဝန်းကျင်းနှင့်လူ့ခန္ဓာကိုယ်တွင်ဘက်တီးရီးယားပိုးများတိုး ပွားလျက်ရှိသည်။(ယနေ့အပူဒီဂရီ၁၄.၅ဖာရင်ဟိုက်ရှိနေသော်လည်း)အစဉ်အလာအရဟိုးလီညရှို့လိုက် သောမီးကဘက်တီးရီိးယားပိုးများကိုသတ်ဖြတ်ပြီးပတ်ဝန်းကျင်နှင့်ခန္ဓာကိုယ်ကိုကျန်းမာအောင်ကျေးဇူးပြုနိုင် သည်။ (စာကတော့ ဆို တာပဲလေ..)

[၂၈.၂.၂၀၁၀နေ့ထုတ် COMPACT သတင်းစာမှ ထုတ်နှုတ်ပြန်ဆိုသည်။]

ဤသည်ပင်လျှင် ကိုနော ခရေဇီဖြစ်လှစွာသော လက်ယားအဘိဓာန်တော်ကြီး၏ဦးစွာပထမအစပုဒ်ဖြစ်လေ တော့သည်။

ကိုနော
၂၈.၂.၂၀၁၀
အိမ်လခပေးရန် ပိုက်ဆံအိတ်လိုက်နေရှာသောအချိန်။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP