အပယ်ခံနှိုးစက်
တစ်နေကုန်ပင် ၊ အလုပ်ခွင်၌
ပင်ပင်ပန်းပန်း လုပ်ခဲ့သည် ။
စားဝတ်နေရေး ၊ လူမှုရေးနှင့်
အရေးထွေပြား သွားခဲ့သည် ။
သွားဆဲလာဆဲ ၊ ပန်ပန်းဆဲ၌
ဝဋ်ဆင်းရဲဟု ရှုမိသည် ။
သည်ဝဋ်ဆင်းရဲ ၊ ကုန်အောင်နွှဲဖို့
စိတ်ထဲတေးမှတ် ထားလိုက်သည် ။
လေးနာရီတွင် ၊ နှိုးစက်တင်၍
ကုတင်ပေါ်၌ လျောင်းခဲ့သည် ။
နှိုးစက်မြည်သံ--
နားတွင်လျှံသော်----
"အော်"ဟုယောင်ရမ်း ၊ ဆိုမြည်တမ်း၍
ခပ်ကြမ်းကြမ်းလေး ပိတ်လိုက်သည် ။
မျက်ဝန်းပြန်၍ မှိတ်လိုက်သည် ။
ပင်ပင်ပန်းပန်း လုပ်ခဲ့သည် ။
စားဝတ်နေရေး ၊ လူမှုရေးနှင့်
အရေးထွေပြား သွားခဲ့သည် ။
သွားဆဲလာဆဲ ၊ ပန်ပန်းဆဲ၌
ဝဋ်ဆင်းရဲဟု ရှုမိသည် ။
သည်ဝဋ်ဆင်းရဲ ၊ ကုန်အောင်နွှဲဖို့
စိတ်ထဲတေးမှတ် ထားလိုက်သည် ။
လေးနာရီတွင် ၊ နှိုးစက်တင်၍
ကုတင်ပေါ်၌ လျောင်းခဲ့သည် ။
နှိုးစက်မြည်သံ--
နားတွင်လျှံသော်----
"အော်"ဟုယောင်ရမ်း ၊ ဆိုမြည်တမ်း၍
ခပ်ကြမ်းကြမ်းလေး ပိတ်လိုက်သည် ။
မျက်ဝန်းပြန်၍ မှိတ်လိုက်သည် ။
ကိုယ်တွေ့ပါပဲ ။ တိုက်ဆိုင်သူများရှိပါက
သူလည်းဒီလိုပဲနေမှာပါဟု ဖြေတွေး တွေးနိုင်ကြပါ၏ ။
ပြုပြင်လိုပါကလည်း ပြုပြင်တော်မူနိုင်ကြပါ၏ ။
ဖြေတွေး,ဖော့တွေးတွေးခြင်းသည် တိုးတက်ကြောင်း
မဟုတ်သည်ကတော့ အမှန်ပင်----။



0 comments:
Post a Comment