* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, March 24, 2010

ပုံပေါသူများ

ကျွန်တော်တို့ ပုံပြောသူများအဖွဲ့ရဲ့ပြန်လည်သုံးသပ်ဖို့ အစည်းအဝေးလုပ်ဖြစ်တယ်။ ကျွန်တော်နဲ့ ပုံပြောသူများ အဖွဲ့နဲ့က သိကျွမ်းကြတာဘယ်လောက်မှ မကြာသေးပေမဲ့ ကျွန်တော်တို့ ငယ်ပေါင်းကြီးဖော်လို ချစ်ကြ ခင်မင်ကြပါတယ်။ ကျွန်တော်တို့ အားလုံးတူညီတာ တစ်ချက်တော့ ရှိတယ် ဒါကတော့ အားလုံးပေါကြတာပါ။ သံလွင်တောင်ပြန်ပိစ်ီဆိုတဲ့ကောင် သန်ဇင်လည်း ပေါတယ်၊ ဖိုးပိုင် ဆိုတဲ့ငတလည်း ပိုင်စိုးဦးလည်းပေါတယ်။ အရိုး ဇကွဲ ချမ်းငြိမ်းဆိုတဲ့ ငတိမလေးလည်း လည်းပေါတယ်။ ကာတွန်းဆွဲပြီး ကာတွန်းရုပ်ပေါက်နေတဲ့ အရက်သမား ကာကြီးလည်းပေါတယ်။ စိုးကိုကိုဆိုတဲ့ မျက်မှန်ကြီးတစ်ဝင်းဝင်းနဲ့ စိုးကြီးလည်းရုပ်တည်ကြီးနဲ့ ပေါတာပဲ။ မအိညိုလည်း စတိုင်ကြီးတခွဲသားနဲ့ နေပြီး မပေါတော့ဘူး ပုံစံနဲ့ သူလည်းပေါတာပဲ။ နောက် ဂျာနယ်လစ်အပျိုကြီး မဇာဏီကြီးက ရုပ်ကြည့်တည်းက ပေါမှန်းသိသာတယ်။ ပွကြီးနဲ့ ကိုကောင်းတို့ လည်း အူတုတုနဲ့ ပေါကြတာပဲ။အေးအောင်ဆိုတဲ့ ကလေးမကလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ပေါတာပဲ၊ သဉ္ဖာဆိုတဲ့ လုံကြီးပေါက်လှ မမကလည်း လှတပတနဲ့ ပေါတာပဲ။ နောက် ကျွန်တော်လားကျွန်တော်က ပေါတယ်ဆိုတာ ဟုတ်ကဲ့ပေါတယ်ဗျ ဆိုတဲ့ ပိုစ့်မှာ အတိအလင်း ၀န်ခံပြီးသားပါ။ ပေါခြင်းဟာ ကျွန်တော်တို့ အဖွဲ့ရဲ့ အလှတရားတစ်ခုပါ။ ကျွန်တော်တို့ ပေါတာ ပေါဂေဟာကလူတွေ ပေါတာထက် မသာရင်တာ ရှိမယ် လျှော့တာတော့ လျော့မယ်မထင်။
ဤသို့ဤပုံ ပေါသော ပုံပေါသူများ မှားလို့ ပုံပြောသူများ အဖွဲ့မှာ ကျွန်တော်ပါဝင်လာခြင်းမှာ အဆန်းတော့ မဟုတ်ပါ။ ကျွန်တော်တို့ ပေါရခြင်းမှာ အကြောင်းမဲ့သက်သက်မဟုတ် ရည်ရွှယ်ချက်ရှိရှိပေါကြခြင်း ဖြစ်၏။ အခြားအဖွဲ့များ နှင့် ပူးပေါင်းကာ ကလေးတွေ မိဘမဲ့ ကလေးတွေကိုဖျော်ဖြေတဲ့အခါ ပေါ ပါရဂူဘွဲ့ ရထားသောကျွန်တော်တို့ အဖွဲ့က ကလေးတွေ အကြိုက်ဆုံးဖြစ်သည်။ ကလေးတွေတွေက သူများတွေထက် ကျွန်တော်တို့ကို ချစ်ကြသည်။ ၁၀ယောက်ခန့်ရှိသော ကျွန်တော်တို့ အဖွဲ့ဝင် တစ်ဦးချင်းစီ၏ နာမည်များက အစ ကလေး တွေ မှတ်မိကြသည်။ ကလေးတွေက ကျွန်တော်တို့ကိုချစ်ကြသည်။ ကလေးတွေက ချစ်ခြင်းကပင် ကျွန်တော်တို့ကို ပေါအောင်လုပ်ပေးနေလေ၏။ ကလေးတွေက ပျော်ချင်ကြသည် ရွှင်ချင်ကြသည်။ ရုပ်တည်ကြီးနဲ့ သြ၀ါဒပေးသည်ကို ဘယ်ကလေးကမှ မကြိုက်ကြပေ။ပေါပေါနဲ့ ကိုယ်ကျင့်တရားအကြောင်းပြောသော ငပေါများဖြစ်သော ကျွန်တော်တို့ကို ကလေးတွေ နှစ်သက်ကြသည်။
ကလေးတွေကိုမဆဲနဲ့ မလိမ်နဲ့ စည်းကမ်းရှိကြ အနိုင်မကျင့်နဲ့လို့ ကျွန်တော်တို့ ဘယ်တော့မှမပြောပါ သြ၀ါဒမပေးပါ။သိုသော် ကျွန်တော်တို့ပြောသော ပုံပြင်တွေက ကလေးတွေ မဆဲဖို့ မလိမ်ဖို့ စည်းကမ်းရှိဖို့ကို သာသာယာယာလေးပြောသွားသည်။ပုံပြင်များကလေးတွေ စိတ်ထားလေးတွေကို သူအလိုလို ပြုပြင် ပေးနေ တဲ့လို အကြွင်းမဲ့ယုံကြည်ပါသည်။ ပုံပြင်သည် Soft Power သုံးပြီးကလေးများကို စိတ်ထားပိုင်းဆိုင်ရာ ပြုပြင်ပေးနေသည်လို့ ယုံကြည်ပါသည်။ ကလေးတွေကို ကျွန်တော်တို့ အားလုံးချစ်ကြသည် သူတို့လေးတွေ ပျော်စေရွှင်စေချင်တာ ကျွန်တော်တို့ ရင်တွင်းဆန္ဒပါ။
ကျွန်တော်တို့ကို ပေါတောပေါကောင်တွေပါ လို့ ကျွန်တော်တို့ ကိုပြောရင် စိတ်မဆိုးပါ ဘာဖြစ်လို့လဲဆိုတော့ ဖြူစင်သန်ရှင်း လှပတဲ့ နှလုံးသားပိုင်ရှင် ကလေးများ၏ ချစ်ခြင်းကို ကျွန်တော်တို့ ပိုင်ဆိုင်နေလို့ပဲ ဖြစ်ပါတယ်။

About the Author



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP