* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, March 24, 2010

ငါ တစ်ယောက်တည်းလား?

ပို့စ်အသစ် မတင်ဖြစ်တဲ့အချိန်မှာ ဂီတကို တစိမ့်စိမ့် ဖတ်ဖြစ်ပါတယ်။ နားထောင်တာ အားမရလို့ စာသား တွေကို နောက်ကလိုက်ရေးပြီး သံစဉ်မပါဘဲ ဖတ်ဖြစ်နေတဲ့ စာသားတွေကိုပါ။ နားထောင်ဖြစ်တဲ့သီချင်းက ကိုလေးဖြူရဲ့သီချင်းလေးပါ။ တွေးလိုက်တိုင်း စဉ်းစားလိုက်တိုင်း နေသားတကျ ဖြစ်နေတဲ့ ရေလိုက် ငါးလိုက် ဘဝတွေက သံစဉ်မပါဘဲ တေးသားကို ဖတ်နေရသလိုပါပဲ။ တေးသားက ဒီလိုပါ........

ဒီလို ငါ ယုတ္တိမရှိတဲ့ အဖြစ်ကို
ယုတ္တိရှိဖို့ မွန်းမံနေရင်း
သေချာအောင် အသေးစိပ် ခွဲခြမ်းကြည့်တော့
ငါလုပ်တဲ့ အလုပ်က အဓိပ္ပါယ်မရှိဘဲ
ငါတစ်ယောက်တည်း မဖြစ်တော့
ဒီအတိုင်း နှုတ်ပိတ်။

တိတ်ဆိတ်မှုတွေနဲ့ ပေါင်းဖက်ကာ
နှုတ်ပိတ်။

ဆွံ့အမှုတွေကြားထဲမှာ
နှုတ်ပိတ်။

ခါးသီးမှုတို့ စားသုံးပါ
နှုတ်ပိတ်။

ဘယ်လူကို အားကိုးပြီး ရှေ့ဆက်မယ်
မင်းမရှိတော့ ငါ အားအင်တွေမဲ့
လူယုံတွေ သတ်တဲ့ ငါ့ရဲ့နေ့တွေက
ဘာတစ်ခုမှ
မင်းမသိနိုင်တော့ဘူး။

ငါ တစ်ယောက်တည်း
နှုတ်ပိတ်။

ဒီ ............နှုတ်ပိတ်။
တိတ် ............နှုတ်ပိတ်။
ဆွံ့ ............နှုတ်ပိတ်။
ခါး ............နှုတ်ပိတ်။
............နှုတ်ပိတ်။
............နှုတ်ပိတ်။




0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP