* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, February 10, 2010

စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းအတွက် ဒုတိယအကြိမ် အလှူရှင်များ ဖိတ်ခေါ်ခြင်း။

အကြောင်းအရာ။ ။စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း ၊ (၂၀၁၀ - ၂၀၁၁ )ခုနှစ်အတွက် တစ်နှစ်စာ ဆွမ်းအလှူရှင်မျာကို ဖိတ်ခေါ်ခြင်း။
မင်္ဂလာအပေါင်းနဲ့ ပြည့်စုံနိုင်ကြပါစေရှင်။
ကျွန်မတို့ မောင်နှမများသည် မြန်မာပြည်တွင်း သံဃာတော်များနဲ့ ကိုရင်လေးများ ဆွမ်းအတွက် အခက်အခဲ မဖြစ်နိုင်ကြစေရန် ရည်ရွယ်ချက် နဲ့အတူ နိုင်ငံခြားရောက် မြန်မာဗုဒ္ဓဘာသာဝင် ညီအစ်ကို မောင်နှမများမှ မိမိတို့ စေတနာ သဒ္ဓါတရား ထက်သန်သလောက် ပါဝင်လှူဒါန်းမှုပြုနိုင်ကြစေရန် ရည်ရွယ်ပြီး ဆရာတော်ကြီးများ ကမကထပြု ဖွဲ့စည်းထားသော စစ်ကိုင်းတောင် ၊ စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းကြီးကို ကျွန်မနဲ့အတူမောင်နှမများမှ နိုင်ငံခြားရောက် စေတနာသဒ္ဓါတရားထက်သန်သော အလှူရှင်များထံမှ အလှူငွေများ ကောက်ခံပြီး ဆွမ်းလောင်းအသင်း အဆင်ပြေအောင်မြင်နိုင်စေရန် ကြိုးစားလုပ်ဆောင်လျှက် ရှိကြပါတယ်ရှင်။

ကျွန်မသည် စစ်ကိုင်းသူ မဟုတ်သလို ၊ စစ်ကိုင်းတောင်ရိုးသို့ တစ်ကြိမ်တစ်ခါမှ မရောက်ဖူးခဲ့ပါ။စစ်ကိုင်းတောင်ရိုးမှ ဆရာတော် ဦးကောဝိဒ နှင့်လည်း အရင်က မသိခဲ့ပါ။ဒီလိုအလှူလေးများလုပ်ဆောင်နိုင်ရန် ဘလော့ဂ်တစ်ခုတွင် ဖတ်ဖြစ်၍ သိရှိခဲ့ရပြီး ဘလော့ဂါဆရာကြီး ကိုရန်အောင်နှင့် တိုင်ပင်ကာ စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်းအတွက် ကျွန်မတို့ ဘလော့ဂါမောင်နှမများ တတ်နိုင်သလောက် အလှူခံပြီး ဖြည့်ဆည့်ပေးဘို့ စိတ်ကူးဖြစ်ပေါ်ခဲ့ပြီး စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းကြီးကို တတ်နိုင်သလောက် ဖြည့်ဆည်းလှူဒါန်းနေကြခြင်းသာ ဖြစ်ပါတယ်ရှင်။

ပထမအကြိမ် (၂၀၀၉- ၂၀၁၀)ခုနှစ်အတွက် အလှူငွေ စာရင်းရှင်းတမ်း ပြုလုပ်ပြီး ဖြစ်ပါ၍ ယခု ဒုတိယအကြိမ်( ၂၀၁၀-၂၀၁၁)ခုနှစ်အတွက် တစ်နှစ်စာ ဆွမ်းအလှူရှင်များကို ပြန်လည်ကောက်ခံသွားမှာ ဖြစ်ပါတယ်ရှင်။ဆွမ်းအလှူအကြောင်းလေးကို မသိသေးသူ အလှူရှင် များသိရလေအောင် ထပ်မံ ပြောပြရမယ်ဆိုရင် ကျွန်မတို့ ဘလော့ဂါ မောင်နှမများ နဲ့ စာဖတ်သူ မောင်နှမများမှ ၂၀၀၉ ခုနှစ် ဇူလိုင်လမှ စပြီး အပတ်စဉ်တနလာင်္နေ့တိုင်းကို စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း ဆွမ်းပတ်အဖြစ်သတ်မှတ်ပြီး သံဃာတော် အပါး ၂၅၀ မှ သံဃာတော် နဲ့ ကိုရင်လေးများ အပါး ၅၀၀ ကျော်အထိကို နေ့ဆွမ်းဟင်းများ လောင်းလှူလျှက်ရှိကြပါတယ်ရှင်။တနလာင်္ဆွမ်းပတ်တိုင်းမှာ ဆွမ်းဆန်အလှူရှင်(ကိုဖြိုး+ကိုထက် ၊ ရွှေအိမ်စည် တယ်လီဖုန်း ရောင်းဝယ်ရေး၊ မန္တလေး) နဲ့ ဆီအလှူရှင် ( ဒေါ်ချိုကုန်စုံဆိုင် ၊ရွှေဘို) များရှိနေတာကြောင့် ကျွန်မတို့မှ ဆွမ်းဟင်း အတွက်ကိုသာပဲ ပြည့်စုံလုံလောက်အောင် လောင်းလှူ နေခဲ့ကြခြင်း ဖြစ်ပါတယ်ရှင်။


အလှူရှင်များကို ထပ်မံမေတ္တာရပ်ခံလိုသည်မှာ ကျွန်မမှ သံဃာတော်များနဲ့ ကိုရင်လေးများကို ဒီနှစ်တော့ အာရုံဆွမ်းပါ တပါတည်း ကပ်လှူနိုင်အောင် စဉ်းစာမိပါတယ်ရှင်။ကျွန်မတို့မှ နေ့ဆွမ်းကိုသာပဲ အဆင်ပြေအောင် စီစဉ်ခဲ့ပေမယ့် အလှူခံကြွလာကြတဲ့ သံဃာတော်များနဲ့ ကိုရင်လေးတွေမှာ စစ်ကိုင်းတောင်ရိုးမှ မြို့ထဲကို ၃၊၄ နာရီကြာအောင် ဆွမ်းခံကြွရတဲ့အတွက် နော်ဝေမှ အလှူရှင်တစ်ဦးက အပတ်စဉ်တနလာင်္နေ့တိုင်းမှာ ကိုရင်နဲ့ သံဃာတော်များအဆင်ပြေစေရန်အတွက် အာရုံဆွမ်းပါ တပါတည်း တာဝန်ယူပြီး ကပ်လှူလျှက်ရှိနေခဲ့တာကြောင့် တနလာင်္နေ့တိုင်းမှာ အာရုံဆွမ်းအတွက် သီးသန့်အလှူထွက်ခံစရာမလိုတော့ပါပဲ သံဃာတော်များနဲ့ ကိုရင်လေးများအတွက် အဆင်ပြေနေခဲ့ရပါတယ်ရှင်။အာရုံဆွမ်းအလှူရှင်ကလည်း ကျွန်မနဲ့ရင်းနှီးခင်မင်နေပြီးတော့ အလှူရှင်မှာ သံဃာတော်များနဲ့ ကိုရင်လေးများအတွက် အဆင်ပြေနိုင်စေရန်သာ စေတနာရှေ့ထားပြီး စီစဉ်ဆောင်ရွက်ပေးနေပေမယ့်လည်း အလှူရှင်မှာလည်း အခက်အခဲတချို့ရှိနေတဲ့အတွက် အာရုံဆွမ်းကိုပါ ကျွန်မတို့မှ တတ်နိုင်သလောက် ပါဝင်လှူဒါန်းသွားနိုင်ဘို့ စီစဉ်ရခြင်း ဖြစ်ပါတယ်ရှင်။

ဒါကြောင့်မို့ မိမိတို့ မွေးနေ့ဆွမ်းအလှူ ၊ မင်္ဂလာဆွမ်းအလှူ နဲ့ အမှတ်တရနေ့ ဆွမ်းအလှူများ ကပ်လှူလိုသူ အလှူရှင်များအနေနဲ့ မိမိတို့ မွေးနေ့ ၊ အမှတ်တရနေ့တွေမှာ သံဃာတော်များကို အဆင်ပြေစွာ ဆွမ်းကပ်နိုင်ရန်အတွက် နေ့ဆွမ်းကို အဓိကထားပြီး လှူဒါန်းစေလိုပါတယ်ရှင်။ဖြစ်နိုင်ကြမယ်ဆိုရင်တော့ (အာရုံဆွမ်း + နေ့ဆွမ်းကို )တပါတည်း ဆက်ကပ်စေလိုပါတယ်ရှင်။ နေ့ဆွမ်းအလှူရှင်သာရှိပြီး အာရုံဆွမ်းအလှူရှင်မရှိတဲ့အလှူရက်တွေမှာတော့ နော်ဝေမှ အလှူရှင်က ကိုရင်လေးများနဲ့ သံဃာတော်များအဆင်ပြေနိုင်စေရန် အာရုံဆွမ်းကို အမြဲဆက်ကပ်လျှက်ရှိနေပါတယ်ရှင်။

ယခု (၂၀၁၀-၂၀၁၁ ခုနှစ်) ဒုတိယ အကြိမ်မှာ အပတ်စဉ် တနလာင်္နေ့တိုင်း အာရုံဆွမ်းအတွက် အလှူငွေ ( ၅၀၀၀၀ ကျပ်)သတ်မှတ်ထားပြီး နဲ့ နေ့ဆွမ်းအတွက် အလှူငွေ(၁၀၀၀၀၀ ကျပ်) သတ်မှတ်ထားပါတယ်ရှင်။

အလှူရှင်များအနေနဲ့ တစ်နှစ်စာ အာရုံဆွမ်းအတွက် ( ၅၀၀၀၀ ကျပ်) ပဲလှူလှူ ၊ နေ့ဆွမ်းအတွက် ( ၁၀၀၀၀၀ ကျပ်)ပဲလှူလှူ ၊ အာရုံဆွမ်း+နေ့ဆွမ်းအတွက် ( ၁၅၀၀၀၀ ကျပ်)ပဲလှူလှူ ၊ပိုလှူချင်ကြတဲ့ အလှူရှင်တွေကိုလည်း ပိုမိုပြီး လှူဒါန်းနိုင်ကြပါစေရန် ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။ မိမိတို့ အလှူရှင်တစ်ဦးလျှင်အလှူငွေအတွက် ၅၀၀၀၀ ကျပ် (သို့) ၁၀၀၀၀၀ ကျပ် (သို့)၁၅၀၀၀၀ ကျပ် ထည့်ဝင်ရုံနဲ့ တစ်နှစ်စာ ဆွမ်းအလှူရှင်များ ဖြစ်နိုင်ကြပါတယ်ရှင်။

ကျွန်မတို့မှ တနလာင်္တစ်ပတ်လျှင် (အာရုံဆွမ်း ၅၀၀၀၀ ကျပ်+နေ့ဆွမ်း ၁၀၀၀၀၀ကျပ်= ၁၅၀၀၀၀ ကျပ်) တစ်လခန့်မှန်း ( ၄ ပတ်စာ= ၆၀၀၀၀၀ ကျပ်) ဖြင့် တစ်နှစ်စာ အတွက် အလှူငွေ စုစုပေါင်း ( သိန်း ၇၀ ကျော် ) ရ အောင် အလှူရှင် မောင်နှမများထံမှ အလှူငွေများ စုပေါင်းကောက်ခံပြီး ၂၀၁၀-၂၀၁၁ ခုနှစ်အတွက် တစ်နှစ်စာ အာရုံဆွမ်း+နေ့ဆွမ်း အဆင်ပြေစွာ လှူဒါန်းနိုင်အောင် ရည်ရွယ်ထားပါတယ်ရှင်။

ဒါကြောင့်မို့ အာရုံဆွမ်း အတွက် လှူဒါန်းလိုသူ ( ၅၀၀၀၀ ကျပ်)အလှူရှင် ( ၄၈ ဦး) ၊ နေ့ဆွမ်းအတွက် လှူဒါန်းလိုသူ(၁၀၀၀၀၀ ကျပ်) အလှူရှင် ( ၄၈ ဦး) လိုအပ်မှာ ဖြစ်ပါတယ်ရှင်။အာရုံဆွမ်း+နေ့ဆွမ်း အတွက်(၁၅၀၀၀၀ ကျပ်) စုပေါင်းလှူဒါန်းလိုတဲ့ အလှူရှင်များလည်း ရှိလာနိုင်ပါတယ်ရှင်။

စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း ပထမအကြိမ်အလှူရှင်များစာရင်း

ယခု ဒုတိယအကြိမ် စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်းအတွက် ကြိုတင်စာရင်းပေးထားကြတဲ့ အလှူရှင်များကတော့..
၁.Dr.Nyan+၀ါဝါခိုင်မင်းမိသားစု(ဂျပန်)
၂.မိဘများကို အမှူးထား၍ မနွယ်နွယ်သိမ့်(စင်္ကာပူ) ( တစ်သိန်း ငါးသောင်းကျပ်)
၃.Lewis-hmwe (စင်္ကာပူ) ( တစ်သိန်း ငါးသောင်းကျပ်)
၎.မသန္တာဝင်း(စင်္ကာပူ)
၅.Zephyr (စင်္ကာပူ) (တစ်သိန်းကျပ်)
၆.မအေးဇာနွယ် (စင်္ကာပူ)
၇.မေသူခိုင် (စင်္ကာပူ)
၈.ဒေါက်တာမျိုးမင်းသန့်+မမေယမင်းသူ (စင်္ကာပူ)
၉.U Jimmy Soe & family (စင်္ကာပူ) ( တစ်သိန်း ငါးသောင်းကျပ်)
၁၀.မိဘများကို အမှူးထား၍ ခွန်သဒ္ဒါ (ဂျပန်) ( တစ်သိန်း ငါးသောင်းကျပ်)
၁၁.သီတာဇော်မင်း (ဂျပန်)
၁၂.အလှူရှင်တစ်ဦး(နော်ဝေး)
၁၃.မိဘများဖြစ်သူ ဦးစိန်ထိုက် + ဒေါ်အေးအေးသန်းတို့ကို ဦးထိပ်ပန်ဆင်၍ မသန်းသန်းမြင့် (စင်္ကာပူ)(တစ်သိန်း ငါးသောင်းကျပ်)
၁၄.ဦးမြင့်စိုး+ဒေါ်ခင်ဆွေသိန်း ၊ သမီး-ခင်ကလျာစိုး မိသားစု
၁၅.ကိုဇေယျာလင်း-မခင်ဖြူ (စင်္ကာပူ) ( တစ်သိန်းကျပ်)
၁၆.နှစ်ဖက်သောမိဘများကို အမှူးထား၍ မောင်ဇော်လင်းနိုင်+မဥမ္မာသန့်(စင်္ကာပူ)
၁၇.ဦးကျော်ထွန်း+ဒေါ်ခိုင်စံပယ် မိသားစု ( ကနေဒါ)
၁၈.ဂျပန်ကောင်လေး( ဂျပန်) ယန်း ၅၀၀၀
၁၉.မောင်ယဉ်မင်းငြိမ်း (ဂျပန်) ယ်း ၅၀၀၀
၂၀. မိဘများကို အမှူးထား၍ နန်းမေဇင်အေး (စင်္ကာပူ) ( တစ်သိန်း ငါးသောင်း)

တို့ ဖြစ်ကြပြီး အလှူရှင်များမှ မိမိတို့လှူဒါန်းလိုကြတဲ့ အလှူငွေ ပမာဏများကို ပြန်လည်ဆက်သွယ်ပြီး ပြောပေးကြပါရန် မေတ္တာရပ်ခံ လိုက်ရပါတယ်ရှင်။(၅၀၀၀၀ ကျပ်) ၊ ( ၁၀၀၀၀၀ ကျပ်) ( ၁၅၀၀၀၀ ကျပ်)
အလှူငွေများကို...
၁.၀ါဝါခိုင်မင်း (ဂျပန်)nanwarwarmg2009@gmail.com
၂.ရန်အောင်(ယူအက်စ်အေ) aungyan@gmail.com
၃.ရွာသားလေးဝိုင်တီယူ(စင်္ကာပူ)donationformyanmar@gmail.com

များသို့ စတင်ပြီး ဆက်သွယ်လှူဒါန်းနိုင်ကြပါပြီရှင်။
--------------------------------------------------------------------------
အားလုံးကို လေးစားခင်မင်လျှက်
ဝါ၀ါခိုင်မင်း



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP