* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, February 10, 2010

နှစ်ပတ်လည် အလှူပွဲ အတူနွဲကြရအောင်...။

ဒေဂူးမြို့၊စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း တည်ထောင်ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားတွင် ကျောင်းတော် ကြီး၏ အလှူဒကာ၊ဒကာမများ စုပေါင်း၍ မြန်မာနိုင်ငံ၊ သုခရိပ်မြုံဂေဟာရှိ HIV/AIDS ရောဂါဝေဒနာ ခံစား နေကြရသော ခလေးငယ် ၄၉ ယောက်အတွက် လိုအပ်နေသည့် ဆေးဝါး၊ အစားအသောက်၊ ပညာ သင်ကြားရေး အစရှိသော ကဏ္ဍ များတွင် ထောက်ပံ့လှူဒါန်း သွားကြမည်ဖြစ်ပါသည်။



သုခရိပ်မြုံ ဂေဟာ
သို့ဖြစ်ပါ၍ တောင်ကိုရီးယားနိုင်ငံရောက် မြန်မာ ညီအကိုမောင်နှမ အပေါင်း စုပေါင်းပါဝင် ကုသိုလ်ပြုနိုင်ရေး နိုးဆော်လိုက်ပါသည်။

ကျောင်းတော်ကြီး တစ်နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို ၁၄-၂-၂၀၁၀(တနင်္ဂနွေနေ့)တွင် ဒေဂူးမြို့၊ စိတ္တသုခကျောင်းတော်၌ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။အလှူငွေများကို အောက်ပါအတိုင်း ဆက်သွယ် လှူဒါန်း နိုင်ကြပါသည်-

စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း (ဖုန်း-၀၅၃ ၂၉၅ ၉၂၂၀ )
ဆရာတော် ဦးဝိစိတ္တ.......................(ဖုန်း-၀၁၀ ၆၈၇၂ ၃၈၅၆)
ကိုရွှန်းဝင့်နွယ်..............................(ဖုန်း ၀၁၀ ၅၁၃၂ ၅၂၉၉ )
ကိုမင်းနိုင်...................................(ဖုန်း ၀၁၁ ၉၆၈၈ ၀၄၂၂ )
ကိုဘုန်းနိုင်..................................(ဖုန်း ၀၁၀ ၇၂၅၂ ၁၆၇၆ )
ကိုလင်းထိန်ဝင်း........................... (ဖုန်း ၀၁၀ ၄၃၄၅ ၁၉၈၀ )
Bank account ...........................농협 150088-56-143035
ကာတွန်းဆရာ စိုးသော်တာမှ ကလေးငယ်များကို ကာတွန်းပုံရေးဆွဲပြနေပုံ

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP