* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, February 10, 2010

အတိတ္တစ္ခ်ိန္က အိမ္မက္မ်ား(၁) (ရွင္ရာဟုလာ)


ပုလဲရောင်တူ၊ ဆဒ္ဒန်ဖြူကား၊ မြိုင်ငူတောဝယ်၊ သန္ဓေယူ၏။
လူတော်လူစွမ်း၊လူထိပ်တန်းကား၊မြို့နန်းရှိရာ၊ တောကလာ၏ ။      
မရောက်တာကြာပြီဖြစ်သောမိမိဇာတိရွာကလေးကို လွန်ခဲ့တဲ့နှစ်ကခေတ္တရောက်ခဲ့ပါတယ်၊အုန်းပင်၊သရက်
ပင်၊မကျည်းပင်လေးတွေအုပ်ဆိုင်းနေတဲမိမိဇာတိချက်ကြွေအိမ်ယာမြေနှင့်ရွာကလေးဟာမပြောင်းလဲ ပဲ
တည်တံ့ဆဲပါ။ရှေးခေတ်သူကြီးသူဌေးနေခဲ့တဲ့ရွာဖြစ်လိုရွာကြီးလိုအမည်ရထားတဲ့ရွာလေ:မှာအသက်သုံး
နှစ်ခွဲမျှသာရှိသေးတဲ့မိမိဟာဘုန်းကြီးကျောင်းသားလုပ်ချင်တယ်ပူဆာလွန်းတာကြောင့်၊အိမ်ကအဘိုးကမုန်.
တစ်ပွဲနှင့်ကျောင်းကိုလိုက်ပို့တာမြင်ယောင်မိပါသေးတယ်။မိမိတိုရွာမှာရှေးတုန်းကဘုန်းကြီးကျောင်းမရှိ ခဲ့
သေးပါဘူး။နားမူးတွေဆိုတဲ့ရွာလေးနဲ့ပေါင်းပြီးနှစ်ရွာတစ်ကျောင်းပေါင်းပြီးကိုးကွယ်လာခဲ့ကြပါတယ်။မိမိကို
မွေးပြီးတဲနှစ်လောက်မှာပဲရွာသူရွာသားများစုပေါင်းကာသီးသန့်ဘုန်းကြီးကျောင်းထူထောင်ကြပါတယ်။
ပထမပုံးဆရာတော်ကအရှင်အရိယ၀ံသလို့ဘွဲ့အမည်ရပါတယ်။ထိုအခါတွင်အဘိုးကဘုန်းကြီးကျောင်း
သားလုပ်ချင်သောမိမိအားဆရာတော်ဆီမှာအပ်နှံခဲ့ပါတယ်။အခုခေတ်ဆိုရင်တော့စင်င်္ကာပူက (nusery)
ကျောင်းတက်သလိုပါပဲ။မိမိငယ်ငယ်တုန်းကအများသူတွေစကားပြောတတ်တဲ့အရွယ်တောင်စကားမပြော
သေးတဲ့အတွက်၊အမေကစိတ်ပူလွန်းလိုဗေဒင်ဆရာ၊နက္ခတ်ဆရာတွေဆီမှာသွားပြီးမေးလိုက်ယတြာချေ
လိုက်နဲ့အမျိုးစုံလုပ်ခဲ့ရပါသေးတယ်။အရွယ်လွန်မှစကားအနည်းငယ်ပြောလာပါတယ် ။မိမိကပူဆာလွန်းလို့
သာအဘိုးကလိုက်ပို.ပေးခြင်းဖြစ်ပေမဲ့မိမိအသက်အရွယ်ကအလွန်ငယ်သေးတာကြောင့်ဆရာတော်ခမျာ
မိမိကိုရေတောင်ချိုးပေးခဲ့ရပါတယ်။အသက်သုံးနှစ်ကျော်လောက်မှာအနီးအနား ရွာကဆရာတော်တစ်ပါးပျံ
တော်မူ၍ဘုန်းကြီးပျံပွဲမှာစွပ်ကျယ်လေးဝတ်ပြီးဓါးမောက်ကလေးတစ်ချောင်းနှင့်ကစားနေတဲ့မိမိကိုအမေ
လာပြီးခေါ်ယူသွားခဲ့တယ်။ကလေးဘ၀အပူအပင်ကင်းတဲ့ဘ၀လေးမို.ထိမှတ်မိဆဲပါပဲ။အဲဒီရွာမှာနေတုန်းက
မောင်နှမနှစ်ယောက်ပဲရှိသေးတော့မိဘတွေအလုပ်သွားရင် မိမိတို့မောင်နှမကိုထမင်းချိုင့်ကလေးနှင့်အဖွား
တစ်ဦးဆီမှာအပ်ထားလေ့ရှိပါတယ်။အဖွားနာမည်ကဒေါ်အေးစိန်မတဲ့။နောက်တော့အဖွားခမျာဆင်းဆင်းရဲရဲ
ကွယ်လွန်သွားခဲ့သည်ဟုသာကြားခဲ့ရပါတယ်။မိမိအိမ်ကအဖွား(အဘိုးရဲ့ အမေ)ကဒေါ်မေနီခိုင်တဲ့။ မိမိကို
အမြဲမုန့်ကျွေးတဲ့အဖွားဟာခြံထဲမှာဟင်းသီဟင်းရွက်တွေစိုက်ပျိုးရင်းနဲ့ဦးနှောက်သွေးကြောပြတ်ပြီးအိမ်
ရောက်တာနဲ့မကြာခင်ကွယ်လွန်သွားခဲ့ပါတယ်။မိမိကိုချစ်တဲ့အဘိုးဦကွန် (အဖေရဲ့အဖေ)လည်းရုပ်တရက်
ကင်ဆာရောဂါဖြစ်လာလို့၁၃၃၉ခုသီတင်းကျွတ်လဆုတ်၎ရက်နေ့ကွယ်လွန်သွားခဲ့ပြန်ပါတယ်။မိမိတို့မောင်
နှမနှစ်ယောက်လူမမယ်ပေမဲ့စာရွက်ကလေးမှာကမ္ဗည်းတင်ခဲ့ကြပါတယ်။အမှန်ကကမ္ဗည်းမတင်ဘဲနှင်
မိမိကမှတ်မိတတ်ပါတယ်။အမေနဲတူတာပေါ့။အမေကမွေးသက္ကရဇ်လေးတွေကိုစိတ်ထဲမှာပဲသိမ်းထားလေ့
ရှိပါတယ်၊ယခုတောင်ဥက္ကလာမှာရှိတဲ့ညီမမြင့်မြင့်ဝေကိုဖွားပြီးတဲ့နောက်အမေဖက်ကအဘိုးအဖွားများရှိရာ
ရွေရွာကိုပြောင်းလာခဲ့ကြပါတယ်၊မိမိအသက်ကသုံးနှစ်ကျော်ညီမမွေးကင်းစအရွယ်မှာမိမိတို့အိမ်ကနေခဲ့တဲ့
အခန်းလေးကိုစွန့်ခွါခဲ့ရတဲ့ခံစားချက်လေးကိုသတိရပါသေးတယ်။အိမ်ပြောင်းတော့စောစောပြောင်းတာ
ကောင်းတယ်ဆိုလို့မိမိတိုမိသားစုလူတွေမနိုးခင်ပြောင်းရွှေ့လာခဲ့ကြပါတယ်။အဲဒီရွာရောက်တော့သူငယ်ချင်း
အသစ်တွေနဲ့ရွာရိုးတစ်လျှောက်ပြေးလွှားကစားလေ့ရှိတဲ့မိမိဟာ ဒူးကွဲခြေသဲကွာခဏခဏဖြစ်ခဲ့ဖူးပါတယ်။
နောက်နှစ်တွေမှာကျောင်းတက်ရင်းသူများနည်းတူဘုန်းကြီးကျောင်းမှာသွားနေခဲ့ပြန်ပါတယ်။ညနေတိုင်း
အိမ်ပြန်ပြီးမိဘများကိုလာတွေ့ရပါတယ်။အရွယ်ငယ်သေးတော့ဆရာတော်ကကျောင်းမှာအိပ်ခွင့်မပေးသေး
ပါ။နောက်ပိုင်းမှကျောင်းမှာအိပ်ခွင့်ရခဲ့ပါတယ်။မိမိဟာအဖေရဲ့အမေဖြစ်သူအဖွားဒေါ်စောသာဦးဆီကိုမကြာ
မကြာပြန်သွားလေ့ရှိပါတယ်။ဘာကြောင့်လဲဆိုတော့အဖွားက မိမိကိုလိုလေသေးမရှိအောင်ပြုစုပေးလို့ပါပဲ။
မိမိဇာတ်ပွဲများသွားချင်ရင်လည်းမငြိုမငြင်လိုက်ပို့ပေးပါတယ်။ထိုမိမိအဖွားသည်လွန်းခဲ့သော(၈)နှစ်ခန့်က
ကွယ်လွန်သွားခဲ့ပါ တယ်။ အဲဒီအချိန်ကမိမိတို့ရွာမှာ မူလတန်းဆရာကဦးညိမ်းဖေ၊ဆရာမကြီးကသူ့ဇနီး
ဒေါ်ခင်ညွန့်တဲ့။သူတို့ဇနီးမောင်နှံကမိမိတို့အမေငယ်ရွယ်စဉ်ကပင်မိမိတို့ရွာမှာတာဝန်ယူခဲ့ကြတာ၊ဆယ်စုနှစ်
၃-ခုလောက်ထိရှိပါလိမ့်မယ်။အမေမူလတန်းတုန်းက သင်ခဲ့တဲ့ဆရာကြီးတို့ဇနီမောင်နှံဟာသားတို့ခေတ်
ရောက်တဲ့အထိရွာမှာပဲရှိသေးတယ်။နောက်ပိုင်းမှာတော့သက်ပြည့်ပင်စင်ယူသွားကြပါတယ်၊ပြီးရင်ဆရာကြိး
ဦးတင်ညွန့်၊ဆရာကြိးဦးကျန်အောင်တို့လက်ထက်မှာမိမိတို့မူလတန်းအောင်ပြီးအလယ်တန်းကျောင်းရောက်
သွားခဲ့ပါတယ်၊အဲဒီတုန်းကဆရာကြီးရဲ့ဇနီးသည်ဆရာမတာဝန်ကျရာထိန်တွေရွာကသူငယ်ချင်းတွေဖြစ်တဲ့
ခင်မာရီ၊ခင်သန်းနုမခင်ရွှေခင်သန်းမြင့်စသည့်သူငယ်ချင်းများနှင့်ယခုထိအဆက်အသွယ် ရှနေသေးတယ်၊
နှစ်တွေကတော့ကြခဲပါရောလား။မိမိငယ်စဉ်ကအန္တရယ်တွေများစွာကြုံခဲဖူးပါတယ၊၊အမေပြောပြလို့သိခဲ့တာ
တွေလဲရှိတယ်၊ မိမိမှတ်မိတာလေးတွေ ရှိနေတာကတော့တစ်နေ့မှာရွာကနွားအုပ်ကြီးပြေးလာကာမိမိကို
ကျော်ခွပြီးသွားခဲ့ကတယ်တစ်ကောင်သာနင်းရင်တော့အဲဒီနေ့မှာပဲသေလောက်တယ်။တစ်ခါမှာလည်းအိမ်
ရှေ့ခြံထဲမှာနေဆာလှုံနေစဉ်မွေဟောက်ကြီးတစ်ကောင်ထွက်လာပြီးပါးပျည်းကြီဖြန့်ကာမိမိအနားမှာဝဲကာ
ဝဲကာဖြစ်နေတော့အမေ့မှာလန့်ပြီးအော် လိုက်ရတာ။မွေဟောက်ကြီးကမိမိကိုမပေါက်ပဲကြွက်ခေါင်းထဲဝင်
သွားတယ်လိုသိရပါတယ်။တစ်ခါမှာလည်းမောင်ဝင်းနိုင်ဆိုတဲ့အမတို့အတန်းကကောင်းလေးတစ်ယောက်
နှင့်ရွာနားကရေကန်ကိုရေချိုးဘို့လာခဲ့ကြတယ်၊သူကကန်ရေမချိုးခင်အင်းမှာရေကူးရအောင်ဆိုလို့ရေဆင်း
ကူးကြတယ်။မိမိကရေကူးမသင်ရသေး တော့သူကရေတိမ်မှာနေဖို့မိမိကိုသတိပေးတယ်။ဒါပေမဲ့ရေကူး
ဆော့ရင်းနဲ့ဘဲရေနက်ရာအပိုင်းရောက်သွားတော့မိမိလည်းပေါ်မလာတော့ပေ။မောင်ဝင်းနိုင်ကမိမိကိုရှာ
မတွေ့တောဒီကောင်''အင်းရေချိုးပြီးပြန်သွား လို့မကောင်းဘူးကန်ရေချိုးဖို့ပြန်ခေါ်လိုက်မယ်ဆိုပြီး”အင်းက
တက်သွားတယ်။အဲဒီအချိန်မှာသူစဉ်းစားမိလို့တော်သေးတာပေါ့။ရေနစ်နေလားမသိဘူးလို့။ပြန်လာကြည့်တဲ့
အခါမိမိသေခါနီးပြန်ပေါ်လာတုန်းဆံပင် လေးတွေရေထဲမှာမြင်တော့အမြန်ပြေးဆင်းလာပြီးမိမိကိုပွေ့ချီကာ
အင်းအနီးကန်စင်းရိုးပေါ်မှာချကာသတိရအောင်ပြုစုပေးတော့မှ၊မိမိကသူကိုမလွှတ်ပဲတင်းကြပ်အောင်ဖက်
ထားမိပါတော့တယ်၊တစ်ခါမှာမကျည်းပင်ပေါ်တက်တော(၁၀)ပေလောက်အမြင့်ကမကျည်းကိုင်းနဲ့ပြုတ်ကျ
ဖူးသေးတယ်။နောက်မှသတိပြန်ရလာတယ်။ညီလေးပါလိုတော်သေးတာပေါ့။မဟုတ်ရင်တစ်ယောက်တည်း
သေရင်သေနေမှာ။ (to becontinued)          

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP