ဘွဲ့နှင်းသဘင် (ပူနေး) အပိုင်း-၂



တက္ကသိုလ်၏၀န်းကျင်တွင် ကျောင်းသားများဖြင့် စည်ကားနေ
ဘွဲ့နှင်းသဘင်ခန်းမသည် မြန်မာနိုင်ငံကဲ့သို့ တခမ်းတနား တည်ဆောက်ထားခြင်းမရှိဘဲ ဘွဲ့နှင်သဘင်ကျင်းပခါနီးကျမှ ယာယီမဏ္ဍပ်ကြီးကို တခမ်းးတနား ပြင်ဆင်ပါသည်။ တက္ကလိုလ်ကြီးသည်လည်း မြန်မာနိုင်ငံကဲ့သို့ အဝေးကကြည့်လျင် တက္ကသိုလ်မှန်း မသိသာပေ တက္ကသိုလ်ဝန်းကြီးအတွင်း ၀င်ပြီး ဌာနအသီးသီးကို လှည့်ပတ်ကြည့်မှ မြင်နိုင်ပါသည်။ ဧက ၄၀၀ ကျော် ကျယ်ဝန်းရှိပါသည်။ သစ်တောများဖြင့် အုပ်စိုင်းနေသည်။ တက္ကသိုလ်ကြီးကို သီတဂူစတား တက်ရောက် သင်ကြားနေသော ဖီလိုဆိုဖီဌာနကဲ့သို့သော ဌာနပေါင်း ၄၁ ခုတို့ဖြင့်ဖွဲ့စည်းထားသည်။ ဌာနတိုင်း၏အတွင်းပြင်ဆင်မှုတို့၌ကား တက္ကသိုလ်အင်္ဂါရပ်များဖြင့် ညီပါသည်။ ခေတ်မီပစ္စည်းများဖြင့် တပ်ဆင်ထားပါသည်။ ထိုတက္ကသိုလ်ကြီး၏အောက်၌ ကောလိပ်ပေါင်း ၈၃ ခုတို့ဖြင့် ဆက်နွယ်ထားသည်။ ပူနေးတက္ကသိုလ်ကြီးတွင် နိုင်ငံပေါင်း ၄၀ ကျော်က ၁၀၀၀၀ (တစ်သောင်းကျော်)သော ကျောင်းသား ကျောင်းသူများ ဌာနအသီးသီးတို့၌ ပညာသင်နေကြောင်းသိရပါသည်။ နောက်မှ ပူနေးတက္ကသိုလ်အကြောင်း ဖော်ပြပါဦးမည်။
သီတဂူစတား
၂-၁-၂၀၁၀

0 comments:
Post a Comment