* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, January 22, 2010

သည်းခံခြင်းနှင့် အေးမြ၏ မေးမြန်းချက်

Thursday, January 21, 2010

မေး။ ။ အေးမြ: ဘယ်လို သည်းခံခြင်းက မြတ်ပါသလဲ။ ဘာကြောင့်ပါလဲဘုရား။


ဖြေ။ ။ ခန္တီ ပရမံ တပေါ တိတိက္ခာ၊ နိဗ္ဗာနံ ပရမံ ဝဒန္တိ ဗုဒ္ဓါ။
နဟိ ပဗ္ဗဇ္ဇိတော ပရူပဃာတီ၊ န သမဏော ဟောတိ ပရံ ဝိဟေဌယန္တော။

ဘယ်အရာမျိုးမှာမဆို မိမိက အသာမစံပဲ အနာခံခြင်းတည်းဟူသော ပါရမီမြောက်သည်းခံခြင်းသည် အမြတ်ဆုံးဖြစ်ပါသည်။
အခွင့်အရေးတစ်ခုခုကို မျှော်လင့်၍ သည်းခံခြင်းသည်ကား ပါရမီမြောက်သည်းခံခြင်းမဟုတ်၍ အဆုံးစွန်ထိအကျိုးပေးသော သည်းခံခြင်း မဖြစ်နိုင်ပေ။
သို့သော် = လောကီအကျိုး တော်တော်များများ၌လည်း သီးခံ၍ စောင့်စားနိုင်သူများသည် ကိစ္စတော်တော်များများ အောင်မြင်နိုင်ကြသည်ကို အလုပ်လုပ်နေသူတိုင်း၊ အခွင့်အရေး တစ်ခုခုကို မျှော်လင့်နေသူတိုင်း၊ သတိထားမိကြပေလိမ့်မည်။
ခန္တီ၏ပင်ကိုယ်တရားသည် မေတ္တာဖြစ်ပါသည်၊ မေတ္တာသည် အဒေါသ စေတသိက်ဖြစ်ပါသည်၊ အဒေါသသည် ဒေါသ၏ ဆန့်ကျင်ဘက်ဖြစ်သည်။ ထို့ကြောင့် သည်းခံခြင်းသည်၊ မေတ္တာ၏ ပြယုဂ်ဖြစ်သောကြောင့်၊ အရာရာကို ငြိမ်းအေးစေနိုင်လေသည်။ ကမ္ဘာကြီး၌ ရှိရှိသမျှသော အရေးအခင်း ဟူသမျှတို့သည် သည်းမခံနိုင်ခဲ့ကြခြင်းဟူသော၊ ဒေါသမှ မြစ်ဖျားခံသည်ကို သတိမူစေချင်ပါသည်။

ပါရမီမြောက် သည်းခံနိုင်ကြပါစေ။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP