* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, January 22, 2010

ရှင်ဘုရင် ဘုရားဖူးသော ဥပမာ။


အခါတစ်ပါးသော် သင်္ဂဇာ ဆရာတော်ဘုရားသည် ရွှေတိဂုံစေတီတော်၏ အရှေ့ဘက်၊ ကြားတောရကျောင်းတိုက် အခွန်ဝန်မင်း ဇရပ်၌ ခေတ္တ သီတင်းသုံးရင်း ရဟန်းရှင်လူပြည်သူအပေါင်းအား တရားရေအေး တိုက်ကျွေးတော်မူလျက် ရှိလေသည်။

တပည့်တော်တို့၏ ဇရပ်သို့လည်း ကြွရောက်သီတင်းသုံးပြီး တရား ဓမ္မဟောပြတော်မူပါဦး ဘုရား။
ဝန်ထောက်မင်း ဦးအုံးက သဒ္ဓါကြည်ညိုစွာဖြင့် လျှောက်ထားပင့်ဖိတ်လေသည်။ Justify Full
သို့နှင့် ဆရာတော်လည်း ဦးအုံး၏ ဇရပ်သို့ လိုက်ကြွတော်မူလေသည်။ ရောက်သည်နှင့်....

ဝန်ထောက်မင်း ဇရပ်ဖြင့် ရောက်လာပေါ့၊ ဥပမာ တင်ရရင် ဖြင့် ရှင်ဘုရင် ဘုရားဖူးတာလိုလည်း မလုပ်ကြနဲ့ကွယ် ဟူ၍ မိန့်တော်မူလေသည်။

ဆရာတော်ရဲ့ ဥပမာအတိတ်စကားကို မိန့်ကြားတော်မူပါဦး ဟု လျောက်ထားတောင်းပန် လေသည်။

ရှင်ဘုရင် ဘုရားဖူးတာပြောရမှာဖြင့် အညာသီဟတော နန်းတော်ရောက်စေ....လို့ဆိုလိုက်တာပဲ။ သူကဖြင့် တစ်ခါမျှ ထွက်၍ မဖူးဘူး၊ ခုလည်း ၀န်ထောက်မင်း ဦးအုံးက သင်္ဂဇာဆရာတော် ဇရပ်ပေါ်ရောက်စေ ဆိုတာပဲ မဟုတ်လား ၀န်ထောက်မင်းရဲ့ .... ဆရာတော်က မိန့်တော်မူသည်။

ဝန်ထောက်မင်းဦးအုံးလည်း ပြုံး၍ နေလေသည်။

ဆရာတော် ၏ ဆိုလိုရင်းမှာ ဤသို့လျှင် သဘောအနက် ဆောင်ပါသည်။

လူများမှာ "ဃရာဝါသော ဗဟုကိစ္စော" ဟူ၍ ပါဠိလာရှိသည် နှင့်အညီ ကိစ္စအတန်တန်များပြားရကား ဆရာတော်ကိုသာ အရောက်ပင့်သည်။ သူဖြင့် ဆရာတော်ထံမှောက် တစ်ခေါက်မျှ မရောက် တရားနာ မလာဟု ဆိုလိုခြင်းဖြစ်ပါသည်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP