* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, January 22, 2010

မဟာပဋ္ဌာန်း ဒေသနာတော် ၂၄ ပစ္စည်းဆုတောင်း

၁။ ဟေတုပစ္စယော- အရင်းခံအကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သော တရား
(လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟ)
ကောင်းသော အလောဘ၊ အဒေါသ၊ အမောဟတရားများသာ အစဉ်ကိန်းအောင်းနိုင်ရပါစေသား။

၂။ အာရမ္မဏပစ္စယော- အာရုံဖြစ်၍ ကျေးဇူးပြုတတ်သော တရား
(ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဌဗ္ဗာရုံ၊ ဓမ္မာရုံ)
ကုသိုလ်ဖြစ်ဖွယ် ကောင်းသောအာရုံများနှင့်သာ တွေ့ကြုံရပါစေသား။

၃။ အဓိပတိပစ္စယော- အကြီးအမှူးခေါင်းဆောင်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား
(ဆန္ဒ၊ ၀ီရိယ၊ စိတ္တ၊ ၀ီမံသ(ပညာ))
မိမိသူတစ်ပါး အကျိုးစီးပွါးကို အဓိပတိတရားတပ်၍ အားထုတ်ဆောင်ရွက်နိုင်ရပါစေသား။

၎။ အနန္တရပစ္စယော- အခြားမဲ့ဆက်တိုက်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား
ရှေ့ရှေ့စိတ်တို့ကြောင့် နောက်နောက်ကုသိုလ်စိတ်တို့သာ ဖြစ်ပေါ်ရပါစေသား။

၅။ သမနန္တရပစ္စယော- ကောင်းစွာအခြားမဲ့ဆက်တိုက်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား
ရှေ့ရှေ့စိတ်တို့ကြောင့် နောက်နောက်ကုသိုလ်စိတ်များသာ ကောင်းစွာဆက်တိုက် ဖြစ်ရပါစေသား။

၆။ သဟဇာတပစ္စယော- အတူတကွဖြစ်၍ ကျေးဇူးပြုတတ်သော တရား
သူတော်ကောင်းတရား၊ သူတော်ကောင်းများနှင့်သာ အတူတကွ ပေါင်းဖော်ရပါစေသား။

၇။ အညမညပစ္စယော- အချင်းချင်း အပြန်အလှန် ကျေးဇူးပြုတတ်သော တရား
မိမိသူတစ်ပါး ကောင်းကျိုးများအောင် အပြန်အလှန် ဆောင်ရွက်နိုင်ရပါစေသား။

၈။ နိဿယပစ္စယော- မှီရာဖြစ်၍ ကျေးဇူးပြုတတ်သော တရား
မိတ်ကောင်းဆွေကောင်း သူတော်ကောင်းများသည် မှီရာအဖြစ် တည်ပါစေသား။

၉။ ဥပနိဿယပစ္စယော- အားကြီးသော မှီရာဖြစ်၍ ကျေးဇူးပြုတတ်သော တရား
သဒ္ဓါ၊ ပညာ၊ နေရာဒေသ၊ မိတ်ကောင်းရ၍ တိုးတက်ပွါးစီး အားကြီးသောမှီရာအဖြစ် တည်ပါစေသား။

၁၀။ ပုရေဇာတပစ္စယော- ရှေ့မှဖြစ်၍ ကျေးဇူးပြုတတ်သော တရား
ကောင်းသောအခွင့်အလမ်းများ အဆင်သင့် ပေါ်ပေါက်နှင့်ပါစေသား။

၁၁။ ပစ္ဆာဇာတပစ္စယော- နောက်မှဖြစ်၍ ကျေးဇူးပြုတတ်သော တရား
ကျောထောက်နောက်ခံ အထောက်အပံ့ကောင်းများအမြဲရရပါစေသား။

၁၂။ အာသေ၀နပစ္စယော- မှီဝဲထုံရာဖြစ်၍ ကျေးဇူးပြုတတ်သော တရား
အဖန်တလဲလဲ ကုသိုလ်စိတ်များနှင့် မိမိကိုယ်ကို ထုံမွှမ်းနိုင်ရပါစေသား။

၁၃။ ကမ္မပစ္စယော- ကုသိုလ်ကံ၊ အကုသိုလ်ကံ စေတနာဖြစ်၍ ကျေးဇူးပြုတတ်သော တရား
ကောင်းသောစေတနာနှင့် မှန်သောအလုပ်များကိုသာ ပြုလုပ်မိပါစေသား။

၁၄။ ၀ိပါကပစ္စယော- အကျိုးဖြစ်၍ ကျေးဇူးပြုတတ်သော တရား
မကောင်းကျိုးများ ပပျောက်၍ ကောင်းကျိုးအနန္တသာ ဖြစ်ပေါ်ပါစေသား။

၁၅။ အာဟာရပစ္စယော- ရုပ်နာမ်အာဟာရအဖြစ် ထောက်ပံ့၍ ကျေးဇူးပြုတတ်သော တရား
ကုသိုလ်ဖြစ်ကြောင်း ရုပ်နာမ်အာဟာရများနှင့်သာ ပြည့်စုံခိုင်ခံ့ရပါစေသား။

၁၆။ ဣန္ဒြိယပစ္စယော- ဆိုင်ရာကိစ္စများ၌ အစိုးရခြင်းဖြင့် ကျေးဇူးပြုတတ်သော တရား
မိမိဆိုင်ရာ အမှုကိစ္စများ၌ အစိုးတရ ဖြစ်ရပါစေသား။

၁၇။ ဈာနပစ္စယော- စူးစူးစိုက်စိုက်နှင့် ဆန့်ကျင်ဘက်ကို ဖျက်ဆီး၍ ကျေးဇူးပြုတတ်သော တရား
အလိုရှိရာကိစ္စများ၌ စူးစိုက်ပြုကာ ဆန့်ကျင်ဘက်ရန်ကို အောင်မြင်နိုင်ရပါစေသား။

၁၈။ မဂ္ဂပစ္စယော- လမ်းဖြစ်၍ ကျေးဇူးပြုတတ်သော တရား
ကုသိုလ်ထိပ်တန်း မဂ္ဂင်လမ်းဖြင့် နိဗ္ဗာန်တိုင်အောင် အန္တရာယ်ကင်းစွာ လျှောက်လှမ်းနိုင်ရပါစေသား။

၁၉။ သမ္ပယုတ္တပစ္စယော- တစ်သားတည်း ယှဉ်ဘက်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား
မိမိစိတ်ကို ကုသိုလ်တရားများ၌ အစဉ်ယှဉ်စပ်နိုင်ရပါစေသား။

၂၀။ ၀ိပ္ပယုတ္တပစ္စယော- မယှဉ်ဘဲ ကျေးဇူးပြုတတ်သော တရား
အကုသိုလ်တရား လူမိုက်များနှင့် မယှဉ်မတွဲရပါစေသား။

၂၁။ အတ္ထိပစ္စယော- ရှိပြီးဖြစ်၍ ကျေးဇူးပြုတတ်သော တရား
လောကီ လောကုတ္တရာ နှစ်ဖြာဥစ္စာ ရတနာများ ရရှိပိုင်ဆိုင်ရပါစေသား။

၂၂။ နတ္ထိပစ္စယော- မရှိဘဲ ကျေးဇူးပြုတတ်သော တရား
ရောဂါ ဘေးဘယာ မရှိစွာဖြင့် ကိုယ်စိတ်နှစ်ဖြာ ချမ်းချမ်းသာသာ နေရပါစေသား။

၂၃။ ၀ိဂတပစ္စယော- ကင်း၍ ကျေးဇူးပြုတတ်သော တရား
အနှောင့်အယှက် အန္တရာယ်များ ဖယ်ကာရှောင်ရှား ကင်းကွာပါစေသား။

၂၄။ အ၀ိဂတပစ္စယော- မကင်းဘဲ ကျေးဇူးပြုတတ်သော တရား
ဘ၀သံသရာ ကျင်လည်ရာတွင် ဗုဒ္ဓဘာသာ သာသနာနှင့် မကွာမကင်း ကြုံဆုံရင်းဖြင့် အလင်းဥာဏ်ပေါက် နိဗ္ဗာန်ရောက်အောင် ကျင့်ဆောင်ကြိုးစားနိုင်ရပါစေသား အရှင်ဘုရား…။

မြန်မာ့ထေရ၀ါဒဗုဒ္ဓဘာသာဝင်များအဖွဲ့ဘလော့ဂ်မှ ကူးယူဖော်ပြပါသည်။

----------------------------------------------------------------------------------

ငါတို့ဖြစ်ရ ၊ ဤလောက၀ယ်
ဘ၀သမိုင်း ၊ မရိုင်းစေရန်
စိတ်မာန်မချ ၊ မာနမပါ
တို့စွမ်းရာဖြင့် ၊ တို့သာသနာ
တို့ပြည်ရွာကို ၊ သာယာစေမှု
လုံ့လပြုအံ့။

(ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP