* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, January 22, 2010

ကမ္ဗည်းတင်တဲ့လက်









+ ဗုဒ္ဓဂုဏ်ထူး၊ စိတ်ကြည်နူးလျက်
ရွှင်မြူးကြည်လင်၊ စိတ်အစဉ်ဝယ်
ဖူးမြင်ဦးခိုက်၊ ပူဇော်ထိုက်သည့်
သမိုင်းဂုဏ်ရောင်၊ ထွန်းပြောင်ဝေစည်
နယူးဂျာစီ၊ မြေမဟီဝယ်







ဂုဏ်ရည်မြင့်မား၊ မြတ်ဘုရား၏
ဓာတ်သားမွေတော်၊ စေတီတော်ကို
ဖူးမြင်ရငြား၊ မြန်ပြည်သားတို့
စိတ်ထားနှလုံး၊ ရွှင်ပြုံးပီတိ
ဂွမ်းဆီထိသို့
ဖြစ်ဘိအနန္တ၊ ကျိုးဖလကို
ရရှိပါစေ၊ ခံစားစေဟု
စိတ်စေဆန္ဒ၊ ကြံရွယ်ဆလျက်
တည်ထားစေတီ၊ အမေရိကန်ပြည်။










+ ဗုဒ္ဓ ဓမ္မ သံဃအမွေ၊ မြန်မာ့အမွေကို
ကမ္ဘာတလွှား၊ လူအများတို့
သိကြပါစေ၊ ရပါစေဟု
စိတ်စေတနာ၊ သဒ္ဓါပြဋ္ဌာန်း
ကြိုးပမ်းကြပေ၊ ပြည်သူတွေ။

+ ပြည်သူအများ၊ လူအများတို့
နည်းများမဟူ၊ ကြည်ဖြူသဒ္ဓါ
ပေးလှူတာကို၊ ထိန်းကာသိမ်းလျက်
လမ်းပြညွှန်ပေ၊ သံဃာတွေ။









+ သံဃာတော်များ၊ လမ်းညွှန်ကြားသည့်
ပြုငြားဖွယ်စုံ၊ အဖုံဖုံကို
ဆောင်ရွက်ကြပေ၊ အေဘီဘီအေ။

+ တည်ထားပြီးပြီ၊ မြတ်စေတီနှင့်
လျော်ညီသင့်မြတ်၊ ယောဂီမြတ်တို့
ကျင့်အပ်ပွားအပ်၊ တရားဓာတ်ကို
ဟောပြသေချာ၊ ထေရ်သံဃာနှင့်
လိုက်နာကျင့်ပွား၊ ယောဂီများတို့
ရှုပွားဘာဝနာ
နေရာအလှူ၊ ဝိုင်းကာကူ၍
နည်းများမဟူ၊ ကျောင်းအလှူကို
ကုသိုလ်ယူလို့၊ တည်ဆောက်စို့။





+ မျိုးဆက်သစ်တို့
ဆက်လက်ကြိုးပမ်း၊ လက်ဆင့်ကမ်း၍
ထမ်းကြစို့လေ၊ သမိုင်းအမွေ။


အရှင်စက္ကိန္ဒ
လောကချမ်းသာဘုရားကျောင်း၊ နယူးယောက်


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP