* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, November 2, 2009

လှူဒါန်းနိုင်ပါသည်.. ၁(သီလ၀တီစာသင်တိုက်)


မြန်မာနိုင်ငံမှာ ဗုဒ္ဓမြတ်စွာသာသနာ ထွန်းကားပြန့်ပွားအောင် တစ်ဖက်တစ်လမ်းကနေ မိမိတို့နိုင်သလောက် သာသနာပြုနေသော အဖွဲ့အစည်း မြောက်များစွာရှိသည့်အနက် စာရေးသူ မိတ်ဆက်ပေးချင်တာကတော့ စစ်ကိုင်းတိုင်း မုံရွာမြို့မှာ ပရိယတ္တိ စာပေပညာကို နေ့စဉ်နှင့်အမျှသင်ကြားပို့ချပေးကာ သာသနာပြုလျှက်ရှိသော မထင်မရှား သီလ၀တီ အမည်ရှိသော သီလရှင်စာသင်တိုက် ၏အကြောင်းဖြစ်ပါသည်။ အုပ်ချုပ်သူကတော့ အသက် ၃၆- နှစ်ရှိပြီးဖြစ်သော ဒေါ်သီလစာရီ (ဓမ္မာစရိယ)ဖြစ်ပါသည်။


ကျောင်းတိုက် စတင်တည်တောင်သည်မှာ မကြာသေးသောလည်း ဒေါ်သီလစာရီအပါအ၀င် စာချဆရာလေး ၃- ပါ၏ ရဲရင့်သော စိတ်ဓါတ် ပြတ်သားသော ဆုံးဖြတ်ချက် နေ့မအား ညမအား မိမိကိုယ်မကြည့် သာသနာအတွက် သာကြည့်၍ ကြိုးပန်းအားထုတ်မှုတွေကြောင့် ယခုဆို ကျောင်းတိုက်အတွင်းမှာ အငယ်တန်း၊ အလတ်တန်း၊ အကြီးတန်း၊ အထိ ဖြစ်လာရုံတင်မကပဲ ဓမ္မာစရိယဆရာလေး ၄-ပါး ပေါ်ပေါက်လာတဲ့အထိ ကျောင်းတိုက်တွင်းမှ အောင်မြင်စွာ မွေးထုတ်ပေးနိုင်ခဲ့ပါသည်။

အမှန်ဆိုသော စာသင်တိုက်မည်သည် ချမ်းသာသော စာသင်တိုက်ရယ်လို့မရှိပါ။ စေတနာ မေတ္တာ ဂရုဏာ မပါပဲ တည်ထောင်လို့မရပါ။ မိမိကိုယ်တိုင်လည်း အများအတွက် အနှစ်နာခံရပါသည်။ စာသင်တိုက် တစ်ခု ဖြစ်လာဖို့ဆိုသည်မှာ လွယ်ကူသည့် ကိစ္စမဟုတ် သလို ကျောင်း ဆွမ်း သင်္ကန်း ဆေး စသော ပစ္စည်းများ ပြည့်စုံမှသာလျှင် စာသင်တိုက်တစ်ခု ဖြစ်လာမှာပါ။ သို့ပေမယ့် တချို့များစွာသောစာသင်တိုက်တို့သည် ပြည့်စုံမရှိကြပါ ကျောင်းထိုင်ဆရာတော် ။ ကျောင်းထိုင် ဆရာလေး စသည်တို့၏ အနှစ်နာခံ စေတနာတွေ သာသနာပြုလိုသော စိတ်ဓါတ်များကြောင့် သာလျှင် ဆင်းရဲနေသောလည်း စာသင်သားတို့ကောင်းမွန်စွာ စာပေပညာသင်ကြားနိုင်ခြင်းအကျိုးငှာ မိမိမှာ ရှိသမျှအင်အားများကို အစွမ်းကုန်သုံးကာ ကြိုးစားပြီးရပ်တည်နေကြရပါသည်။

စာရေးသူကိုတိုင်လည်း စာသင်တိုက် အသေး။ အကြီး စသည် ကျောင်းတိုက်များမှာနေထိုင်ခဲ့ဘူး သောကြောင့် စာသင်တိုက်အကြောင်း ကောင်းကောင်းကြီး သိပါသည်။ ယခု သီလ၀တီအမည်ရှိသော သီလရှင်စာသင်တိုက်ကို ကြည့်ပါ တစ်ဘက်တစ်လမ်းကနေ မိမိတို့နိုင်သလောက် သာသနာပြုနေသောလည်း ချမ်းသာသော စာသင်တိုက် ပြည့်စုံသော စာသင်တိုက်မဟုတ်ပါ။ ကျောင်းတိုက်က တည်ထောင်သည်မှာ မကြာသေးသည့် နှစ်အတွင်းက ဖြစ်သောကြောင့် အဆောက်အဦးပြည့်စုံခြင်းမရှိမသေးပါ။ တည်ဆောက်ဆဲ့ အဆောက်အဦးများလည်း ရှိပါသည်။ စာပေပညာကိုကောင်းစွာ သင်ကြားနိုင်ရန်ဆိုသည်မှာ အထက်မှာ စာရေးသူရေးခဲ့သည့်အတိုင်း ကျောင်း ဆွမ်း သင်္ကန်း ဆေး စသော ပစ္စည်းများ ရှိမှသာလျှင် ဆက်လက်ဆောင်ရွက်နိုင်မှာ ဖြစ်ပါသည်။ ကျောင်းနေရာမရှိပဲ စာသင်ကြားဖို့ဆိုသည်မှာ အခတ်အခဲဖြစ်ပါသည်။ မလွယ်ကူလှပါ။ ဗုဒ္ဓစာပေကို သင်ကြားပို့ချနေသော ယခုလို့ စာသင်တိုက်မှာ စာသင်သားများကောင်းမွန်စွာ ပညာသင်ကြားနိုင်ရန်အတွက် အဆောက်အဦးဆိုသည်မှာ မရှိမဖြစ်လိုအပ်ပါသည်။ မည်သို့ပင်စေတနာ ပြင်းထန်ပါသောလည်း ကျောင်း၊ ဆေး၊ ဆွမ်း၊ သင်္ကန်းစသော ပစ္စည်းများ မပြည့်စုံခဲ့ပါလျှင် သာသနာပြုနိုင်ရန် အလွန်ကိုခဲယဉ်းပါလိမ့်မည်။

ဒါကြောင့် ဆရာလေး ဒေါ်သီလစာရီ၏ သာသနာပြုချင်သောစိတ်ဓါတ် ။ ရည်ရွယ်ချက်များ အဓွန့်ရှည်တည်မြဲစေနိုင်ရန်အတွက် ဗုဒ္ဓဘာသာဝင်သူတော်ကောင်းတို့ကို မိမိတို့နိုင်သလောက် ၀ိုင်းဝန်ကူညီလှုဒါန်းကြဖို့တိုက်တွန်းလိုက်ပါသည်။

တစ်နေတာ အာရုံဆွမ်းအတွက် အာရုံ-၃၀၀၀၀(သုံးသောင်း)- နေ့လည်ဆွမ်းအတွက် -၅၀၀၀၀(ငါးသောင်း) ပုံမှန် ကုန်ကျစရိတ်ရှိတယ်လို့ သိရပါသည်။

ကျောင်းတိုက် အတွက် သို့မဟုတ် ဆွမ်း၊ သင်္ကန်း၊ ဆေးအတွက် လှုတန်းလိုသော ဗုဒ္ဓဘာသာဝင်သူတောင်ကောင်းတို့အနေနှင့် ကျောင်းတိုက်သို့ တိုက်ရိုက်သောလည်းကောင်း စာရေးသူထံသို့ ဆက်သွယ်၍ လည်းကောင်း မိမိတို့ကြိုက်နှစ်သက်သလို ဆောင်ရွက်လှူဒါန်းနိုင်ကြပါသည်။

စာရေးသူလိပ်စာ
pyinnyarnanda@gmail.com
phone- 0094112913008

မုံရွာမြို့ သီလ၀တီ စာသင်တိုက်လိပ်စာ

ဒေါ်သီလစာရီ
သီလ၀တီစာသင်တိုက်
စန္ဒကူးလမ်း
စက်မှုဇုံ
မုံရွာမြို့
စစ်ကိုင်းတိုင်း

ဖုန်း-၀၀၉၅-၇၁-၂၅၇၄၂

နောက်ပိုင်း တခြား စာသင်တိုက်များကိုလည်း ယခုလို ရှာဖွေပြီး တင်ပြသွားမှာဖြစ်ပါတယ်။
ကျေးဇူးတင်လျှက်..........




0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP