* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, December 20, 2009

*ဥပါသကာ*

ဘုရား၊တရား၊သံဃာရတနာသုံးပါးကိုမြတ်နိုးစွာကိုးကွယ်ဆည်းကပ်သူကို“ဥပါသကာ”ဟုခေါ်ပါသည်။
အမျိုးသမီးဖြစ်လျှင်“ဥပါသိကာ”ဟုခေါ်ပါသည်။
အဆင့်မြင့်၊ဂုဏ်သရေရှိသောဥပါသကာတစ်ယောက်တွင်ဥပါသကာဂုဏ်ရည်(၁၀)ပါးရှိပါသည်။
၎င်းတို့မှာ-
(၁) ဘုရားရှင်၏တပည့်သားသံဃာများနှင့်အေးအတူပူအမျှဆင်းရဲချမ်းသာကိုဝေမျှခံစားခြင်း၊
(၂) ဗုဒ္ဓ၏တရားတော်ကိုသာအလေးဂရုပြုခြင်း၊
(၃) မိမိရှိသမျှပစ္စည်းဥစ္စာကိုမျှတစွာခွဲခြမ်းသုံးစွဲလှူဒါန်းတတ်ခြင်း၊
(၄) ဘုရားသာသနာ ပျက်စီးမည့် အရေးတွေ့မြင်ပါက သာသနာတော်ကြီးပွားရာ ကြီးပွားကြောင်းကို
သာမနေမနားကြိုးစားအားထုတ်ခြင်း၊
(၅) အယူဖြောင့်မှန်ပြီးလူပြိန်းတို့လက်ခံသည့်အထူးအဆန်းမင်္ဂလာကိုယုံကြည်မှုမရှိသည့်အပြင်မိမိ
အသက်ကို ပဓာနမထားဘဲမိမိကိုးကွယ်ရာဆရာ(ဘုရား)မှအခြား အယူပျက်သော တတ္တိဆရာများကို
မိမိ၏ဆရာအဖြစ်မည်သည့်အခါမျှမရည်ညွန်းခြင်း၊
(၆) ကာယကံ၊၀စီကံကိုစောင့်ထိန်းခြင်း၊
(၇) အတူနေပုဂ္ဂိုလ်များနှင့်သင့်တင့်ညီညွတ်စွာ နေထိုင်တတ်၍ အချင်းချင်း အပေါ်ငြူစူမှုကင်းပြီးသာ
သနာတော်ကိုခုတုံးလုပ်၍ဟန်ဆောင်ပလွားဝါကြွးမှုမပြုခြင်း၊
(၈) ဘုရားရတနာကိုကိုးကွယ်ဆည်းကပ်ခြင်း၊
(၉) တရားရတနာကိုကိုးကွယ်ဆည်းကပ်ခြင်း၊
(၁၀) သံဃာရတနာကိုကိုးကွယ်ဆည်းကပ်ခြင်းတို့ဖြစ်ပါသည်။
(မိလိန္ဒပဉ္ဖာ၊၁၀၂)
ဥပါသကာအဖြစ်ခံယူပြီးသောဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်သည်ငါးပါးသီလကိုခါးဝတ်ပုဆိုးကဲ့
သို့မြဲ၍ရှစ်ပါးသီလ၊ ဆယ်ပါးသီလများကိုစောင့်ထိန်းပြီးအောက်ပါအချက်များကိုရှောင်ကြဉ်ရမည်ဖြစ်
ပါသည်။
(၁) လက်နက်ရောင်းဝယ်ဖောက်ကားခြင်း၊
(၂) လူအရောင်းအ၀ယ်ပြုလုပ်ခြင်း(ကျွန်ရောင်းကျွန်ဝယ်ခြင်း၊ပြည့်တန်ဆာရောင်းဝယ်ခြင်း)၊
(၃) ကြက်၊ ၀က်၊ အမဲ၊ သား ငါးများကိုရောင်းဝယ်ခြင်း၊
(၄) မူယစ်ဆေးဝါးအမျိုးမျိုးနှင့်သေရည်သေရက်ရောင်းဝယ်ခြင်း၊
(၅) လူကိုသေစေတတ်သည့်အဆိပ်ရောင်းဝယ်ခြင်းနှင့်ကာယဒုစရိုက်မှု၊၀စီဒုစရိုက်မှုတို့ကိုကူးလွန်၍
ရရှိလာသောဥစ္စာပစ္စည်းတို့ဖြင့်လည်းအသက်မွေးဝမ်းကြောင်းမပြုလုပ်ရပေ။
ဥပါသကာတွင်လည်း
(၁) ဥပါသကရတန=နှစ်သက်ကြည်ညိုဖွယ်ဥပါသကာ
(၂) ဥပါသကပဒုမ=ပဒုမ္မာကြာနှင့်တူသောဥပါသကာ
(၃) ဥပါသကပုဏ္ဍရိက=ကြာဖြူနှင့်တူသောဥပါသကာ ဟူ၍သုံးမျိုးရှိပါသည်။
အထက်ဖော်ပြပါဥပါသကာသုံးမျိုးတွင်
(၁) သဒ္ဓါတရားနှင့်ပြည့်စုံခြင်း၊
(၂) အနည်းဆုံးငါးပါးသီလလုံခြုံခြင်း၊
(၃) ကောတုဟလမင်္ဂလာခေါ်အထူးအဆန်းမင်္ဂလာကိုယုံကြည်လက်ခံမှုမရှိခြင်း၊
(၄) ကံ၊ကံ၏အကျိုးကိုယုံကြည်ခြင်း၊
(၅) အယူပျက်သည့်သာသနာပအလှူခံပုဂ္ဂိုလ်တို့ကိုအရိုအသေမပြုခြင်း၊မလှူဒါန်းခြင်း အင်္ဂါရပ်များရှိပါသည်။အဆိုပါအင်္ဂါရပ်များနှင့်ဆန့်ကျင်သောဥပါသကာများကို-
(၁) ဥပါသကစဏ္ဍလ=ဒွန်းစဏ္ဍားဥပါသကာဟူ၍လည်းကောင်း၊
(၂) ဥပါသကမလ=မသန့်ရှင်းသောဥပါသကာဟူ၍လည်းကောင်း၊
(၃) ဥပါသကပဋ္ဋိကိဌ=စက်ဆုပ်ရွံရှာဖွယ်ဥပါသကာဟူ၍လည်းကောင်း ခေါ်ဆိုပါသည်။
ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့လည်းဥပါသကာ၊ဥပါသိကာမကောင်းများဖြစ်ပြီးသာသနာအ
ကျိုးကိုထမ်းဆောင်နိုင်ကြပါစေ။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP