* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, November 14, 2009

အဖြည့်ခံနှလုံးသားပိုင်ရှင်

Wednesday, November 11, 2009

မိတ်ဆွေ…….. သင်က တစ်လောကလုံး သင့်လုပ်စာ စားနေရသည့် မျက်နှာထားနှင့် နေသောအခါ ကျွန်ုပ်သည် သင့်၏ ရှေ့၌ “ကြောင်ရှေ့ကြွက်လို” နေပါ့မည်။

မိတ်ဆွေ……. သင်က သင့်ကိုယ်သင် ထင်တစ်လုံးဖြင့် တစ်ဘက်သားကို အဘက်မတန်သလို မတူမတန် ဆက်ဆံလာသောအခါ ကျွန်ုပ်သည် “အညတရလို” နေပါ့မည်။

မိတ်ဆွေ……. သင်က အသိုင်းအ၀ိုင်းအင်အား ဂုဏ်အင်အားကို အသုံးပြုပြီး တိုက်ခိုက်လာသောအခါ ကျွန်ုပ်သည် “အပယ်ခံသုညလို” နေပါ့မည်။

မိတ်ဆွေ……. သင်က ဒေါသမာန်မာန အဆိပ်ပြည့်သော အတ္တအစွယ်ကို ထုတ်ပြသောအခါ ကျွန်ုပ်သည် “ ရေမြွေတစ်ကောင်လို” နေပါ့မည်။

မိတ်ဆွေ….. သင်စိတ်ကောက်၍ စကားမဆိုသောအခါ ကျွန်ုပ်သည် “ကျောက်ဖြစ်ရုပ်ကြွင်းလို” နေပါ့မည်။
မိတ်ဆွေ…… သင်က လက်တွဲဖြုပ်လျက် လမ်းခွဲထွက်သောအခါ ကျွန်ုပ်သည် “သစ်ငုတ်တိုလို” နေပါ့မည်။
မိတ်ဆွေ…… သင်က ဣဿာမျက်လုံးဖြင့် မလိုတမာ ကြည့်ရှုလာသောအခါ ကျွန်ုပ်သည် “မျက်မမြင် တစ်ယောက်လို” နေပါ့မည်။

မိတ်ဆွေ….. သင်က တစ်ဖက်သတ်တွေး၍ အထင်လွဲနေသည့်အခါ ကျွန်ုပ်သည် ပြေလည်အောင် ဖြေရှင်း တောင်ပန်၍ သင့်ကို ကျေနပ်စေပါ့မည်။

မိတ်ဆွေ….. သင်က စိတ်လိုလက်ရ စကားပြောလာသောအခါ ရင်းနှီးပွင့်လင်းစွာ ဆက်ဆံလာသောအခါ ပြန်လည်လက်တွဲလာသောအခါတို့၌ ကျွန်ုပ်သည် ဒဏ်ရာမဲ့ နှလုံးသားဖြင့် ကြည်ဖြူစွာ လက်ခံကြိုဆိုပါမည်။
တကယ်ဆိုလျှင် ကျွန်ုပ်သည် သင့်အတွက် သင်လိုရာ အသုံးပြုနိုင်သည့် “အဖြည့်ခံ နှလုံးသားပိုင်ရှင်” တစ်ဦးသာ ဖြစ်ပါသည်။
ဝီရသူ

အရှင်ကောဝိဒ(ယော) ဘလော့မှ ကူးယူတင်ပြသည်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP