* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, November 14, 2009

သစၥာ (၄) ပါး

November 13th, 2009

သမုဒ္ဒယ ၊ ဒုက္ခ ၊မဂ္ဂ ၊နိရောဓ ဆိုတဲ့ သစ္စာလေးပါးကို နားလည်မှုဟာ ကိလေသာပါးမှုပေါ်မှာ

လုံးလုံးမူတည်နေပါတယ်။အရင်က ကိုယ်သိတဲ့ ကိုယ်ဖတ်ထားတဲ့ သုတအသိလေးပေါ်အခြေ

တည်ပြီး စဉ်းစားခဲ့ဖူးပါတယ်။စွဲလမ်းတာ ခင်တွယ်တာ သံယောစဉ်တွေ လောဘတွေ ဒေါသတွေ

စတဲ့ကိလေသာတရားတွေဟာ သမုဒယသစ္စာအနွယ်ဝင်တွေဆိုတာတော့ သိခဲ့ပါတယ်။ဒါတွေဖြစ်

ရင် ဒုက္ခဖြစ်တယ်ဆိုတာလည်း သိတန်သလောက်သိခဲ့ပါတယ်။သို့သော် ဒီအသိတွေက သုတ

ရှိတဲ့လူတိုင်းလိုလို သိနိုင်တာပဲ။ဆရာတော်ကြီးတွေ အရိယာတွေပြောချင်တဲ့ သမုဒယ ဒုက္ခသဘော

က ဒီထက်ပိုလေးနက်မယ်ဆိုတာ စဉ်းစားမိပါတယ်။တစ်ချို့ သမုဒယ ကိုကျွန်တော်တို့က ဒုက္ခလို့

ထင်ချင်မှ ထင်တာကိုး။သစ္စာလေးပါးထဲက သမုဒယ ဒုက္ခက အမြဲမှန်ကန်နေရမယ်လို့ပေါ့လေ။

အခုဟာက လူတိုင်းအတွက် ဒုက္ခဖြစ်ချင်မှဖြစ်တာပါ။ဥပမာ မိဘကလိမ္မာတဲ့သားသမီးလေးကိုကျ

တော့ ခင်တွယ်တာ သူစိတ်မှာဝမ်းသာနေတယ်။ဆိုးတဲ့သူကျတော့ မွေးရတာ ဒုက္ခရောက်တာပဲတဲ့။

နောင်မှသိလာရတဲ့သဘောက ပစ္စုပ္ပန်သဘောခန္ဓာစဉ်ပေါ်မှာ အထင်မှားပြီး ငြိတွယ်နေတဲ့သဘော

သက်သက်လေးကိုသမုဒယ လိုခေါ်ပြီး ၊ ဒီလိုငြိတွယ်တာနဲ့တပြိုင်နက် အကျိုးသဘောခန္ဓာလေးတွေ

ပေါ်ပြီး ငါထင်တဲ့သဘောနဲ့ ဆက်လက်အားစိုက်နေရတော့ ဒုက္ခသဘောဆောင်နေတယ်လို့ အထင်

လေးပေါ်လာတယ်လို့ ထင်ပါတယ်။ဒါပေမဲ့ ဒီသမုဒယသဘောအကြောင်းသက်သက်လေးကိုသာ

ဆက်တိုက် ဆင်ခြင်တဲ့ ပညာသဘောသက်သက်လေးနဲ့ ကြည့်တက်ပြန်ရင်လည်း ငြိမ်းတဲ့သဘော

သက်သက်လေးတွေဆိုတဲ့ မဂ္ဂနဲ့ နိရောဓ သဘောလို့ သုတအဆင့်ကနေ ၀ိပဿနာ အခြေခံနားလည်

မှုလေးတွေကိုသိလာခဲ့ပါတယ်။ဒါတောင် မပြောပလောက်တဲ့ အောက်ဆုံးအခြေခံသက်သက်လေးပါ။

အခုသိတဲ့အသိဟာ မှန်တယ် မှားတယ်ပြောလိုခြင်းမဟုတ်ပါ။သို့သော် သစ္စာသိမှုဟာ ပစ္စုပ္ပန်ခန္ဓာစဉ်

ပေါ်မှာ ဗိုလ်ငါးပါးတင်နိုင်ပြီး တရစပ် သိမှုအပေါ်မှာလုံးလုံးမူတည်တယ်ဆိုတာကို ပြောလိုခြင်းပါ။

သိင်္ခ

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP