* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, November 14, 2009

*ကမ္ဘာပျက်ခြင်းဆိုင်ရာအမေးအဖြေ*

Nov 9, 2009

ဒကာလေးရေ...
ဒကာလေးမေးတဲ့ကိစ္စက ဘုရားအရာသာ ဖြစ်ပါတယ်...
ဘုရားအရာကို ဗေဒင်ဆရာ လောကဓာတ်ဆရာ အဆင့်လောက်တွေက ပြောဆိုနေခြင်းမျှသာပါ...
ဘုန်းကြီးက ဗုဒ္ဓဘာသာအစစ်ဆိုတော့ ဘုရားစကားမှလွဲ၍ ဘယ်သူ့စကားမှ လက်မခံတတ်ပါဘူး...
ဒီတော့ မဟုတ်ဘူးလို့ပဲ ပြောပါရစေ...
ဒကာလေးတို့ သိထားတဲ့အတိုင်းပါပဲ ဒီဘဒ္ဒကမ္ဘာမှာ သဗ္ဗညုဘုရားအစစ်
ငါးဆူပွင့်ပြီးမှ ကမ္ဘာပျက်မှာပါ...
ယခုလက်ရှိ ပွင့်တော်မူနေတဲ့ဘုရားက လေးဆူမြောက် ဂေါတမဘုရားပါ...
နောက်ဆုံး ငါးဆူမြောက် ဘုရားကတော့ အရိမေတ္တေယျဘုရား ဖြစ်ပါတယ်...
အရိမေတ္တေယျဘုရား ပွင့်တော်မူပြီးမှသာ ဒီဘဒ္ဒကမ္ဘာက ပျက်ဆီးပါမယ်...
ကမ္ဘာပျက်ဖို့ရာ ၂၀၁၂ မပြောနဲ့ဦး ရေတွက်လို့ဖြင့် မရလောက်အောင် လိုလှပါသေးတယ်...
ကမ္ဘာပျက်ပုံကို ၃၁-ဘုံဇယား ထည့်ပေးလိုက်တယ်...
၁ အေ ကတော့ဖတ်ပုံဖတ်နည်း ဖြစ်ပါတယ်...
၁ ဘီ ကတော့ ဇယားပေါ့ ဒါလေးကို ကြည့်တတ်သွားရင်အများကြီး သိသွားပါမယ်...
စာအုပ်အညွှန်းတွေ ထည့်ပေးလိုက်ပါတယ် ဆက်လက်လေ့လာကြပါ...
ဂူးဂယ်မှာ ရှာကြည့်ရင်လည်း တွေ့ရပါတယ်...ဒါပေမဲ့ စာမှားတွေကလည်း အတော်များပါတယ်...
ပါဠိတော် မြန်မာပြန် မူရင်းနဲ့တိုက်ပြီး လေ့လာနိုင်ကြပါစေ...

စိတ်ချမ်းသာကြပါစေ
ဦးလောကနာထ
၁၀.၂၇.၂၀၀၉


ဒီပို့စ်လေးကိုကျွန်တော်ကမ္ဘာမပျက်ခင်တစ်လအလိုတက်ဂ်ကိုရေးသားမိရာမှထေရ၀ါဒဗုဒ္ဓဘာသာ
မှာကမ္ဘာပျက်ခြင်းနဲ့ဆိုင်တဲ့သိမှတ်ဖွယ်ရာလေးတွေကိုဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့
အားသိစေလို၍တင်လိုက်ခြင်းဖြစ်ပါတယ်။ အခုတလောForward mail တွေမှာပါနေတဲ့ကမ္ဘာကြီး
၂၀၁၂ ပျက်မယ်ဆိုတဲ့သတင်းများကိုလည်းဓမ္မမိတ်ဆွေသူတော်ကောင်းတို့ဤပိုစ်လေးကိုဖတ်ပြီး
တော့အမှန်တရားကိုသိရှိနိုင်ပါစေ။ဆင်ခြင်နိုင်ပါစေ။
ဆရာတော်ရဲ့အမေးအဖြေလေးကိုပို့ပေးတဲ့သူငယ်ချင်းကိုသက်နောင်ကိုလည်းကျေးဇူးတင်ရှိပါ
တယ်ခင်ဗျာ။
ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့အမှန်တရားကိုဆင်ခြင်စဉ်းစားနိုင်သောသူများဖြစ်ပါစေ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP