* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, October 15, 2009

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၁၆)


အရင်းအတိုင်း ရှိသည်

အိပ်မက်လောကထဲ၌ မျောပါလျက်ရှိသော လူသည် အလိုကျသော အခြင်းအရာကို စိတ်ကူးမိသောအခါ ကြည်နူးနှစ်သိမ့်ခြင်းဖြစ်၍ အလိုမကျသော အခြင်းအရာကို စိတ်ကူးမိသောအခါ မကျေမချမ်းဖြစ်ရ၏။ အထက်ပါဝန်ကြီးသည် အမျိုးသမီးများ ပန်းစည်းဆက်ခြင်းအကြောင်းကို “စားမြုံ့ ပြန်” သောအခါ ရွှင်မြူးကြည်နူး၍ ပမာမခန့် ရေးသားသော အယ်ဒီတာအကြောင်းကို စိတ်ကူးမိသောအခါ နှလုံးမသာယာမှု ဖြစ်ရတော့သည်။ ရွှင်မြူးကြည်နူးခြင်းသည် လည်းကောင်း၊ နှလုံးမသာယာခြင်းသည် လည်းကောင်း၊ သံသရာရှည်စေဖို့  အထုံးအဖွဲ့ များပင် ဖြစ်သည်။ တဖန် “ဒိဋ္ဌလောက” ထဲသို့  ပြောင်းရွှေ့ လိုက်သည့်အခါ အဆင်းသက်သက်၊ အသံသက်သက်၊ အနံ့ သက်သက်၊ အတွေ့ သက်သက် စသည်ဖြင့် တွေ့ ရမည်ဖြစ်၍ နှစ်သက်တပ်မက်စရာလည်း မဟုတ်၊ ဒေါသဖြစ်လောက်အောင် မုန်းတီးစရာလည်း မဟုတ်သည့်အဖြစ်ကို တဖြည်းဖြည်း ထိုးထွင်းသိမြင်လာဖို့  ရှိပေသည်။ ထို့ ကြောင့် “အိပ်မက်လောက” သည် အရှုံးအမြတ်ထွက်သော (အများအားဖြင့်) အရှုံးထွက်သော လောကဖြစ်၍ “ဒိဋ္ဌလောက” သည် အရှုံးအမြတ်မရှိ “အရင်းအတိုင်း” နေသော လောကဖြစ်သောကြောင့် အကြင်ယောဂီ၏ စိတ်သည် ငြိမ်သက်ကြည်လင်စွာ တည်နေနိုင်ခြင်း ဖြစ်လေသည်။

အပြန်အလှန် ပိုင်ခြင်း

ထိုမှတပါးလည်း “စိတ်” ၏ သဘာဝကို သိမြင်သည်ထက် သိမြင်လာသောအခါတွင် ပစ္စည်းဥစ္စာပိုင်ဆိုင်ရခြင်း၏ ၀န်လေးသောအဖြစ်ကို ရိပ်မိလာတတ်သည်။ ဥပမာ နွားကို ကြိုးဖြင့် ကိုင်ဖမ်းထားသော လူက “ငါသည် ဤနွားကို ချုပ်ကိုင်ထားမိပြီ။ ဤနွားကား ဘယ်မှထွက်မပြေးနိုင်တော့” ဟု မှတ်ထင်ပေလိမ့်မည်။ သို့ ရာတွင် နွားသာလျင် ထွက်မပြေးနိုင်သည်မဟုတ်၊ လူမှာလည်း ကြိုးစကို ဆုပ်ကိုင်ထားရသောကြောင့် နွားကလည်း လူကိုပိုင်လျက်ရှိသည်။ ထိုနည်းအတူ ပစ္စည်းဥစ္စာ ပိုင်ဆိုင်မိသော လူများမှာလည်း ပစ္စည်းအတွက်ကြောင့် သွားချင်ရာမသွားရ၊ လာချင်ရာ မလာရ ရှိတတ်ပေရာ လူကသာပိုင်သည်မဟုတ်၊ ပစ္စည်းကလည်း လူကို အပြန်အလှန် ပိုင်လျက်ရှိတော့သည်။ သို့ သော် ပကတိလူများသည် ဤအချက်ကို မသိမြင်ဘဲ၊ မျက်စိလည်လျက်ရှိပေရာ “ဒိဋ္ဌလောက” ထဲ၌နေဖို့  အားထုတ်သော ယောဂီပုဂ္ဂိုလ်သည်သာလျင် တဖြည်းဖြည်း တရွေ့ ရွေ့  သဘောပေါက်ပြီး နောက်ဆုံးတွင် မျက်စိလည် ပျောက်နိုင်ပေသည်။

ထိုးထွင်းနိုင်အောင် အစဖော်ခြင်း

မာလုကျပုတ္တနှင့် ဘာဟိရသုတ်များတွင် ဗုဒ္ဓသည် “ဒိဋ္ဌေဒိဋ္ဌမတ္တံ” အစရှိသော သြ၀ါဒကို ပေးတော်မူရာ၌ သင်သည် တစ်ကြိမ်တစ်ခါမျှ မမြင်ဘူး၊ မကြားဘူး၊ အာရုံမပြုဘူးသော အခြင်းအရာတစ်ခုနှင့်ပတ်သက်၍ တပ်မက်နှစ်သက်ခြင်း၊ စက်ဆုပ်ရွံရှာခြင်း၊ (ချစ်ခြင်း၊ မုန်းခြင်း) ဖြစ်နိုင်ပါမည်လောဟု မေးတော်မူသည်။ ဤစကားမှာ ရိုးရိုးရှင်းရှင်းမျှသာ ထင်ရသော်လည်း၊ (ဒိဋ္ဌေဒိဋ္ဌမတ္တံ) ဟူသော သြ၀ါဒအတိုင်း ကျင့်ကြံအားထုတ်သူအဖို့ မှာ လွန်စွာ အရေးကြီး၍ “ကွဲ” စေလိုသောနေရာတွင် “အက်ကြောင်း” ပေးလိုက်ခြင်းပင်ဖြစ်သည်။ ၄င်းသြ၀ါဒအတိုင်း ကျင့်ကြံအားထုတ်သော ယောဂီပုဂ္ဂိုလ်သည် “စိတ်” သဘာဝကို တဖြည်းဖြည်းသဘောပေါက်လာ၍ လောက၌ အဟုတ်တကယ်ရှိသည်ဟု မိမိမှတ်ထင်လာခဲ့သော အခြင်းအရာဟူသမျှသည် အခံဓါတ်နှင့် အတိုက်ဓါတ် ဆုံစည်းမိသည့် အခိုက်အတန့် ကလေးမျှတွင် အသိစိတ်ကလေး ပေါ်လာခြင်းမျှသာ ဖြစ်ချေပြီတကား။ မတိုက်မိ၍ မဖြစ်ခဲ့လျှင် တပ်မက်စွဲလမ်းစရာဟူ၍ လည်းကောင်း၊ စက်ဆုပ်ရွံရှာဖွယ် ဟူ၍လည်းကောင်း၊ (ချစ်စရာ မုန်းစရာ) မရှိချေပြီတကား ဟူသော သဘာဝအစစ်အမှန်ကို မျက်ဝါးထင်ထင် ထိုးထွင်းသိမြင်နိုင်လိမ့်မည် ဖြစ်ပါသတည်း။

(ဆရာကြီးရွှေဥဒေါင်း ၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် တင်ပြီးသမျှ အတွဲ (၁) မှ ယခုအထိ ဖတ်လိုလျင်)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP