* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, October 15, 2009

၁၅-၁၀-၀၉ မဇင်မွန်ထက် မိသားစု သံဃာ သီလရှင် အရုဏ်+နေ့ဆွမ်း အလှူ

အကြော်နဲ့ ဘုဉ်းပေးမယ်

ဆွမ်းခံယူပြီး ခံဆဲ ကိုရင်လေးတွေ


နေ့ဆွမ်းနဲ့ ဗလာစာအုပ် ဆက်ကပ်ခံနေတဲ့ သီလရှင် ဆရာလေးများ


အရုဏ်ဆွမ်း
ဆွမ်းဆီဆမ်း၊ စားတော်ပဲ+အကြော်စုံ
နေ့ဆွမ်း
ဆိတ်သား+အာလူး၊ အစိမ်းကြော်၊ သရက်ချဉ်+ ငရုတ်သီးကြော်
ဆွမ်းထမင်း

ဗလာစာအုပ် - သံဃာကုန်+ သီလရှင် အပါး ၁၀၀

အလှူရှင်
ကျေးဇူးရှင် မိဘနှစ်ပါး ဖြစ်ကြသော ဦးကြံအောင်+(ဒေါ်ခင်စီ) တို့အားအကြီးအမှူးထား၍ ကနေဒါနိုင်ငံနေ ကိုမြင့်သူ+ မမွှေးမွှေးကြူနှင့် သမီးလေး ဇင်မွန်ထက်တို့ ကောင်းမှု

ဝေယျာဝစ္စ ဒါနရှင်များ
ဦးသုဇာတ (သီတဂူ)
ဦးအာဒိစ္စ (ဖျာပုံကျောင်း)၊ ဦးပညာသာမိ (မင်္ဂလာသိင်္ဂီကျောင်း)၊ ဦးကဝိ (ဖျာပုံကျောင်း)
ဆရာလေးမစရဏမဉ္စရီ၊
ကိုမျက်မှန်၊ ကိုဂစ်တာ၊ ကိုဇော်၊ ကိုဝေ၊ ငြိမ်းအိထွေး

မနက် ၅ နာရီ ၁၅ မှ အရုဏ်ဆွမ်း စကပ်ပါတယ်။ သံဃာတွေ အရင်ထက် ပိုများလာတယ်။ ခုံတွေ မလောက်တော့ ကျောင်းထဲမှာပါ စားပွဲဝိုင်းတစ်ဝိုင်း ထပ်တိုးထားရတယ်။

မနက် ၆ နာရီ
ဆွမ်းဆီဆမ်းကို စားတော်ပဲပြုတ်နဲ့နယ်၊ တို့ဟူးကြော်၊ ပဲကြော်၊ ဗယာကြော်တွေကို ဆွမ်းပေါ် တင်ပြီး ဆက်ကပ်တယ်။ တစ်ပါး နှစ်ပန်းကန်လောက် နှစ်နှစ်ခြိုက်ခြိုက် ဘုဉ်းပေးကြတယ်။ သံဃာသာမဏေ အပါး ၂၀၀ ကျော် အရုဏ်ဆွမ်း ဘုဉ်းပေးပြီးပြီ။ နောက်ထပ်ထဲ ကြွလာနေဆဲ။ နေ့ဆွမ်း မလောင်းနိုင်သေးဘဲ အရုဏ်ဆွမ်းကိုပဲ ဝေယျာဝစ္စအားလုံး ကြွလာသမျှ သံဃာကုန်ကို ကပ်နေတယ်။
''ဆရာလေးတွေအတွက် ဆွမ်းထပ်ပေါင်းမယ်''

ဦးဇင်း ဦးသုဇာတက ဆရာလေးတွေ ကြွမလာခင် ဆွမ်းထပ်ချက်ဖို့ လုံးပန်းနေတယ်။ အားပါးတရ ဘုဉ်းပေးကြတာ များတော့ အကြော် မလောက်မှာစိုးလို့ ဒကာကိုဇော် အမြန်သွားဝယ်တယ်။

''မျက်မှန်...ဆွမ်းလောင်းမယ်''

မနက် ၅ နာရီ ၅၀ ကျော်မှ နေ့ဆွမ်းလောင်းဖို့ စ,ပြင်နိုင်တယ်။ အရုဏ်ဆွမ်း ကပ်ပေးနေတဲ့ ဖျာပုံကျောင်းက ဦးအာဒိစ္စနဲ့ ဦးကဝိလဲ နေ့ဆွမ်းလောင်းတာ ဝင်စီမံဖို့ ကျောင်းရှေ့ ထွက်လာရတယ်။ ၆ နာရီ ၁၁ မိနစ်မှာ နေ့ဆွမ်း စလောင်းတယ်။

''ဒေါက်တာ...ကိုယ်တော်တွေ နေရာလုပ်ပေးပါဦး''

ဒေါက်တာ ဆိုတာက မင်္ဂလာသိင်္ဂီကျောင်းက ဦးဇင်း ဦးပညာသာမိပါ။ သံဃာတွေ နေထိုင်မကောင်းရင် သွေးချိန်တာ၊ ဆေးတိုက်တာ အကုန်လုပ်ပေးရလို့ ''ဒေါက်တာ''လို့ ခေါ်ကြတာပါ။ နေ့ဆွမ်းအတွက် တန်းနေတဲ့ သံဃာနဲ့ သာမဏေ အပါး ၄၀၀ လောက် ရှိနေတော့ ကားတွေ ဆိုင်ကယ်တွေ ဖြတ်သွားဖြတ်လာ ပိတ်မှာစိုးတော့ ''ဒေါက်တာ''ဦးဇင်းက လမ်းရှင်းပေးနေရတယ်။

အရုဏ်ကို အပါး ၃၀၀ နီးပါး ဘုဉ်းပေးပြီးပြီ။ ဆက်လဲ ဘုဉ်းပေးနေကြတယ်။

မနက် ၇ နာရီ
သီလရှင် ဆရာလေးတွေ ကြွလာပြီ။ အရုဏ်ဆွမ်း ဘုဉ်းပေးနေတဲ့ ကိုယ်တော်တွေလဲ ရှိသေးတယ်။ ဆရာလေးတွေကို အရုဏ်ဆွမ်း ကပ်ပြီး နေ့ဆွမ်းကို ဖော့ဘူးများနဲ့ ဆက်ကပ်လောင်းလှူပါမယ်။ နေ့ဆွမ်းလဲ လောင်းရင်း သီလရှင် ဆရာလေးတွေလဲ အရုဏ်ဆွမ်း ကပ်ဖို့ ပြင်သူက ပြင်ရတယ်။

ဝတ်ခွက်တွေထဲကို တစ်ပါး ဆိတ်သားတစ်တုံး+အာလူးတစ်ခြမ်း ကပ်တယ်။ အစိမ်းကြော်၊ သရက်ချဉ်၊ ငရုတ်သီးကြော်တွေပါ လောင်းတယ်။ ဆိတ်သားက ပထမဆုံး စ,ကပ်ဖြစ်တဲ့ ဟင်းမယ်ဆိုတော့ ဆွမ်းဟင်းအပြောင်းအလဲလဲ ဖြစ်သွားတယ်။

အစိမ်းကြော်နဲ့ သရက်ချဉ်က မနက် ၆ နာရီခွဲလောက်မှာ ပြတ်သွားတယ်။ ဆိတ်သား+အာလူးဟင်းပဲ ဆက်လောင်းတယ်။ ဆိတ်သား+အာလူးက တုံးတဲ့ ဒကာက စေတနာနဲ့ အတုံး နည်းနည်းကြီး တုံးပေးခဲ့တော့
အပါး ၄၂၀ လောက် လောင်းပြီးချိန်မှာ ဆိတ်သား+အာလူးဟင်း ပြတ်သွားတယ်။ အကြော်စုံတွေနဲ့ ဆက်လောင်းတယ်။ မနက် ၆ နာရီ ၄၅ မှာ အပါး ၄၅၀ ကျော် လောင်းပြီးတော့ ဆွမ်းထမင်းပါ ကုန်သွားပါပြီ။ အရုဏ်ဆွမ်းကလဲ ဆွမ်းနဲ့ အကြော်စုံဆိုတော့ လိုက်ပွဲတွေနဲ့ မြိန်ရှည်ရှက်ရည် ဘုဉ်းကြတာကိုး။

သီလရှင် ဆရာလေးတွေကိုလဲ စားတော်ပဲပြုတ် နယ်ထားတဲ့ ဆွမ်းဆီဆမ်းကို အကြော်စုံနဲ့ ဆက်ကပ်တယ်။ ဗလာစာအုပ်တွေ သံဃာရော သီလရှင်ပါ လောင်းလှူတယ်။

''အန္တရာယ်ခပ်သိမ်း ကင်းလွတ်ငြိမ်း၍
ကိုယ်ကျင့်သီလ ဒါနစာဂီ
ပါရမီကုသိုလ် မငြိုငြင်ဘဲ
မဂ်ဖိုလ် နိဗ္ဗာန် လျင်အမြန် ဧကန်ရောက်နိုင်ကြပါစေ''

ဆရာကြီး ဆရာလေးများက အလှူရှင်များနဲ့တကွ အားလုံးသော သူတို့ ဘေးကင်း ချမ်းသာပါစေကြောင်း အေးချမ်းတဲ့ အသံတော်နဲ့ မေတ္တာပို့သရင်း ဗလာစာအုပ်တွေ အလှူခံယူနေပါတယ်။

သီလရှင်များကို ဆွမ်းထမင်း ဖော့ဘူးတွေနဲ့ ကပ်ပြီး ဆိတ်သား+အာလူးဟင်း၊ အစိမ်းကြော်၊ သရက်ချဉ်၊ ငရုတ်သီးကြော်တွေကို ပလတ်စတစ်အိတ်ငယ်များနဲ့ ထုပ်၊ ကြွပ်ကြွပ်အိတ်ထဲ ပေါင်းထည့်ပြီင်္း အပါးစေ့ ဆက်ကပ်တယ်။ ဆရာလေးတွေ ဒီမှာ ဘုဉ်းပေးဖို့နဲ့ နေ့ဆွမ်းလောင်းဖို့ ဆွမ်းထမင်းကို အမြန် ထပ်ချက်ထားတော့ အလျဉ်မီသွားတယ်။


''ယခုပြုရ ကုသလကြောင့်

လေးဝအပါယ် ရှစ်သွယ်ရပ်ပြစ် ကင်းတုန်လှစ်၍

ရှင်ချစ်ဗုဒ္ဓါ စောမြတ်စွာ၏ အဖြာဖြာ မဆုံး သာသနာဘုန်းကို

ခြိမ်းအုန်းကြေညာ ဝေေ၀ဆာသို့

စေတနာညွန့်ပြောင်း အိုသူတော်ကောင်းတို့…

နှစ်ထောင်းကြည်သာ ဘာဝနာကို

သေချာမယုတ် အားပါးထုတ်ရန်

ကြည်သာချမ်းမြ ထောက်ပံ့နိုင်ကြပါစေသား..

ဗျဿန ငါးကပ်၃ ပါးနှင့်

လေးပါးဝိပါတ် ဥပါဒါနှစ်ဆယ်ကျော် ကင်းလွတ်ငြိမ်း၍

ကောင်းသော စိတ်ဝမ်း ဖိတ်ဖိတ်လျှမ်း ထိပ်တန်းရောက်နိုင်ကြပါစေ''


သီလရှင် ဆရာကြီး ဆရာလေးများ မေတ္တာပို့သကြတာပါ။ ဒီနေ့အလှူမှာ နောက်ထပ် ထူးခြားတာ တစ်ခုက ဆွမ်းဟင်း ချက်ပြုတ်တဲ့ ဒကာမကြီး ဒေါ်ကြည်ဌေးရဲ့ သမီးကလေး ငြိမ်းအိထွေးအတွက် အလှူရှင် မိသားစုက ကျောင်းဝတ်စုံ၊ လွယ်အိတ်နဲ့ စာအုပ်ခဲတံဖိုး နှစ်သောင်းကျပ် လှူဒါန်းခြင်း ဖြစ်ပါတယ်။

သီလရှင် ဆရာလေးတွေအတွက် နေ့ဆွမ်းနဲ့ ဗလာစာအုပ်

မနှင်းပေါက်ပွင့် (ဒူဘိုင်း) လှူဒါန်းတဲ့ ဆွမ်းချက်အိုးနဲ့ ၅-၁၀-၀၉ မနက်မှာ ပဲနှပ်ပြီးစ

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP