* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, October 15, 2009

မေတ္ထာကမ္ဘာလူမှုကူညီရေးအသင်း၏ဒုတိယအကြိမ်မြောက်အလှူတော်အတွက် လှူဒါန်းကြသောအလှူရှင်များစာရင်း

မြန်မာပြည်သို့ အကူအညီပေးမည့် မေတ္တာကမ္ဘာလူမှုကူညီရေးအသင်း၏ ဒုတိယ အကြိမ်မြောက်အလှူတော်ကို အသင်း၏ အစည်းဝေးဆုံးဖြတ်ချက်အရ အမှန်တစ်ကယ် လိုအပ်လျှက်ရှိသော နေရာများထဲမှ အလိုအပ်ဆုံးနေရာလေးတစ်ခုအား လှူဒါန်းရန် အတည်ပြုသတ်မှတ်ခဲ့ကြသည့်အတိုင်း အောက်တိုဘာလကုန်၌ မန္ထလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် အတွင်းရှိ မကြီးချိုကျေးရွာ အခြခံပညာမူလတန်းလွန်ကျောင်းလေးတွင် အရေးတကြီးလိုအပ်လျှက်ရှိသော စာသင်ဆောင် တစ်ဆောင်အား စတင်၍ အကောင်အထည်ဖော် ဆောက်လုပ် လှူဒါန်းသွားမည် ဖြစ်ပါသည်။
အမြန်ဆုံးအကောင်အထည်ဖော်လှူဒါန်းနိုင်ရေးအတွက် စေတနာရှင် အလှူရှင်များ အနေဖြင့် ကျမ တို့ မေတ္တာကမ္ဘာလူမှုကူညီရေးအသင်း နှင့် ပူးပေါင်းပါဝင်လှူဒါန်းမှုများ ပြုလုပ်နိုင်ကြရန် ကျမ မနှင်းဟေမာ ( စည်းရုံးရေးမှူး - စင်္ကာပူ ) မှ အသင်းအဖွဲ့တစ်ခုလုံး၏ ကိုယ်စား အားလုံးသော ဘလော့ဂါ မောင်နှမများ ၊ စာဖတ်သူမောင်နှမများ ၊ မေတ္တာကမ္ဘာ အသင်းသားများ နှင့် စေတနာထက်သန်ကြသော အလှူရှင်များထံသို့ အသိပေးနှိုးဆော်မှုအရ - ယနေ့ထိ ကျမ နှင်းဟေမာ ထံသို့ တိုက်ရိုက်ဆက်သွယ်လှူဒါန်းကြသော အလှူရှင်များစာရင်းအား အများသူငါတို့ ၀မ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ကြစေရန် ဖော်ပြအပ်ပါသည်...။

စာသင်ကျောင်းဆောင်အလှူရှင်များစာရင်း


၁) ကိုစိုင်းကျော်စိန်+မနန်းအေးစော
(သမီး) ခွန်းကြယ်စင် ၊ ခန့်ကြယ်စင် မိသားစု(စင်္ကာပူ ) - S$ 50


၂) ကျေးဇူးရှင်မိဘနှစ်ပါးအားအမှူးထားလျှက်
ကိုမျိုးမင်းဦး ( အင်ဒိုနီးရှားနိုင်ငံ ) - S$ 50


၃) ကိုလှိုင်းဇာခြည်အောင် + မချယ်ရီကျော်
မိသားစု ( စင်္ကာပူ ) - S$ 50


၎) ကိုဇော်ထက်အောင် နှင့် မအေးသီရိဇော်မျိုး
( စင်္ကာပူ ) - S$ 50


၅) ကိုဖြိုးမောင်မောင်ဖြိုး ( စင်္ကာပူ ) - S$ 70


၆) ကိုကျော်မိုးမင်း + မဇာခြည်မမ ( စင်္ကာပူ ) - S$ 30


ရ) ကိုကျော်ဇင်ဝင်း + မချိုသဲမွန် ( စင်္ကာပူ ) - S$ 50


၈) ကိုသန်းဇော်ဝင်း ( စင်္ကာပူ ) - S$ 50


၉) ကိုညီညီကျော်လတ် ( စင်္ကာပူ ) - S$ 30


၁၀) ဘလော့ဂါပူးတေ ( စင်္ကာပူ ) - S$ 20

၁၁) ဘလော့ဂါမယ်ကိုး (စင်္ကာပူ) - S$ 10

၁၂) ကိုစိုင်းအောင်သူစိုး နှင့် မသက်သက်အေးထွန်း
(စင်္ကာပူ) - S$ 40

တစ်ယောက်အားဖြင့်ယူသော်မရ တစ်သောင်းအားဖြင့်ယူမှ ရမည်ဟူသော စကားအတိုင်း အများ၏ ပူးပေါင်းမှုဖြင့် ပိုမိုကောင်းမွန် ခိုင်ခံ့သော စာသင်ကျောင်းလေးတစ်ကျောင်း ဖြစ်ပေါ်လာစေရန် နှင့် ကလေးငယ်လေးများ၏ အနာဂတ် ပညာရေးအခက်အခဲလေးများကို တစ်ဘက်တစ်လမ်းမှ ကူညီဖြည့်ဆည်းပေးကြရန်အတွက် မေတ္တာကမ္ဘာလူမှုကူညီရေးအသင်း အနေဖြင့် မိမိတို့၏ အလှူတော်တွင် ပူးပေါင်းပါဝင်လှူဒါန်းလိုကြသော အလှူရှင်အပေါင်းတို့အားလည်း ယခုအောက်တိုဘာ လကုန်ထိ ဆက်သွယ်လှူဒါန်းနိုင်ကြပါကြောင်း လှိုက်လှဲစွာဖြင့် ထပ်မံ ဖိတ်ခေါ်အပ်ပါသည်....။

အခြားနိုင်ငံများမှ လှူဒါန်းရန် ဆက်သွယ်ထားသူများအတွက် အခက်အခဲရှိနေပါသဖြင့် ယခု မနုနုယဉ် (ဘဏ္ဍာရေးမှူး - မြန်မာ) ထံသို့ တိုက်ရိုက်လှူဒါန်းနိုင်ရန် စီစဉ်ပြီး ဖြစ်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်.....။

“အစားအစာကို ပေးလှူတဲ့သူဟာ ခွန်အားကို ပေးလှူရာရောက်ပါတယ်၊ အ၀တ်အထည်ကို ပေးလှူတဲ့သူဟာ အဆင်းကို ပေးလှူရာရောက် ပါတယ်၊ ဆီမီးအလင်းရောင်ကို ပေးလှူတဲ့သူဟာ မျက်စိအမြင်ဓာတ်ကို ပေးလှူရာရောက်ပါတယ်၊ အိမ်ကျောင်း အဆောက်အအုံကို ပေးလှူတဲ့သူဟာ ကောင်းကျိုးအားလုံးကို ပေးလှူရာ ရောက်ပါတယ်” ........ လို့ ကျမတို့ရဲ့ မြတ်စွာဘုရားရှင် ဟောကြားဆုံးမတော် မူခဲ့တဲ့အတိုင်း အလွန်ကြီးကျယ်မြင့်မြတ်လှသော ကျောင်းအလှူတော်ကို အမှန်တစ်ကယ် ဖြည့်ဆည်းပေးရန်လဲ လိုအပ်နေသော နေရာလေးတစ်ခုကို မိမိတို့ချွေးနည်းစာများထဲမှ ရန်သူငါးပါးတို့ဘေးရန်မှ ကင်းလွတ်ရာအမှန်ဖြစ်သော ဒါနကုသိုလ်ကို တက်စွမ်းသလောက် ကူညီလှူဒါန်းမှုပြုကြပါရန် ကျမ၏ မောင်နှမ အားလုံးကို နိဗ္ဗာန် အကျိုးမျှော်ကာ ထပ်မံ အသိပေးနှိုးဆော်အပ်ပါသည်...။


လှူဒါန်းလိုသူများအနေဖြင့် ကျမ နှင်းဟေမာ mwf.hninhaymar@gmail.com ထံသို့ ဆက်သွယ်၍ မေးမြန်း၍ လှူဒါန်းနိုင်ကြပါသည်....။

“ငါကောင်းစားဖို့ဟူသော ရည်ရွယ်ချက်မပါပဲ...သူတစ်ပါးကောင်းစားဖို့ ဟူသော ရည်ရွယ်ချက်ဖြင့် ဒါနပြုခြင်း၊ သီလဆောက်တည်ခြင်း၊ အများအကျိုး (ပရဟိတ) ဆောင်ရွက်ခြင်းများသည် ၀ိပဿနာတရား နာကြားအားထုတ်သည့်နည်းတူ ငါစွဲတည်းဟူသော ဒိဌိကိလေသာ ၊ ငါကောင်းစားဖို့ တည်းဟူသော လောဘကိလေသာများကို ပါ အထိုက်အလျောက် လျော့ပါးကုန်ခမ်းစေသော အကျိုးကျေးဇူးများစွာကို ရရှိစေသည့် ပရဟိတအများအကျိုးပြုလုပ်ငန်းများကို စိတ်ပါဝင်စားစွာဖြင့် မိမိတို့ တတ်စွမ်းသလောက် ပူးပေါင်းပါဝင်လှူဒါန်းမှုများ ပြုနိုင်ကြရန် အတွက် ကျမ နှင်းဟေမာ မှ မေတ္တာကမ္ဘာလူမှုကူညီရေးအသင်း၏ ကိုယ်စား တိုက်တွန်းနှိုးဆော်လိုက်ရခြင်းဖြစ်ပါသည်.....။


အားလုံးပဲ မေတ္တာစိတ်ဓါတ် ၊ တရားမြတ်ဖြင့် လွှမ်းပတ်ကမ္ဘာတည်ကြပါစေ...

နှင်းဟေမာ ( စည်းရုံးရေးမှူး )
မေတ္တာကမ္ဘာလူမှုကူညီရေးအသင်း ( စင်္ကာပူ )
15 Oct 2009

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP