* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, October 1, 2009

ဇာတိမလာရေးနှင့် နိဗ္ဗာန် အမြင်-၆(ပိုင်းလော့ဆရာတော်)

တဏှာ အကြောင်း
-----------------------
တဏှာ ရဲ့ သဘောတရားကို ဆရာတော်ဘုရားကြီးတို့ ဘာသာပြန်ပေးကြတယ်။ ဆရာတော်ဘုရားကြီးတွေ စုပေါင်းပြီးတော့ မြန်မာ လိုဘာသာပြန်ကြတယ်။ ဘာသာပြန် စာပေ တွေရှိတယ်နော်။
ပိဋ ကတ် ဘာသာပြန်စာပေတွေ ရှိပါတယ်။ အဲဒီမှာ တဏှာ ကို အနက် အဓိ ပ္ပါယ် ပြန်ပေးထားတာ အများကြီးတွေ့ရတယ်။ အဲဒီ အထဲ က အများဆုံး သုံးတဲ့ စကားလုံး နှစ်ခု ကို သွားတွေ့ ရတယ်။
(အာရုံ ၌ ကပ်ငြိခြင်း..တဲ့) ဒါလည်းတဏှာ တဲ့၊ လောဘလို့ လည်း သုံးတယ်နော်။ နောက်
(အာရုံ ကို ချုပ်စပ်ခြင်း…..တဲ့။) အဲဒါကိုလည်း တဏှာ တဲ့။ နှစ်ခုနော်။ အာရုံ၌ ကပ်ငြိခြင်း နဲ့ အာရုံ ကို ချုပ်စပ်ခြင်း နော်။ နောက်အာရုံဆိုတာ ဘယ်လိုဟာလဲ လို့တစ်ခါကြည့်ရအောင်၊ ဒါအရေးကြီးတယ်နော်။ အာရုံဟာ ဘုန်းဘုန်းတို့ သဏ္ဍန် မှာ ဘယ်လိုပေါ်သလဲ ။
ဘယ်လိုသိလဲဆိုတာ ကို သိဘို့လိုအပ်တယ် နော်။
အာရုံ= ဒွါရ ခြောက်ပါး ရှိတယ်နော်။မျက်စိအတွက် အဆင်းအာရုံ ၊နားအတွက် အသံ၊ နှာခေါင်း အတွက် အနံ့၊ လျှာ အတွက် အရသာ ၊ကိုယ် အတွက် အတွေ့ အထိ ၊အေးတာ ပူတာ ကြမ်းတာ၊နုတာတွေနော်။ စိတ်အတွက်တော့ ဓမ္မာရုံလို့ခေါ်တယ်။ ၆ ခုရှိတယ်နော်။ ဒီ ၆ ခုကို ပုံလေးဆွဲပြ မှ နားလည် လွယ်မယ်နော် ။


မျက်စိ ၊နား ၊ နှာခေါင်း၊ လျှာ၊ ကိုယ် နှင့် စိတ်မှီ တာ ကနှလုံးအိမ် မှာ မှီတာ ၊ဆက်သွယ်ထားတာ ဖြစ်သောကြောင့် အဆင်းတိုက်ရင် စိတ် စေတသိတ်တွေ လာ ပေါင်းတာနော် ၊ပြီးရင် ကာလမခြားပြန် ပြီး ပုံရိပ်ပေါ်တယ်။ အသံလည်းဒီအတိုင်းပဲနော်။

စိတ်စေတသိတ်တွေပေါင်းခွင့်ရပြီးရင် ထပ်ပုံပေါ်တယ်။ အနံ့လည်းဒီအတိုင်းပဲမှတ်၊ အရသာလည်းဒီ အတိုင်းပဲမှတ်ပါ။ ကိုယ်မှာလည်းဒီ အတိုင်းပဲနော်။ အာရုံတွေဟာဖြင့် ရှေ့က ငါးဒွါရတိုက်တဲ့အချိန် ၊စိတ်နဲ့ စေတသိတ် သွားပေါင်းတာနဲ့ တစ်ပြိုင်နက် သိလိုက်တယ်။ ဒီလိုသိပြီးရင် မနောတံခါးမှာ သွားပွင့်တယ်။ ကြံသိစိတ်လို့ခေါ်တယ် ကာလမခြား ဖြစ်ပါတယ်တဲ့။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP