ရိုသေစွာဖြင့် စာရေးလျှောက်ထားအပ်ပါသည် ဘုရား ၊ ဆရာတော်ကို တပည့်တော် ဖူးခွင့်ရလိုက်တာက ဓမ္မမေတ္တာ ဘလော့မှာပါ အရှင်ဘုရားဟောခဲ့သောတရားကို တပည့်တော်ဖတ် ပြီး နှစ်သတ်ခဲ့မိပါတယ်၊ အတိုင်းအထက်လွန်လည်း ကြည်ညိုခဲ့မိပါတယ်။ ဆက်သွယ်ရမည့် လိပ်စာလေးကိုတွေ့ တော့ တပည့်တော် ရင်ထဲမှာ ရှိနေသော သံသယလေးကို မေးလ်မှာတဆင့် မေးလျှောက်လိုက်ပါသည်ဘုရား။ ပရိတ်တရားတွေက မြတ်စွာဘုရားကိုယ် တော်တိုင်ဟောခဲ့တော်မူပါသလား ဘုရား ၊ စာအုပ်ထဲမှာ တပည့်တော် ဖတ်ခဲ့ဘူးတာက ပရိတ်ကြီး ၇- သုတ်ပဲ မြတ်စွာဘုရားက ဟောခဲ့တာလို့ဖတ်ခဲ့ရပါသည်။ ခုတပည့်တော်တို့ ရှိတာက ၁၁- သုတ်ပါဘုရား။ ဘယ်စာကအမှန်ဖြစ်သလဲဆိုတာကို စေတနာရှေ့ထား၍ ဖြေကြားပေးတော်မူပါဘုရား။မောင်ကောင်းမြတ်
U.S.A
ဒီစာလေးကို စာရေးသူ (၂၂.၀၉.၀၀၉) နေ့ ညနေ မှာ လက်ခံရရှိခဲ့ပါတယ်။ တက္ကသိုလ်က ပြန်လာတော့ စာရေးမလို့ ပြင်နေတုန်း စာရောက်လာတော့ ဖတ်ကြည့်လိုက်မိတယ် တကယ့်ကို အံ့သြ သွားခဲ့မိတယ်။ ဘာကြောင့်လည်း ဆိုရင် ဒီနေ့မနက်ကပဲ စာရေးသူ ဒီအကြောင်းလေးတွေ ဖတ်လိုက်မိခဲ့လို့ပါဘဲ။ မောင်ကောင်းမြတ်ရေ..... မင်းသိချင်တဲ့အကြောင်းလေးတွေကို ရှင်းပြပေးပါမယ်။
ပရိတ်ဟူသည်........ ပရိတ္တဟူသော ပါဠိဘာသာမှ ဆင်းသက်လာသော စကားဖြစ်တယ်။ ပရိတ်ကို ဘာသာပြန်မယ်ဆိုရင် တော့ ၁။ အကာအကွယ် အရံအတား။ ၂။ သေးငယ်သော နည်းသော အရာဝတ္ထု။ ၃။ ကာမတရား၊ ကာမာဝစရတရား ဟူသော အနက်တို့ကို ရရှိနိုင်ပါတယ်။ ဒီနေရာမှာ ဖြစ်သင့်တဲ့ အနက်ကတော့ အကာအကွယ်၊ အရံအတား ဟူသော အနက်သာဖြစ်သင့်ပါတယ်။
မြတ်စွာဘုရားသည် ..............

၁၊ ရတနသုတ်..
၂၊ မေတ္တာသုတ်..
၃၊ ခန္ဓသုတ်..
၎၊ ဓဇဂ္ဂသုတ်..
၅၊ အာဋာနာဋိယသုတ်.
၆၊ အဂုင်္လိမာလသုတ်..
၇၊ ဗောဇ္ဈင်္ဂသုတ်..
၂၊ မေတ္တာသုတ်..
၃၊ ခန္ဓသုတ်..
၎၊ ဓဇဂ္ဂသုတ်..
၅၊ အာဋာနာဋိယသုတ်.
၆၊ အဂုင်္လိမာလသုတ်..
၇၊ ဗောဇ္ဈင်္ဂသုတ်..
-ဟူသောပါဠိတော်များကို အကာအကွယ် "ပရိတ်တရား" အဖြစ် ဟောကြားတော်မူခဲ့ပါတယ်။ ထို့ကြောင့် ဤ ပါဠိတော်များကို ဗုဒ္ဓခေတ်ပရိတ်တော် ၇-သုတ်လို့ ခေါ်ဆိုခဲ့ပါတယ်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးနောက် နှစ်ပေါင်း (၅၀၀) ခန့်အလွန်တွင် ရတနာသုတ်၊ မေတ္တာသုတ်၊ ခန္ဓသုတ်၊ ဓဇဂ္ဂသုတ်၊ အာဋာနာဋိယသုတ်၊ အင်္ဂုလိမာလသုတ်၊ ဗောဇ္ဈင်္ဂသုတ် ဟူသော ပါဠိတော်တို့ကို ပရိတ်တရားတော်အဖြစ် အရှင်နာဂသိန်က မိလိန္ဒမင်းကြီးအား မိန့်ကြားတော်မူခဲ့သည်။ ဒါကိုထောက်ပြီးတော့လည်း မိလိန္ဒခေတ်၌လည်း ပရိတ်တော် ၇- သုတ်ကိုသာ အသုံးအစွဲပြုကြောင်းကို ဒကာတော် မောင်ကောင်းမြတ် နားလည် လောက်မယ်လို့ထင်ပါတယ်။
သာသနာနှစ် (၉၀၀) ကျော်တွင် ပေါ်ထွန်းလာသော အရှင်မဟာဗုဒ္ဓဃောသ လက်ထက် သူ၏ အဌကထာကျမ်းတို့၌...........
သာသနာနှစ် (၉၀၀) ကျော်တွင် ပေါ်ထွန်းလာသော အရှင်မဟာဗုဒ္ဓဃောသ လက်ထက် သူ၏ အဌကထာကျမ်းတို့၌...........
၁၊ ရတနသုတ်..
၂၊ မေတ္တာသုတ်..
၃၊ ခန္ဓသုတ်..
၎၊ မောရသုတ်..
၅၊ ဓဇဂ္ဂသုတ်..
၆၊ အဋာနာဋိယသုတ်..
၇၊ ဗောဇ္ဈင်္ဂသုတ်..
၈၊ ဣသိဂိလိသုတ်..
၂၊ မေတ္တာသုတ်..
၃၊ ခန္ဓသုတ်..
၎၊ မောရသုတ်..
၅၊ ဓဇဂ္ဂသုတ်..
၆၊ အဋာနာဋိယသုတ်..
၇၊ ဗောဇ္ဈင်္ဂသုတ်..
၈၊ ဣသိဂိလိသုတ်..
-ဟူသော သောပါဠိတော်တို့ကို ပရိတ်တရားတော်များအဖြစ် ထုတ်ပြထားလေသည်၊ ထို့ကြောင့် အရှင်မဟာဗုဒ္ဓဃောသခေတ်၌ ပရိတ်တော် ၈-သုတ်ရှိကြောင်း သိရှိရပြန်ပါတယ်။
မြန်မာရဟန်းတော် အရှင်တေဇောဒီပသည် မြန်မာနှစ် ၉၇၁-(သာသနာနှစ်-၂၁၅၃) နှစ်တွင် ပရတ္တဋီကာကို ရေးသားစီရင်ခဲ့သည်၊ ထိုကျမ်း၌..
မြန်မာရဟန်းတော် အရှင်တေဇောဒီပသည် မြန်မာနှစ် ၉၇၁-(သာသနာနှစ်-၂၁၅၃) နှစ်တွင် ပရတ္တဋီကာကို ရေးသားစီရင်ခဲ့သည်၊ ထိုကျမ်း၌..
၁။ ရတနာသုတ်..
၂၊ မေတ္တာသုတ်..
၃၊ ခန္ဓသုတ်..
၎၊ မောရသုတ်..
၅၊ ဓဇဂ္ဂသုတ်..
၆၊ အာဋာနာဋိယသုတ်..
၇၊ အဂုင်္လိမာလသုတ်..
၈၊ မင်္ဂလသုတ်..
၉၊ ဗောဇ္ဈင်္ဂသုတ်..
၂၊ မေတ္တာသုတ်..
၃၊ ခန္ဓသုတ်..
၎၊ မောရသုတ်..
၅၊ ဓဇဂ္ဂသုတ်..
၆၊ အာဋာနာဋိယသုတ်..
၇၊ အဂုင်္လိမာလသုတ်..
၈၊ မင်္ဂလသုတ်..
၉၊ ဗောဇ္ဈင်္ဂသုတ်..
-ဟူသော ပါဠိတော်များကိုသာ ပရိတ်တရားတော်များအဖြစ် မှီရာကျမ်းများနှင့်တကွ ထုတ်ပြထားသည့် အတွက် နောက်ဘက်လွန်မင်းလက်ထက်၌ ပရိတ်တော် ၉- သုတ် အသုံးအစွဲပြုကြောင်း မှတ်သားရပေသည်။
သက္ကရာဇ် (၁၀၀၀) ကျော် အင်းဝခေတ်နောက်ပိုင်းနှင့် ကုန်းဘောင်ခေတ်ဦးပိုင်းသို့ ရောက်သောအခါ ၀ဋ္ဋသုတ်နှင်ပုဗ္ဗဏှသုတ်တို့ကို ထည့်သွင်းကာ ပရိတ်တော် ၁၁- သုတ်အဖြစ် အသိအမှတ်ပြုလာဟန် ရှိပါတယ်။ ဒါကြောင့် ယခုခေတ်မှာ ပရိတ်ကြီး ၁၁- သုတ်ကို သုံးစွဲနေခြင်းဖြစ်ပါကြောင်း မေးခွန်းကိုမေးလာသော မောင်ကောင်းမြတ်( U.S.A) နှင့် စာဖတ်သူပရိတ်သတ်များ သိစေခြင်းအကျိုးငှာ ရှင်းပြလိုက်ပါသည်။ ပါဠိဖောင့် ရိုက်သောအခါ စာရေးသူ၏ ကီးဘုတ်က တစ်ချို့အက္ခရာများအလုပ်မလုပ်ပါသဖြင့် မှားယွင်းမူ့ကလေးများရှိခဲ့ရင် ခွင့်လွတ်ပေးကြပါလို့ စာရေးသူတောင်ပန်လိုက်ပါတယ်။
ကဲမောင်ကောင်းမြတ်ရေ..
ဒကာတော် ဒီစာကလေးကိုဖတ်ပြီး သံသယလေးတွေ ရှင်းလောက်ပြီးလို့ထင်ပါတယ်။ တကယ်တော့ ပရိတ်ဒေသနာတွေ အားလုံးဟာ ဘုရားကိုယ်တော်တိုင် ဟောကြားခဲ့တာပါ။ မြတ်စွာဘုရားလက်ထက်တွင်တစ် ချို့ ပရိတ်တော်များ အသုံးမများခဲ့၍ သာ ဖြစ်ဟန်တူပါတယ်။ ဥပမာ မြတ်စွာဘုရားလက်ထက်တော်မှာ ရဟန္တာတွေများသလောက် အကုန်လုံးကို ဖော်မပြခဲ့ပါဘူး။ ရဟန္တာတွေ ရှိခဲ့တယ်ဆိုတာကိုတော့ စာအုပ်စာပေ ထဲမှာ အများကြီး ရေးသားခဲ့ကြပါတယ်။ ထင်းရှားတဲ့ ပုဂ္ဂိုလ်တွေလောက်သာ အများက သိနေကြတာပါ၊ အဲဒီလိုပါပဲကွယ်.. ဒါကြောင့် ပြောချင်တာကတော့ ပရိတ်တော်တွေ အားလုံးဟာ ဘုရားရှင်ဟောခဲ့တာဆိုတာကို ယုံကြည်စွာနဲ့ ရွက်ဖတ် နားကြားနိုင်ပါတယ်။
ကဲ.... ခုလိုပဲ မေးချင်တာများကို မောင်ကောင်းမြတ်လို အီမေးလ် ဖြင့်သောလည်းကောင်း ၊ သို့မဟုတ် မေးကြမယ် ဖြေကြမယ်ဆိုသည့် နေရာမှာလည်းကောင်း မိမိတို့ကြိုက်နှစ်သက်သလို မေးမြန်း လျှောက်ထားနိုင်ကြပါတယ်။
မောင်ကောင်းမြတ် (U.S.A) နှင်တကွ စာဖတ်သူတွေ အားလုံး သံသယတွေရှင်းစွာဖြင့် ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာကြပါစေ......

0 comments:
Post a Comment