* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, September 23, 2009

တစ်သက်မှာ တစ်ကြိမ်တည်း

ရှေးအခါက

ကောသလတိုင်းမှာ အိမ်ခြေတစ်ထောင်ရှိတဲ့ တံငါရွာကြီးတစ်ရွာရှိတယ်။ အဲဒီရွာကြီးက မိန်းမတစ်ယောက်မှာ ပဋိသန္ဓေရလာတယ်။ ကိုယ်ဝန်ဆောင်ထားရတဲံ သန္ဓေသားရဲ့ ကုသိုလ်ကံက ဆိုးတယ်။ ကိုယ်ဝန်ဆောင်ထား ရတဲ့ အချိန်ကစပြီး တံငါသည်တွေ ငါးဖမ်းလို့မရတော့ဘူး၊ စီးပွားရေးကျဆင်းလာတယ်။ ရွာကို မီးခုနှစ်ကြိမ် လောင်ခဲ့တယ်။ တစ်ရွာလုံး ရှင်ဘုရင်ရဲ့ အပြစ်ပေးတာကိုလည်း ခုနှစ်ကြိမ်ခံခဲ့ရတယ်။

ွရွာသူရွာသားတွေ စဉ်းစားလာကြတယ်။ တို့ရွာဟာ အရင်က စားဝတ်နေရေး ပြေလည်တယ်။ ခုလို ဆင်းရဲ့ ဒုက္ခ မရောက်ကြဘူး။ တို့ရွာထဲမှာ ကံခေတဲ့ လူယုတ်မာတစ်ယောက်တော့ ရှိနေပြီ။ အဲဒီလူယုတ်မာကို ဖော်ထုတ်ကြရ မယ်လို့ စိတ်ကူးလိုက်ကြတယ်။

ရွာကြီးကို တစ်ဖက်ငါးရာစီ နှစ်စုခွဲလိုက်တယ်။ ကံဆိုးတဲ့ ကလေးကိုယ်ဝန်ဆောင်ထားတဲ့မိခင် ပါတဲ့အစုက ဆင်းရဲမြဲဆင်းရဲနေတယ်။ ကျန်တစ်စုက စီးပွားဖြစ်ထွန်းလာတယ်။ ဒီလိုအစုခွဲပြီးစမ်းသပ်စစ်ဆေးကြည့်တဲ့အခါ နောက်ဆုံးနှစ်ယောက်ပဲ ကျန်တော့တယ်။ အဲဒီ နှစ်ယောက်ထဲမှာ ကံဆိုးတဲ့ မိခင်က ဆင်းရဲမြဲဆင်းရဲနေတယ်။ ဒါကြောင့် အဲဒီကိုယ်ဝန်ဆောင်မိခင်ကို ရွာက နှင်ထုတ်ပစ်လိုက်ကြတယ်။

ဒုက္ခသည် သားအမိဟာ ရွာက ထွက်ခွာလာပြီးတဲ့နောက် ကလေးငယ် ဖွားမြင်ခဲ့တယ်။ ကလေးကိုချီပြီး လှည့်လည်တောင်းရမ်းစားသောက်ရင် ထမင်းတစ်စေ့မျှ မရဘူး။ ကလေး ငယ်ကို တစ်နေရာမှာ ချထားပြီး တစ်ယောက်တည်းလှည့်လည်တောင်းရမ်းရတယ်။ ကလေးငယ်လေးဟာ မ၀ရေစာ စားသောက်နေရတယ်။ ကလေးငယ်လေး လမ်းလျှောက်တတ်တဲ့အရွယ်မှာ မိခင်ဖြစ်သူဟာ ဒဏ်မခံနိုင်တော့တာနဲ့ ကလေးငယ်ကို စွန့်ပစ်ထွက်ပြေးသွားတယ်။

ခွက်တစ်လုံးနဲ့ ကျန်ခဲ့တဲ့ ကလေးငယ်လေးဟာ လိုက်လံတောင်းရမ်းပေမဲ့ ပေးကမ်းစွန့်ကြဲမယ့်သူ မရှိဘူး။ အမှိုက်ပုံတွေ ပေါ်က အကြွင်းအကျန်တွေကိုသာ ရှာဖွေစားသောက်နေခဲ့ရတယ်။ ကလေးငယ်ရဲ့ ၀ဋ်ကြွေးဟာ ကြီးမားလှပါတယ်။

အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးဟာ လမ်းပေါ်မှာ အတွယ်အတာမဲ့နေတဲ့ သနားစရာကလေးငယ်ရဲ့ဘ၀ကို တွေ့မြင်ပြီ၊ သနားကြင်နာတာကြောင့် ရှင်သာမဏေပြုပေးတယ်။ အသက်နှစ်ဆယ်ရောက်တော့ ရဟန်းပြု ပေးပါတယ်။ လောကသတိဿမထေရ် ဘွဲ့အမည်ရတယ်။ ရဟန်းဘ၀ရောက်လာပေမဲ့ ရှေးဘုန်းရှေးကံ အလွန်နည်းတာကြောင့် လာဘ်လာဘ ရှားပါးလွန်းလှပါတယ်။ ဘုရားရှင်တစ်ဆူ တစ်ဆူရဲ့ခေတ်အတွင်း တစ်ကြိမ်သာ ဖြစ်ပေါ်တဲ့ အသဒိသ အလှူတော်ကြီးမှာပင် ၀မ်းဝအောင် အာဟာရကို မစားသုံးခဲ့ရပေ။

ဘယ်လောက်များ အကုသိုလ်ကံ ကြီးမားသလဲဆိုတော့ လောကသတိဿမထေရ် ကို ယာဂုတစ်ဇွန်း လောင်းလှူမည့်သူက မထေရ်ရဲ့ သပိတ်ကို ကြည့်လိုက်တဲ့အခါမှာ သပိတ်တွင်းမှာ ယာဂုတွေ ပြည့်နေတယ်လို့ မြင်ယောင်လာတယ်။ သူကိုမလှူတော့ပဲ အခြားရဟန်းတစ်ပါးကို လှူတယ်။ အမှန်တော့ သပိတ်ထဲမှာ ဘာမျှမရှိသေးဘူး ၊ မသေရုံအာသာပြေကလေး ဘုန်းပေးပြီး အသက်ရှင်သန်နေခဲ့ရတယ်။ အဲဒီမထေရ်ဟာ တရားရှင်ဖြစ်နေပြီ။ ပရိနိဗ္ဗာန် စံဝင်ရတော့မည့် နေ့မှာတော့ မထေရ် အားရတင်းတိမ်အောင် အာဟာရကို စားသုံးစေမယ်လို့ ရှင်သာရိပုတ္တရာက ကြံရွယ်ပြီး၊ သူနဲ့အတူ ဆွမ်းခံကြွတယ်။ လောကသတိဿမထေရ် ကိုပြန်လွတ်လိုက်တယ်။ ရရှိလာတဲ့ ဆွမ်းတွေကို လောကတိဿမထေရ်ဆီပို့ခိုင်းလိုက်တယ်။ ဆွမ်းသွားပို့ သူဟာ မထေရ်ကို မတွေ့ခဲ့ရလို့ မိမိတို့ဖာသာစားပြီးပြန်လာခဲ့ရတယ်။ ဒီလောက်တောင် ကံက ဆိုးလှပါတယ်။

ရှင်သာရိပုတ္တရာ ကျောင်းပြန်ရောက်တဲ့အခါမှာ လောကသတိဿမထေရ် ဆွမ်းမစားရသေးကြောင်း သိလိုက်ရတယ်။ ဆွမ်းစားချိန်လည်း လွန်နေပြီ။ အဲဒီတော့ ရှင်သာရိပုတ္တရာဟာ ကောသလမင်းကြီး ထံသွားပါတယ်။ စတုမဓု အလှူခံတယ်။ ရရှိလာတဲ့ စတုမဓု ပျောက်ကွယ်မသွားရအောင် မိမိလက်နဲ့ ကိုင်တွယ်ပြီး ၊ လောကသတိဿမထေရ်ကို ဘုန်းပေးစေတယ်။

လောကသတိဿမထေရ်အဖို့ တစ်သက်မှာ ဒီတစ်ကြိမ်သာ အရှင်သာရိပုတ္တရာ ရဲ့ ကရုဏာတော်ကြောင့် စတုမဓုအာဟာရကို ရောင့်ရဲတင်းတိမ်အောင် စားလိုက်ရတယ်။ အဲဒီနေ့မှာပဲ ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့ပါတယ်။

တရားထူး တရားမြတ် ရရှိပြီး နိဗ္ဗာန်စံဝင်ရမည့် ရဟန်းတစ်ပါးဖြစ်ခဲ့သော်လည်း အတိတ်ဘ၀က မနာလိုစိတ်၊ ၀န်တိုစိတ်တွေ က ပြန်လည် အကျိုးပေးလာတာကြောင့် လောကသတိဿမထေရ် ဟာ တစ်ကြိမ်တည်းသာ အာဟာရကို တင်းတိမ်ရောင်ရဲ့သည်အထိ ဘုဉ်းပေးသွားခဲ့ရတယ်။ အဲဒီနေ့မှာပဲ ပရိနိဗ္ဗာန်စံဝင်တော်မူ ခဲ့ပါတယ်။

တရားထူးတရားမြတ်ရရှိပြီး နိဗ္ဗာန်စံဝင်ရမည့် ရဟန်းတစ်ပါးဖြစ်ခဲ့သော်လည်း အတိတ်ဘ၀က မနာလိုစိတ်၊ ၀န်တိုစိတ်တွေက ပြန်လည်းအကျိုးပေးလာတာကြောင့် တစ်သက်မှာ တစ်ကြိမ်တည်းသာ အာဟာရကို တင်းတိမ်ရောင်ရဲသည်အထိ ဘုဉ်းပေးသွားခဲ့ရရှာပါတယ်။ (လောကသဇာတ်)

သံသရာမှာ ကျင်လည်နေကြရတဲ့ သတ္တ၀ါတွေအပေါ် ကံတရားက ဆန်းကြယ်စွာ စီရင်နေတယ်ဆိုတာ သိနိုင်ကြပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP