* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, September 23, 2009

ရုပ်နာမ်(၂)ပါး ၏ အကြောင်း


September 23rd, 2009

ရုပ်နာမ်(၂)ပါး၏ အကြောင်း ကိုမပြောခင် ရုပ်နာမ်ကို သေသေချာချာ နားလည်ဘို့လိုပါတယ်။ (ရူပ)ဟူသော ပါဠိကို ရုပ်-ဟု ပါဠိ-မြန်မာ တွဲသုံးကြပါတယ်။ ရုပ်၏ အဓိပ္ပါယ်မှာ (ဖောက်ပြန်ခြင်းသဘော) ဟုဘာသာပြန်ပါတယ်။

ခန္ဓာကိုယ်ကို သိစရာ မျှလောက်သာ ထားပြီး သိရုံလေးသိရင် မငြိမ်မသက်တာ ကို တွေ့နိုင်တယ်။ ထိုဖြစ်စဉ် ပျက်စဉ် မငြိမ်မသက်တာကို ဝိဇ္ဇမာနပညတ်နယ် ဟုခေါ်ပါတယ်။ ထိုဝိဇ္ဇမာနပညတ်နယ် ကို (ဖောက်ပြန်သဘော)ဟုလည်းသုံးကြပါတယ်။

ထိုဖောက်ပြန်သဘောနယ် သည် သတိထားရမည့် (သတိပဋ္ဌာန်နယ်) ဖြစ်ပါတယ်။

ထိုသတိပဋ္ဌာန်နယ် ဖြစ်ပျက်စဉ်ကို သန္တတိပညတ်အစဉ် ဟုလည်းခေါ်ကြပါတယ်။ ထိုသတိပဋ္ဌာန်နယ်မှာ တွေ့ရသော အစဉ်သန္တန် ကို တစ်စက္ကန့်တွင် ကုဋေ ငါးထောင်စိတ်လိုက်ပြီး ထိုအစိတ်ထဲမှ တစ်ခု ၊တစ်စိတ် ဖြစ်ပျက်သဘောမျှသည် ရုပ်ပရမတ်ဖြစ်ပါတယ်။

(ရုပ်)ဟူသော စကားကို စာဖတ်၍ ဖြစ်စေ သူများပြော၍ ဖြစ်စေ ကြားရသောအခါ စိတ်မှာပုံဖေါ်လာခြင်းသည် အဝိဇ္ဇမာနပညတ် ဖြစ်ပါတယ်။ သတိပဋ္ဌာန်အစစ်ဖြစ်လျှင် ဝိဇ္ဇမာနပညတ် နယ်ဖြစ်ပါတယ်။ ထိုနယ် (၂)ပါးသည် ရုပ်အတုဖြစ်ပါတယ်။ ဖြစ်ပျက်သဘောမျှသည် ရုပ်အစစ်ဖြစ်ပါတယ် ရုပ်အစစ် ကို သတိပညာဖြစ်မှ သိလို့ရပါတယ်။

ရုပ်အစစ်ကိုမတွေ့သေးသမျှ ရုပ်အတုများကို အစစ်ထင်ကာ ပညတ်နယ်မှာ ဖြစ်နေကြပါတယ်။အဝိဇ္ဇာဖုံးထားသောကြာင့် ပညာမဖြစ်နိုင်ပါဘူး။

ထိုရုပ်အစစ်၏ အကြောင်းမှာ ပဋိသမ္ဘိဒါမဂ် ပါဠိတော် မှာလာသည့်အတိုင်း

အဝိဇ္ဇာ= အဟုတ်ထင်ခြင်း ၊

တဏှာ=လိုချင်ခြင်း။

ကံ=ပြုလုပ်ခြင်း ၊

အဟာရ=ထောက်ပံ့ခြင်း အားဖြင့် (၄)ပါး ရှိပါတယ်။ ဤ အကြောင်းတရား တစ်ခုမရှိလျှင် ရုပ်တရားမှာ ကိုယ်ပိုင်စွမ်းအား အနှစ်သာရများဖြင့် လုံးဝ မရပ်တည်နိုင်ပါ။ မဖြစ်နိုင်ပါ။ မဖြစ်နိုင်သောသဘော မူလကကို ပါခဲ့သောကြောင့် ဖြစ်နိုင်သော အားမှ ပျက်နေတဲ့ မူလပျက်သဘော သုညသာဖြစ်ပါတယ်။ အနိစ္စ၊ဒုက္ခ၊ အနတ္တ ဟုလည်းဆိုနိုင်ပါတယ်။

ကိုယ်ပိုင် ဖြစ်နိုင်ခြင်း စွမ်းအားမှ ကုန်နေခြင်းကြောင့်အနိစ္စ၊

အကြောင်းဆုံတိုင်းဖြစ်-အကြောင်းကုန်တိုင်း ပျက်သောကြောင့် ဒုက္ခ

ကိုယ်ပိုင် အနှစ်အသားမရှိသောကြောင့်အနတ္တ ဖြစ်ပါတယ်။

ပါဠိစကားမှာ နာမ ဖြစ်ပါတယ်။ ပါဠိ-မြန်မာ တွဲခေါ်ခြင်းသည် နာမ်ဖြစ်ပါတယ်။ မြန်မာသက်သက်ပြန်လျှင် (သိခြင်း) ဖြစ်ပါတယ်။ နာမ် ဟူသောစကားလုံးကို ကြားသိရလျှင် စိတ်ထဲမှာ အကောင် အထည် တစ်ခုခု ထင်လာခြင်းသည် အဝိဇ္ဇမာနပညတ်နယ် ဖြစ်ပါတယ်။သိခြင်းသဘော အစဉ် သန္တန်တစ်ခုခု ထင်လာခြင်းသည် ဝိဇ္ဇမာနပညတ်နယ် ဖြစ်ပါတယ်။

အရှင်ဘုရားကို သင်ပေးထားသော သတိပဋ္ဌာန် အကျင့်မှာ သိတာနှင့် သိစရာ (၂)မျိုးကိုတွေ့ရမယ်။ သိတာ အစဉ်သည် ဝိဇ္ဇမာနပညတ်နယ် တွင်သိရသော နာမ်ဖြစ်ပါတယ်။ သိစရာ-အစဉ်သည် ဝိဇ္ဇမာန ပညတ်နယ် တွင်သိရသော ရုပ် ဖြစ်ပါတယ်။ တရားအားထုတ်ရမှာ ကသိတာနှင့်သိစရာမြဲအောင် သတိပဋ္ဌာန်နယ် မှာ ကြိုးစားအးထုတ် ရမှာဖြစ်ပါတယ်။ သတိပဋ္ဌာာန်နယ် မြဲရင် မြဲသလောက် ပညာ အဆင့်ဆင့် မြင့်လာမှာဖြစ်ပါတယ်။

နာမ်တရား၏ အကြောင်းမှာ -ပဋိသမ္ဘိဒါမဂ်ပါဠိတော် မှာ လာသည့်အတိုင်း

အဝိဇ္ဇာ= အဟုတ်ထင်ခြင်း

တဏှာ= လိုချင်ခြင်း

ကံ=ပြုလုပ်ခြင်း

ဖဿ= အာရုံ၊ဒွါရ တွေ့ထိခြင်း။ ဤ (၄)ပါး ဖြစ်ပါတယ်။ဤ အကြောင်းများ တစ်ခုခု မှရှိလျှင် နာမ်တရားများမဖြစ်နိုင်ပါ။ ဖြစ်လို့မရပါဘူး။

ထိုသိတာ အစဉ် ကို တစ်စက္ကန့်လျှင် ကုဋေ တစ်သိန်းစိတ်ပြီး ထို အစိတ်ထဲမှ တစ်စိတ်သည် (သိပျက်-သဘော) နာမ်တရားအစစ် ဖြစ်ပါတယ်။ပညာဖြင့်သာနားလည် သဘောပေါက် လို့ရပါတယ်။စိတ်ထဲမှာ ပုံဖော်တွေ့ရသော တရားမဟုတ်ပါဘူး။

ထိုသိပျက်သဘောလေးသည် အကြောင်း မပါပဲလုံးဝ ဖြစ်လို့မရပါ။ တစ်ခုတည်း ဖြစ်နိုင်တဲ့အား မူလ ကကို ကုန်ဆုံး ချုပ် ပျက်နေသော သဘောပါနေခြင်းသည် မူလပျက် သုည နယ် ဖြစ်ပါတယ်။ သိတာနှင့် သိစရာကို မြဲအောင်ကြိုးစားပြီး သဘောနယ်။သုညနယ် ပါသော သိစရာ၏ ဘာမှ မဟုတ်ကြောင်းကို နားလည် သဘော ပေါက်နေခြင်းကို ဝိပဿနာတရားအား ထုတ်တယ် လို့ခေါ်ပါတယ်ဘုရား။

သစ္စာ (၄)ပါးဖွဲ့သောအခါမှာ အမှန်တရားကို ဂရုစိုက်နေသော သတိသည် ဒုက္ခသစ္စာဖြစ်ပါတယ်။ ထိုသတိမြဲနေခြင်း လောဘသည် သမုဒယ သစ္စာ ဖြစ်ပါတယ်။ထို ဒုက္ခ၊ သမုဒယ ချုပ်ငြိမ်းရာသည် နိရောဓ သစ္စာဖြစ်ပါတယ်။ထိုသစ္စာ(၃)ပါးကို ပိုင်နိုင်စွာသိမြင်ခြင်းသည် မဂ္ဂသစ္စာဖြစ်ပါတယ်။

ဤ သစ္စာ (၄)ပါး ဖွဲ့ ပုံကို စဉ်းစားကြည့်ပါ။ အရှင်ဘုရားပြောတဲ့ သတိမြဲချင်နေခြင်းကို သမုဒယသစ္စာ ဖွဲ့ထားပါတယ်။

သတိမြဲချင်နေတာဟာ သတိမြဲနေတာ မဟုတ်ပါဘူး။

သတိမြဲနေတာ ဟာလည်း သတိမြဲချင်တာ မဟုတ်ပါဘူး။

မြဲနေသောသတိကို မြဲချင်နေတာ က တားမြစ်နေပါတယ်။ကန့်ကွက်နေပါတယ်။

မြဲချင်လေ မမြဲလေ ဖြစ်နေမှာ ဖြစ်ပါတယ်။

မြဲချင်နေသောစိတ်သည်ပင် နာမ်တရားဖြစ်သောကြောင့် (ဘာမှ မဟုတ်ခြင်းသဘော)ထဲဝင်သွားပါတယ်။

မြဲချင်နေသောစိတ်ကို (ဘာမှမဟုတ်ဘူး) ဟုရှုနိုင်၊သိနိုင်လျှင် သတိမြဲသွားမှာ ဖြစ်ပါတယ်။

ဘာစိတ်ဘဲပေါ်ပေါ် အရှုခံပေါ် လာခြင်းဖြစ် သောကြာင့် သတိရတိုင်းသာရှုပွားပါဘုရား။အဆင်ပြေ သွားပါလိမ့်မယ်ဘုရား။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP