* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, September 23, 2009

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၁၃)

ဒိဋ္ဌလောက

ဒိဋ္ဌလောကဟူသည်ကား အဘယ်သို့ နည်း။

အထက်ပါ ဥဒါဟရုဏ်၌ ၀န်ကြီးသည် ၄င်း၏နေအိမ်အတွင်း ဆိုဖာပေါ်၌ထိုက်လျက် ဆေးလိပ်သောက်နေသည်ဟု ဆိုခဲ့သည် မဟုတ်ပါလော။ ထိုအခိုက်တွင် လမ်းပေါ်မှ ကားသွားသံနှင့် ဟွန်းသံများ ကြားကောင်းကြားပေလိမ့်မည်။ နောက်တခဏတွင် ကားသံရော၊ ဟွန်းသံပါ (သူ သတိပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ) ကုန်ဆုံးကွယ်ပျောက် သွားကြပေလိမ့်မည်။ သူ၏ စပယ်နီယယ် ခွေးကလေးတက်လာသည်ကို မြင်လိုက်ရ၍ သူ၏ခြေသလုံးကို ပွတ်သီးပွတ်သပ် လုပ်ခြင်းကြောင့် ရူပါရုံထိခိုက်ခြင်းနှင့် ဖောဋ္ဌဗ္ဗရုံ အတွေ့ သဘောတို့  (သူ သတိပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ) ဖြစ်ပေါ်ပြီး ကွယ်ပျောက်ကုန်ဆုံးသွားကြပေလိမ့်မည်။ ဆေးလိပ်ကို ဖွာလိုက်သည့်အခါ ဖြစ်ပေါ်လာသော ရသာရုံနှင့် ဆေးလိပ်မှထွက်သော မီးခိုးငွေ့ များသည် အထက်သို့ တလိပ်လိပ်တက်ခြင်းကို မြင်ရ၍ (သူသတိပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ) ကုန်ခန်းကွယ်ပျောက်သွားပေလိမ့်မည်။ စားပွဲပေါ်ရှိ ပန်းစိုက်ကရားထဲမှ နှင်းဆီပန်းရနံ့ သည် သူ၏နှာဝသို့  တစ်ချက်တစ်ချက်တိုးဝင်၍ မွှေးကြိုင်သော ဂန္ဓာရုံကို ခံစားရပေလိမ့်မည်။ ထို့ နောက် လေမသင့်ပြန်သဖြင့် ကွယ်ပျောက်သွားပေလိမ့်မည်။ ထိုင်လျက်ရှိသော ဆိုဖာကြီး၏ နူးညံ့သော အ၀တ်ခင်းနှင့် စပရိန်တို့ ၏ ပျော့အိသော အတွေ့ ကို (သတိပြုမိတိုင်း) ခံစားခွင့်ရှိပေလိမ့်မည်။ သတိမပြုမိသော အခါ၌ ခံစားသောဝေဒနာသည်လည်း ကွယ်ပျောက်ကုန်ဆုံးသွားပေလိမ့်မည်။ ၀န်ကြီး၏ “ဒိဋ္ဌလောက” ၌မူကား ပန်းစည်းဆက်သော အမျိုးသမီးကလေးများလည်း မရှိ။ ပမာမခန့် ရေးသော အယ်ဒီတာလည်း မရှိ။ သောင်းသောင်းဖြဖြ ကြိုဆိုကြသော ပရိတ်သတ်လည်း မရှိချေ။ အကယ်၍ ထိုဝန်ကြီးသည် “အိပ်မက်လောက” ထဲ၌ မနေမူ၍ “ဒိဋ္ဌလောက” ထဲ၌သာ နေမိပါမူ အယ်ဒီတာအပေါ်၌ ဒေါပွသောစိတ်လည်း ဖြစ်စရာမရှိ။ ငါလုပ်ချင်တိုင်း လုပ်နိုင်ပြီဟု အထင်ရောက်သော မာနသဘောလည်း ၀င်လာနိုင်ခွင့် ရှိလိမ့်မည် မဟုတ်ချေ။

လက္ခဏာတင်နိုင်ခြင်း

အကြင် ယောဂီပုဂ္ဂိုလ်သည် “ဒိဋ္ဌေဒိဋ္ဌမတ္တံ” ဟူသော ဗုဒ္ဓ၏ သြ၀ါဒအတိုင်း လိုက်နာကျင့်သုံးသောအခါတွင် ၄င်း၏စိတ်သည် အိပ်မက်လောကထဲ၌ မျော၍မပါတော့ဘဲ (အချိန်အပိုင်းအခြားနှင့် ဖြစ်စေ) ဒိဋ္ဌလောက၌ နေဖို့ ကြိုးစားရလေတော့သည်။ ယင်းသို့ ကြိုးစားရာ၌ လက်ငင်းအချိန်ကာလနှင့် “ဤနေရာ ဤဌာန” အပေါ်၌သာ (now & here) စိတ်ကိုထိန်းထားနိုင်သည့်အခါ အသစ်အသစ်ဖြစ်ပေါ်လာသော အခြင်းအရာကလေးများသည် နောက်တခဏတွင် ကုန်ဆုံးပျောက်ကွယ်တတ်သော သဘောကို ကြာလေမြင်လေ ဖြစ်လာပေလိမ့်မည်။ တစ်ခါတစ်ရံ အလိုမကျမှုတည်းဟူသော ဒေါမနဿဖြစ်ရာမှ သတိရ၍ ဒိဋ္ဌလောကထဲသို့  ပြန်ဝင်လိုက်သောအခါ ဒေါသစိတ်ပျောက်ကွယ်သွားခြင်းကို တွေ့ ရမည့်ပြင် ခုနက ဖြစ်ခဲ့မိသော ဒေါသစိတ်သည် ဘယ်ဆီသို့ ရောက်သွား၍ ဘယ်နေရာ ဘယ်ဌာန၌ စုပုံလျက်ရှိလေသနည်းဟူသည်ကို ရှာဖွေရင်း၊ စုပုံလျက်မရှိခြင်းကို သိခြင်းဖြင့် တစ်ဆင့်တက်၍ ရင့်ကျက်သောစိတ် ဖြစ်လာနိုင်သည်။ တောင်တောင်အီအီ စဉ်းစားခြင်းမဟုတ်ဘဲ၊ ဒိဋ္ဌလောကထဲမှ ပေါ်ထွက်လာသည့် အနိစ္စသဘော၊ အနတ္တသဘော စသည်ဖြင့် အလျဉ်းသင့်သလို ဆင်ခြင်သုံးသပ်ခြင်းကို သမ္မာသင်္ကပ္ပ ဟု ခေါ်ဆိုရပေလိမ့်မည်။ လက္ခဏာရေးသုံးပါးကို ပါးစပ်မှ ရွတ်ဆို၍ စိပ်ပုတီးအပတ်တစ်ထောင် စိပ်ခြင်းအားဖြင့် ရုပ်၏ အနိစ္စသဘော၊ စိတ်၏ အနတ္တသဘော စသည်ကို တစ်ကြိမ်တစ်ခါမျှပင် ထိုးထွင်းသိမြင်ဖို့  ခဲယဉ်းပေလိမ့်မည်။


(ဆရာကြီးရွှေဥဒေါင်း ၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် တင်ပြီးသမျှ အတွဲ (၁) မှ ယခုအထိ ဖတ်လိုလျင်)


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP