* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, September 7, 2009

တရားအားထုတ်စရာမလိုဘဲ စိတ်ကောင်းထားရင်ရပြီလား

အမေး။ ။ဘုန်းဘုန်းဘုရား….ဘာသာခြားတစ်ယောက်က “ စိတ်ကောင်းထားတယ်ဆိုရင် တရားအားထုတ်စရာမလိုဘူး။ စိတ်ကောင်းတယ် ဆိုပြီးတာပဲ၊ ဒါနဲ့် စိတ်ကောင်းတယ်ဆိုတာ နင်သိလား” လို့ မေးပါတယ်။ တပည့်တော်က “ စိတ်ကောင်းတယ်ဆိုတာကုသိုလ်ပေါ့” လို့ ပြန်ဖြေတော့ သူက “ကုသိုလ်ဆိုတာ ဘာကို ခေါ်တာလဲ” လို့ မေးပါတယ်။ ဒီမေးခွန်းကို တပည့်တော် မဖြေနိုင်ဘူးဘုရား၊ ဒီလိုပဲ ဗုဒ္ဓဘာသာ ၀င်လူငယ်ရော လူကြီးပါ အများစုက ကုသိုလ်ဆိုတာ ကောင်းတာလောက်ပဲ သိတယ်၊ ဒါကြောင့် တပည့်တော်အပါအ၀င် အားလုံးသိအောင် “ကုသိုလ်”ဆိုတဲ့ အဓိပ္ပါယ်ကို ဖြေကြားပေးတော်မူပါဘုရား။
မစုမြတ်စန္ဒီ
ဝါးခယ်မ

အဖြေ။ ။ကုသိုလ်ဆိုတာ ဘာကိုခေါ်တာလဲ ဆိုတာကို မဖြေသေးမီ စိတ်ကောင်းထားရင် တရားအားထုတ်စရာမလိုဘူးလို့ ပြောတဲ့စကားက ပိုအရေးကြီးလို့ ပြောရဦးမယ်။ ဒါက အပေါ်ယံ ကြည့်ပြီး ပြောလိုက်တဲ့စကားဖြစ်တယ်။ တကယ်က အားထုတ်စရာမလိုဘူး၊ လုပ်စရာမလိုဘူး ဆိုတဲ့ အယူအဆတွေဟာ အကရိယ၀ါဒတွေပါ။ ဘုရားရှင်ဝါဒမှာ မလုပ်ရင် ဘာမှ မရလာနိုင်ပါဘူး၊ လုပ်မှ ရမှာပါ။ စိတ်ကောင်းထားပါပြီတဲ့ လောဘ ဒေါသ အားကြီးနေမယ်ဆိုရင် မဟုတ်သေးဘူး၊ စိတ်ကောင်းလည်း ရှိရမယ် လောဘ ဒေါသ စတဲ့ ကိလေသာများ နည်းအောင်၊ ပါး အောင်၊ ကင်းအောင်လည်း လုပ်ရမယ်၊ ဒီအတွက် သီလ၊သမာဓိ၊ပညာဆိုတဲ့ ဘုရားရှင်အဆုံးအမတွေ အထူးလိုအပ်ပါတယ်။ သီလ၊သမာဓိ၊ပညာဆိုတာ မဂ္ဂင်အကျင့်တွေပါ။
ဘုရားရှင်က “မဂ္ဂင်ရှစ်ပါး အကျင့်ရှိတဲ့ ငါဘုရားသာသနာမှာ သာလျှင် ကိလေသာ ငြိမ်းအေးနိုင်တဲ့ သမဏ ဆိုတာ ရှိတယ်” လို့ သုဘဒ္ဒပုရပိုဇ် ကို မိန်တော်မူထားတာ ရှိပါတယ်။ ဆိုလိုတာက အားထုတ်မှုအပိုင်းမပါဘဲ စိတ်ကောင်းထားရုံမျှနဲ့ ကိလေသာ မကင်းနိုင်သေး၊ ဘူးဆိုတာပဲ။ ဒါကြောင့် စိတ်ကောင်းထားရုံနဲ မပြီး၊ ဒါန၊သီလ၊ဘ၀နာစတဲ့ အားထုတ်မှုအပိုင်းလည်း လိုသေးတယ်ဆိုတာပါပဲ။
နောက်တစ်ခုက ကုသိုလ်ရဲ့ အဓိပ္ပါယ်ကို ပြောပါ့မယ်။ ကုသိုလ်ဆိုတာ….
ကုသလာ ဓမ္မာ
အန၀ဇ္ဇ သုခ၀ိပါက လက္ခဏာ - အပြစ်မရှိခြင်း၊ ကောင်းသောအကျိုးကိုပေးခြင်း လက္ခဏာ နှစ်ပါးနဲ့ ပြည့်စုံသော၊ ဓမ္မာ -နိသတ္တနိဇ္ဇီ၀သဘာဝါ- သတ္တလည်းမဟုတ်၊ ဇီဝလည်းမဟုတ်ကုန်သော သဘောတရားတို့သည်၊ သံဝိဇ္ဇန္တိ- ရှိကုန်၏။ အဓိပ္ပါယ်က….
ကုသိုလ်တရားဆိုတာ အပြစ်ကင်းတဲ့လက္ခဏာကတစ်ပါး၊ ချမ်းသာတဲ့အကျိုးကို ပေးခြင်းလက္ခဏာကတစ်ပါး၊ ထိုလက္ခဏာနှစ်ပါးနှင့်ပြည့်စုံရင် ‘ကုသိုလ်’ လို့ခေါ်ပါတယ်။ အပြစ်ကင်းရမယ်ဆိုတာ (အသက်ကောင်လည်းမဟုတ် သတ္တ၀ါကောင်လည်းမဟုတ်တဲ့) စိတ်မှာ ကင်းရမှာပါ။ စိတ်ထဲမှာ လောဘအပြစ်၊ဒေါသအပြစ်စတာတွေ ကင်းနေရပါမယ်၊ ထိုကိလာသာတွေ ကင်းနေတဲ့ စိတ်ဟာ အနှောင်အဖွဲ့ကင်းပြီး ချမ်းသာနေပါတယ်။ ဒါကိုပဲ “ကုသိုလ်” ခေါ်တယ် ဆိုတာ ဖြေကြားပေးလိုက်ပါတယ်။

« ပြန်ခေါက်ထားရန်



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP