၇.၉.၂၀၀၉ ရက်နေ့ဆွမ်းလောင်းပွဲ
ယနေ့သံဃာအပါး ၆၀၀ ကျော်ကြွပါတယ်။
မနက် ၄နာရီလောက်မှစ၍ သံဃာတော်များကြွချီတော်မူလာကြပါတယ်။
ဆွမ်းစလောင်းချိန်ကတော့ ၅ နာရီမှာ စတင်လောင်းလှူပါတယ်။ဝေယျာဝစ္စအဖွဲ့အတွက် ချက်ပြုတ်ရေးအတွက်
မန္တလေးမြို့မှဒါယကာကိုထက်မှ (၄)ယောက်စေလွတ်ပေးပါတယ်။မနက်ဆွမ်းလောင်းရာမှာ ကုသိုလ်ယူကြတဲ့ ကုသိုလ်ရှင်များကတော့
စစ်ကိုင်းမြို့မှ မစရဏမဉ္စူရီ တို့ညီအမများ နှင့်ဒါယကာကိုကျော်စိုးအောင်၊ ကိုဇော်ဇော်အောင်၊ကိုဇော်ထွေးဦး တို့ဖြစ်ကြပါတယ်။ သံဃာတော်များ
အတွက်အုပ်ချုပ်ရေးတာဝန်ယူပေးကြတာကတော့ ဦးသုဇာတ၊ဦးကောဝိဒ(သုံးခွကျောင်းတိုက်)၊နှင့် ဦးဇင်းတို့မှတာဝန်ယူကြီးကြပ်ပေးကြပါတယ်။
ပဲနှင့်သရက်ချဉ်သုပ် များကတော့အစောကြီးကုန်သွားပါတယ်။ ၀က်သားနှင့်ဖရုံသီးဟင်း၊ ငါးခြောက်နှင့်ငရုတ်သီးကြော်တို့လောက်ငှပါတယ်။
မန္တလေးမြို့သဗ္ဗသုခ ဆွမ်းလောင်းအသင်းမှ ကိုထက်နှင့်ကိုဖြိုးတို့မှတဆင့် ဆန်တစ်အိတ်ကိုစနေနေ့မှာလှူဒါန်းထားခဲ့ပါတယ်။ သံဃာတော်များ
တဖြည်းဖြည်းများပြားလာပါတယ်။ လိုအပ်ချက်များကိုတော့ “ကိုပီကေ”ဖြည့်ဆည်းပေးနေပါတယ်။မုန့်ဟင်းခါးကပ်တဲ့အစီအစဉ်ကတော့ အလှူရှင်မရှိသေးတာနဲ့ဝေယျာဝစ္စအဖွဲ့လည်းမလုံလောက်မှုတွေဖြစ်နေတာနဲ့ခဏ နားထားရပါတယ်။ အဓိကကတော့ ဝေယျဝစ္စ အဖွဲ့လုံလောက်
ဖို့အတွက် ဦးဇင်းတို့ကြိုးစားကြရပါမယ်။ မိုးရွာတဲ့အချိန်ဆိုရင်ပိုပြီး ခက်ပါတယ်။

0 comments:
Post a Comment